Entertainment

“နို့ဘီလူး” ရုပ်ရှင် နိုင်ငံတကာမှာ ဆုများရရှိရန် ထပ်မံ ယှဉ်ပြိုင်သွားမည်

Want create site? Find Free WordPress Themes and plugins.

အကယ်ဒမီ လူမင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားဟာ ရုရှားနိုင်ငံ၊ ဘူတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်များမှာ ထူးချွန်ဆုများ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ ကျင်းပတဲ့ Eurasia International Monthly Film Festival မှာ “နို့ဘီလူး” ရုပ်ရှင်ကားနဲ့ အကယ်ဒမီ လူမင်းက Best Director Winner ဆု ရရှိခဲ့ပြီး ဘူတန်နိုင်ငံမှာ ထူးချွန်ဆု ၄ ဆု ၊ အိန္ဒိယမှာ ထူးချွန်ဆု ၅ ဆုတို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

“အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ကျင်းပတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော် 6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တွင် Best Director Winner အကောင်းဆုံးဒါရိုက်တာဆုရှင်အဖြစ် လူမင်းအား ရွေးချယ်ချီးမြှင့်ခံရပါတယ်” လို့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ မော်စကိုမှာ ထပ်မံကျင်းပမယ့် Eurasia Festival live screening event ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအတွက်လည်း ဆန်ခါတင် Nominee အဖြစ် ဆက်လက် ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။

“ယခု ရုရှားနိုင်ငံတွင် ရရှိခဲ့သောဆုမှာ နိုင်ငံတကာမှ ရုပ်ရှင်ကားများစွာနှင့် ယှဉ်ပြိုင်ပြီး ဂုဏ်ယူစွာဖြင့် ရရှိခဲ့သော နို့ဘီလူးရုပ်ရှင်အတွက် တတိယအကြိမ်မြောက် ဆုဖြစ်ပါသည်။ ဘူတန်နိုင်ငံတွင် ထူးချွန်ဆု ၄ ဆု ရရှိခဲ့သည့်အပြင် အိန္ဒိယနိုင်ငံတွင်လည်း ထူးချွန်ဆု ၅ ဆု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ နို့ဘီလူးရုပ်ရှင်အတွက် အကောင်းဆုံးဒါရိုက်တာဆု ကို ထပ်မံချီးမြှင့်ခံရသည့်အတွက် အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးအနေဖြင့် လွန်စွာ ဂုဏ်ယူ ပီတိ ဖြစ်ရပါတယ်။ ဆက်လက်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးများမှာ ဆုများ ထပ်မံ ရရှိနိုင်ရန် ကြိုးစားယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အခုလို “နို့ဘီလူး”ရုပ်ရှင်ဇာတ်ကား ဆုရရှိခဲ့တဲ့ ရုပ်ရှင်ပွဲတော်များမှာ နိုင်ငံတကာမှာရှိတဲ့ မထင်မရှားရုပ်ရှင်ပွဲတော်များအဖြစ်လည်း ဝေဖန်မှုများစွာ ရှိနေခဲ့ပါတယ်။

“နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မတ်လကုန်ပိုင်းမှာ ရုံတင်ပြသခဲ့ပြီး ဒါရိုက်တာ အဖြစ် လူမင်းနဲ့ သရုပ်ဆောင်များအဖြစ် လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ အကယ်ဒမီ ဒေါ်မြတ်မွန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

You may also like these stories:

Druk International Film Festival မှာ “နို့ဘီလူး” ရုပ်ရှင် ဆု ၄ ဆု ရရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading