The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ခင်ရတနာစိုးက သူ့အပေါ် မိသားစုဝင်တွေက လိုအပ်တာတွေ ဖြည့်ဆည်းပေးတယ်လို့ ဆိုပါတယ်။
“ညီမ မိသားစုတွေကတော့ လိုအပ်တွေ အကုန် ဖြည့်ဆည်းပေးတယ်။ အမေဆိုရင်လည်း ဘာလိုအပ်လဲ ဖုန်းဆက်မေးတယ်။ အမျိုးသားဆိုလည်း သုံးစရာရှိလား၊ ပိုက်ဆံတွေ လှမ်းလှမ်းပို့ပေးတယ်။ ပို့တာပဲ ရှိတာ။ Camp ဝင်တဲ့နေရာမှာ အကုန်ရှိတော့ အဆင်ပြေတယ်။ ပြိုင်ပွဲပြိုင်နေတုန်း Voting နံပါတ်ကို နယ်ဘက်က သိပ်မသိတော့ Voting နံပါတ် သိရအောင် လက်ကမ်းလေးတွေနဲ့ လိုက်ဝေပေးတယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
သီချင်းဆိုတဲ့အပိုင်းမှာလည်း မိခင်ဖြစ်သူက အကြံပေးပြီး ခေတ်သီချင်းပိုင်းမှာတော့ အမှားပါမှာ စိုးတာကြောင့် သိပ်မပြောဘူးလို့ ဆိုပါတယ်။
“ညီမက စင်ပေါ်ရောက်ရင် ကြောက်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ မေမေက ပြောတယ်။ ခေတ်သီချင်းပိုင်းနဲ့ ပတ်သက်ရင် မေမေက အမှားပါမှာစိုးလို့ သိပ်မပြောဘူး။ အခု မနီက ဘယ်လိုဆို ဘယ်လိုကိုင် သင်ပေးတယ်။ မနီရဲ့ သင်ကြား ပြသမှုအောက်မှာလည်း ညီမတို့ ရှိနေတယ်။ တခြားအဆိုတော်ကြီးတွေ ဘယ်လိုဆိုလဲဆိုတာလည်း လေ့လာတယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
ဝေဖန်မှုတွေကို လက်ခံတယ်ဆိုတဲ့ ခင်ရတနာစိုးက တိုက်ခိုက်တာကိုတော့ မမြင်ချင်ယောင်ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
“ညီမကို မကောင်းပြောရင် ညီမ မဖတ်ဘူး။ Cele တောင် မဟုတ်သေးဘူး။ သူ့အကြောင်းတွေပဲ တင်နေတယ်၊ မျက်စိနောက်လာပြီလို့ ပြောခံရတယ်။ မမြင်ချင်ယောင်ဆောင်ထားတာတောင် Screenshot ရိုက်ပြီး လာပြတယ်။ နောက်မပို့ပါနဲ့ မေတ္တာရပ်ခံထားရတယ်။ ညီမက အေးဆေးပဲနေတယ်။ သည်းခံပြီး အဆင်ပြေအောင် နေရတယ်။ သည်းမခံနိုင်တော့လည်း ပေါက်ကွဲပြီး ငိုတာပေါ့”
“အတတ်နိုင်ဆုံးတော့ မမြင်အောင်နေတယ်။ မကြည့်ဘူး။ ညီမက ဝေဖန်တာကိုတော့ လက်ခံတယ်။ လိုအပ်ချက်တွေကို ပရိသတ်တွေက ထောက်ပြပေးကြတယ်။ ပရိသတ်တွေ ဝေဖန်မှလည်း ကိုယ့်လိုအပ်ချက်တွေ သိရတာကြောင့် ဝေဖန်တာကို လက်ခံတယ်။ ယူသင့်တာကို ယူတယ်။ တိုက်ခိုက်တာကိုတော့ မမြင်ချင်ယောင်ဆောင်လိုက်တယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
“The Voice Myanmar Season 3” ပြိုင်ပွဲဝင် ခင်ရတနာစိုးကတော့ မြန်မာသံ သီဆိုမှုမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး နောက်လာမယ့် အပတ်များမှာတော့ Live သီဆို ယှဉ်ပြိုင်မှုကို ပါဝင် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
အိမ်မှာနေတာ များပေမယ့် ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သရုပ်ဆောင် နေလင်း
ဖောင်ကြီးနဲ့ ဧရာဝတီ ကိုဗစ်စင်တာတို့ကို သိန်း ၂၀၀ ကျော် လှူဒါန်းခဲ့တဲ့ နေခြည်ဦး
တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်