ထွန်းအိန္ဒြာဗိုကတော့ သူ့ရဲ့တဦးတည်းသော အသက် ၁၄ နှစ်အရွယ် သားလေးရဲ့ ဝါသနာနဲ့ အားကစား လုပ်ဖြစ်တဲ့ အကြောင်းအရာတွေကို အခုလိုပဲ ပြောပြထားပါတယ်။
“သားသားကအခု ၁၄ နှစ်နဲ့ ၁၀ လ ရှိပြီ။ နာမည်က အောင်ဗိုကောင်းသန့်ပါ။ Grade 9 တက်နေတယ်။ အွန်လိုင်းကနေပဲ ကျောင်းတက်ပါတယ်။ သားသားကိုတော့ သူ့အဖေက ငယ်ငယ်ကတည်းက လူတယောက်အနေနဲ့ အားကစားတခုကို ရွေးချယ်ရမယ်ဆိုတော့ Golf အားကစားကို ရွေးချယ်စေခဲ့တယ်။ လူတယောက်အတွက် စိတ်ဓာတ် ကြံ့ခိုင်ဖို့ရော၊ ရုပ်ကြံ့ခိုင်ဖို့ရောအတွက် အာကစားတခု လုပ်ဖို့ လိုတယ်ဆိုတဲ့ အသိနဲ့ ရွေးချယ်ခဲ့တယ်။ ဒီအားကစားကကျတော့ ကလေးငယ်ပိစိကနေ အရွယ်လွန်တဲ့အထိ ကစားလို့ရတယ်” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
အခုလတ်တလောတော့ ကိုဗစ်ကြောင့် ကျောင်းတွေ မတက်ရဘဲ အွန်လိုင်းကနေသာ စာသင်နေတဲ့သားဖြစ်သူ Golf ရိုက်လေ့ကျင့်ဖို့သွားတဲ့အချိန်တိုင်း လိုက်သွားဖြစ်တယ်လို့ ဆိုပါတယ်။
“အခု သားသားကတော့ ကျောင်းကလည်း သွားစရာ မလိုဘူး။ အွန်လိုင်းကပဲ သင်နေတာ ဆိုတော့ လေ့ကျင့်ဖို့ကိုတော့ နေ့တိုင်းလုပ်တယ်။ ကျမက လမ်းလျှောက်ဖြစ်အောင် သူနဲ့လိုက်ဖြစ်တာတော့ ရှိတယ်” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
သားဖြစ်သူဟာ အနုပညာနဲ့ ပတ်သက်လို့ သီချင်းတွေကို ကြိုက်ပေမယ့် အဆိုတော်ဖြစ်ဖို့ အရည်အချင်း မပြည့်ဘူးလို့ ဆိုပါတယ်။
“သူက အနုပညာနဲ့ ပတ်သက်ရင်တော့ သီချင်းတွေတော့ ကြိုက်တယ်။ သူကိုယ်တိုင်ဆိုတာတော့ သိပ်မကောင်းလှဘူး။ ကီးကောင်းကောင်း နိုင်တယ်။ Timing ကောင်းကောင်းနိုင်တယ်။ မယ်လိုဒီကောင်းကောင်း ရတယ်။ နုတ်တွေလည်း ကောင်းကောင်း ရတယ်။ သူက အနိမ့်သံတွေပဲ ရပြီး အမြင့်သံတွေ ကောင်းကောင်း မဆိုနိုင်ဘူး။ အဆိုတော်ဖြစ်ဖို့တော့ သိပ်အရည်အချင်း မပြည့်ပါဘူး” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
ထွန်းအိန္ဒြာဗို ကိုယ်တိုင်အနေနဲ့ ရောဂါတွေ ကင်းသွားတဲ့ အချိန်ကျရင် တကိုယ်တော် Live Show ပြုလုပ်ပြီး ပရိသတ်ကို ဖျော်ဖြေချင်သေးတယ်လို့လည်း ပြောပါတယ်။
အဆိုပါ အကြောင်းအရာတွေကိုတော့ ထွန်းအိန္ဒြာဗိုက သူ့ရဲ့ Facebook Page မှာ Live လွှင့်ပြီး ပရိသတ်များ သိလိုတာတွေကို ပြန်လည် ဖြေပေးခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“မြေးလေးကို အလုပ်နဲ့ ပတ်သက်ပြီး လေးစားဖို့ သင်ပေးတယ်”လို့ ချိုပြုံး ပြော
“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ
Live ယှဉ်ပြိုင်မှုအတွက် ပရိသတ်ကြိုက်မယ့် သီချင်း ရွေးချယ်ထားတဲ့ ခင်ရတနာစိုး