အဖွဲ့သက်တမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြန်လည် ဆုံဆည်းပြီး ပြုလုပ်ကြမယ့် Examplez အဖွဲ့ရဲ့ “20 Years of Examplez Live Show” ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် 20 Years of Examplez ပွဲကျရင် ပရိသတ်တွေနဲ အတူတူ ဖြတ်သန်းချင်ပါတယ်။ မဇ္ဈိမ ရုပ်သံကလည်း ကြည့်ရှုနိုင်ပါတယ်။ Mytel Page ကနေလည်း Free ကြည့်ရှုနိုင်ပါတယ်”လို့ Examplez အဖွဲ့က ပြောပါတယ်။
ကိုဗစ် အခက်အခဲကြားထဲမှာ လုပ်ရတဲ့ပွဲ ဖြစ်တာကြောင့် အားပေးဖို့အတွက် ပြောထားပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကအတိုင်း သီချင်းတွေ ဆိုပြမှာဖြစ်တယ်လို့ သိရပါတယ်။
“အဲ့နေ့ကျရင် ကျနော်တို့ပွဲကို ကြည့်နေရင်းနဲ့ ဖုန်းလေးနဲ့ပဲဖြစ်ဖြစ် လိုက်ဆိုပေးကြပါ။ Comment လေးတွေ ရေးပေးကြပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ကျနော်တို့ ဖြတ်သန်းခဲ့တဲ့အတိုင်း သီချင်းလေးတွေ ဆိုပြမယ်။ ပရိသတ်နဲ့ တရင်းတနှီး နေဖို့အတွက် ပြင်ဆင်ထားပါတယ်။ ကိုဗစ်ဖြစ်နေတဲ့ အခက်အခဲမှာ အဆင်ပြေအောင် လုပ်ရတာပါ” လို့ Examplez အဖွဲ့က ပြောပါတယ်။
ဒီပွဲမှာတော့ Examplez အဖွဲ့နဲ့အတူ သူတို့အဖွဲ့ရဲ့လက်ဦးဆရာဖြစ်တဲ့ အဆိုတော် ဟဲလေး၊ ဧည့်သည် အဆိုတော်အနေနဲ့ မေလသံစဉ်တို့က ပါဝင်သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့နဲ့အတူ ဆိုမယ့်သူတွေကတော့ ကျနော်တို့ဆရာ ကိုဟဲလေးနဲ့ မေလသံစဉ် ဖြစ်ပါတယ်။ ကိုဟဲလေးနဲ့ ဆိုမယ့် သီချင်းရော၊ မေလသံစဉ်နဲ့ဆိုမယ့် သီချင်းရောက သီချင်းဟောင်းထဲက ဖြစ်ပါတယ်။ အားပေးပေးပါ။ ကျနော်တို့ ရပ်တည်နိုင်တာ ပရိသတ်တွေကြောင့်ပါ။ ဒီထက်မက အားပေးမှ ဖြစ်မှာပါ” လို့ Examplez အဖွဲ့က ပြောပါတယ်။
“20 Years of Examplez” Live Show ကိုတော့ Mizzima ရုပ်သံလိုင်းနဲ့ My Tel Page, V7 Entertainment, Media 7 Page တို့မှာ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Examplez အဖွဲ့ကတော့ လွန်ခဲ့တဲ့နှစ် ၂၀ က စတင်ဖွဲ့စည်းခဲ့တဲ့အတိုင်း ထွန်းထွန်း၊ သက်အောင်၊ ထူးကျော်၊ ဖြိုးမောင်တို့ ၄ ယောက် စုံညီစွာ ရှိနေဆဲပဲ ဖြစ်ပါတယ်။
You may also like these stories:
ဘဝလက်တွဲဖော်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ စူပါမော်ဒယ် အောန်ဆိုင်း
အတိတ်နှင့် အနာဂတ်ကြားမှ ဖုန်းခေါ်သံ (သို့မဟုတ်) “The Call” ရုပ်ရှင်
“ဦးဗေလုဝရဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီ”လို့ ဇနီးဖြစ်သူ ပြော