ဂျပန်နိုင်ငံမှာ အခြေချနေထိုင်လျက်ရှိတဲ့ အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းကတော့ COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်မလာရတာကြာပြီ ဖြစ်တာကြောင့် လာမယ့် ခရစ္စမတ်မှာ ပရိသတ်တွေအတွက် လက်ဆောင်အနေနဲ့ Online Live Show ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“မြန်မာပြည် ပြန်လို့မရတော့ ကျနော်လည်း စိတ်တွေအရမ်းကိုမှ အထီးကျန်နေပါတယ် ခင်ဗျ။ ဒါပေမဲ့ ကျနော့် ပရိသတ်တွေအတွက် ခရစ္စမတ် လက်ဆောင်တခု စီစဉ်ထားတာ ရှိပါတယ်။ အဲဒါက ၁၂ လပိုင်း၊ ၂၂ ရက်နေ့ကျရင် Live show လုပ်မယ်ခင်ဗျ” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၂ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ Streaming Live Show အနေနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“Streaming Live လုပ်မယ်။ ဂျပန်ကနေ တကမ္ဘာလုံးကြည့်လို့ ရအောင်လို့ အရှေ့တခေါက်က လုပ်ခဲ့သလို လုပ်ပါမယ်။ ဒါပေမဲ့ ဒီတခေါက်က တကမ္ဘာလုံးမှာကြည့်လို့ရမယ့် ဟာနဲ့ မြန်မာနိုင်ငံမှာပဲ ကြည့်လို့ရမယ့် Streaming Live Show ကို လုပ်ပါမယ်။ မြန်မာနိုင်ငံက ည ၇နာရီခွဲကနေ စမယ့် Live show လေးပါ” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
အဆိုပါ Streaming Live Show ကိုတော့ မြန်မာပြည်က ပရိသတ်တွေပဲ ကြည့်ရှုနိုင်မှာဖြစ်ပြီး သူ့ရဲ့ခရစ္စမတ် လက်ဆောင်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာပြည်မှာပဲ ကြည့်လို့ရပါတယ်ခင်ဗျ။ မြန်မာပြည်က ပရိသတ်တွေအတွက် ကျနော် စီစဉ်ထားတဲ့ ခရစ္စမတ်လက်ဆောင် Live လေးဖြစ်ပါတယ် ခင်ဗျ။ ကျနော်နဲ့ ဒီဇင်ဘာ ၂၂ရက်နေ့ Live show မှာ တွေ့ကြရအောင်ခင်ဗျာ။ ကျနော်လည်း စိတ်တွေ ခုန်နေပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
ဒီပွဲကတော့ မြန်မာပြည်က ပရိသတ်တွေအတွက် ပထမအကြိမ် Online Live Stream ဖြစ်မှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ အစီအစဉ်များစွာနဲ့အတူ ကြည့်ရှုခွင့်လက်မှတ် တစောင်ကို ၅၀၀၀ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
You may also like these stories:
ကိုယ်ဝန်လွယ်ထားတာ ၅ လရှိပြီလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ချမ်းချမ်း
“နို့ဘီလူး” ရုပ်ရှင် နိုင်ငံတကာမှာ ဆုများရရှိရန် ထပ်မံ ယှဉ်ပြိုင်သွားမည်
တချိန်က NG2K အဆိုတော်၊ ယခု လွှတ်တော်အမတ် ဦးနေမျိုးထက်