Entertainment

ပရဟိတကိစ္စအတွက် အပြာဝက်ဘ်ဆိုက်ထဲ ရောက်လာတဲ့ မိုက်ကယ်ဘီဂျော်ဒန်

Want create site? Find Free WordPress Themes and plugins.

မင်းသား မိုက်ကယ်ဘီဂျော်ဒန်ဟာ ပရဟိတကိစ္စအတွက် အပြာဝက်ဘ်ဆိုက် OnlyFans နဲ့ ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် မင်းသားဟာ မကြာသေးခင်တုန်းက People မဂ္ဂဇင်းရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး သက်ရှိထင်ရှားအမျိုးသားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူက ဝင်ကြေးပေးပြီး ကြည့်ရှုရမယ့် အပြာဝက်ဘ်ဆိုက်နဲ့ ပူးပေါင်းဖို့ စီစဉ်ထားပြီး အဲ့ဒီဆိုက်ထဲမှာ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်အလှ ဓာတ်ပုံတွေကို အခကြေးပေးငွေ ပေးပြီး ကြည့်ရှုနိုင်မှာဖြစ်ပြီး သူ့အကောင့်ထဲကနေ ရရှိလာတဲ့ ငွေတွေကို အားလုံးကို ကျောင်းရန်ံပုံငွေအဖြစ် လှူဒါန်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Jimmy Kimmel Live! အစီအစဉ်မှာ ပါဝင်ခဲ့စဉ် မင်းသားက “ကျနော် ကိစ္စတခုကို စတင်တော့မှာပါ။ ကျနော် ရရှိတဲ့ ငွေကြေးအားလုံးကို ဆံပင်ညှပ်သင်တန်းကျောင်း ရန်ပုံငွေဆီ ထည့်မှာပါ။ ဒါပေမဲ့ အခုက Quarantine ကာလဆိုတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေ အများကြီး ပိတ်ထားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသား မိုက်ကယ်က သူ့ရဲ့ OnlyFans အကောင့်ကို Quarantine ကာလမှာ ထားခဲ့တဲ့ သူ့ရဲ့ နှုတ်ခမ်းမွေးအတွက် ရည်ရွယ်ပြီး “Murphy” လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။

OnlyFans အကောင့်ကို မကြာမီမှာ လွှင့်တင်တော့မှာလားဆိုတဲ့ မေးခွန်းကိုတော့ သူက “ဟုတ်ပါတယ်” လို့ အတည်ပြုထားပါတယ်။ မျက်နှာပေါ်က အမွေးအမျှင်တွေနဲ့ ပတ်သက်လို့တော့ သူက “ကျနော်က တနေရာတည်းမှာ ထိုင်ပြီး ကျနော့်ရဲ့ အမွေးအမျှင်တွေကို ပြင်ဆင်ခြယ်သဖို့ တခုခု လုပ်ဖို့ အရင်က အချိန်မရှိခဲ့ဘူး။ ဒါကြောင့် ဒီ Quarantine ကာလတွင်းမှာ ကျနော် အမွေးအမျှင်တွေကို ဘယ်လောက်တောင် ရှည်အောင်ထားနိုင်မလဲဆိုတာ ကြည့်ချင်ခဲ့တယ်” လို့ ဆိုပါတယ်။

Black Panther မင်းသား မိုက်ကယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ People မဂ္ဂဇင်းရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး သက်ရှိထင်ရှားအမျိုးသား အဖြစ် သတ်မှတ်ခံခဲ့ရပြီး အခုလို သတ်မှတ်ခံရတာ ကောင်းမွန်တယ်လို့ သူက ဆိုပါတယ်။ မင်းသားရဲ့ မိသားစုဝင်ထဲက အမျိုးသမီးတွေကတော့ အခုလိုမျိုး အသိအမှတ်ပြုခံရတာနဲ့ ပတ်သက်ပြီး တော်တော်လေးကို ဂုဏ်ယူနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အဘွားဆိုရင် အဲ့ဒီမဂ္ဂဇင်းရဲ့ “Sexiest Man Alive” အကြောင် းပါဝင်တဲ့ စာအုပ်ကို စုဆောင်းလေ့ရှိသူလို့ ဆိုပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading