Entertainment

ကိုရီးယားဒရာမာအဖြစ် ပြန်လည် ပုံဖော်မယ့် စပိန်မှုခင်းစီးရီး “Money Heist”

လက်ရှိ Netflix မှာ ပြသနေတဲ့ စပိန်မှုခင်းစီးရီး “Money Heist” ကို ကိုရီးယား ဒရာမာအဖြစ် ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

“La Casa De Pape” (The House Of Paper) လို့ မူရင်းတုန်းက နာမည်ပေးထားတဲ့ အဲ့ဒီစပိန်စီးရီးဟာ စပိန်တော်ဝင်ဘဏ်ကို ဝင်ရောင်စီးနင်းမှုကို လုပ်ဆောင်မယ့် “ပရော်ဖက်ဆာ”လို့ လူသိများတဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်သား ဦးဆောင်တဲ့ ဓားပြအဖွဲ့တဖွဲ့ အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဉာဏ်ကြီးရှင် ရာဇဝတ်သားတယောက်ရဲ့ ညွှန်ကြားမှုအောက်မှာ စွမ်းရည်မျိုးစုံရှိတဲ့ အဖွဲ့တဖွဲ့နဲ့ အလားတူ ဆင်တူတဲ့ ဇာတ်လမ်းမျိုးကိုပဲ ပုံဖော်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာ ဇာတ်အိမ်တည် ရိုက်ကူးမှာ ဖြစ်ပါတယ်။

အဲ့ဒီ ပြန်လည် ရိုက်ကူးမယ့် ကိုရီးယား ဒရာမာကို “Son: The Guest” နဲ့ “Voice” တို့လို သည်းထိတ်ရင်ဖို ဒရာမာတွေရဲ့ ဒါရိုက်တာ ကင်ဟွန်ဆွန်းက ကိုင်တွယ်မှာ ဖြစ်ပါတယ်။ “Psychopath Diary” ဒရာမာကို ရေးသားခဲ့တဲ့ ရူယုံဂျယ်နဲ့ အဖွဲ့က ဇာတ်ညွှန်းကို ရေးသားပေးမှာ ဖြစ်ပါတယ်။

မူရင်း စပိန်စီးရီးမှာတော့ ဝင်ရောက် စီးနင်းကြမယ့် အဖွဲ့ဝင်တဦးချင်းစီဟာ လိုက်လံရှာဖွေမှုကို ရှောင်ရှားဖို့အတွက် တိုကျို၊ ဘာလင်၊ မော်စကို၊ နိုင်ရိုဘီနဲ့ အော်စလိုမြို့တို့လို ကမ္ဘာတဝန်းမှာရှိတဲ့ မြို့နာမည်တွေကို ပေးထားကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ စီးနင်းမှုတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ အနီရောင်တောက်တောက် ခေါင်းစွပ်အကျီနဲ့ Salvador Dali နှာခေါင်းစည်းတွေကို တပ်ထားကြတာ ဖြစ်ပါတယ်။

အဲ့ဒီ ကိုရီးယားဒရာမာမှာ ပါဝင်ကြမယ့် သရုပ်ဆောင်စာရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းတုန်းက ကိုရီးယားမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ မင်းသမီး ဂျောင်ယွန်ဆောက တိုကျို ဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းချက်ကို လက်ခံထားတယ်လို့ သိရပါတယ်။

Money Heist ရဲ့ အမှုဆောင်ထုတ်လုပ်သူ Álex Pina က “နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက်မှာ ကိုရီးယားက Content တွေဟာ နိုင်ငံတကာ စည်းဘောင်တွေကို ကျော်လွန်ခဲ့ပြီး ပြိုင်ဘက်ကင်းတဲ့ ပုံစံ၊ ယဉ်ကျေးမှုနဲ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုတော့ Money Heist လာခဲ့ပါပြီ။ ဒါကြောင့် Money Heist ကို ကိုရီးယားဗားရှင်းအနေနဲ့ ဖန်တီးမယ့်ဖြစ်နိုင်ချေက ကျနော်တို့ကို ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်”

“ကိုရီးယားကျွန်းဆွယ်ကို နောက်ခံထားပြီး ပုံဖော်မယ့် ဒီအကြောင်းအရာက ဘယ်လို ဖြစ်လာမယ်ဆိုတာကို စောင့်ကြည့်ဖို့ ကျနော် စိတ်လှုပ်ရှားနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

Ref:cnalifestyle

Loading