ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက COVID-19 ကပ်ရောဂါဟာ သဘာဝတရားရဲ့ ဒဏ်ခတ်မှုတခုဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရေး ပိုတိုးလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ မင်းသား ဟယ်ရီက ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ Streaming ပလက်ဖောင်း အမှုဆောင်အရာရှိချုပ်နဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဆိုဆွေးနွေးမှုအတွင်းမှာ အခုလိုမျိုး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မင်းသားဟယ်ရီက “ကပ်ရောဂါကာလရဲ့ အစမှာတုန်းက တစုံတယောက်က ကျနော့်ကို ပြောခဲ့တယ်။ ဆိုးရွားတဲ့ အပြုအမူတွေအတွက် ကျနော်တို့ဆီ သဘာဝမိခင်ကြီးက ပြစ်ဒဏ်တွေ ပေးပို့လိုက်တာဟာ ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေအကြောင်း ခဏလောက် စဉ်းစားဖို့ ဖြစ်တယ်တဲ့။ လူသားအချင်းချင်းမှာ သာ မဟုတ်ဘဲ သဘာဝတရားကနေ တဆင့် ကျနော်တို့အား ဘယ်လိုချိတ်ဆက်နေတယ်ဆိုတာ ကျနော့်ကို အမှတ်ရစေခဲ့တယ်။ ဘဘာဝမိခင်ကြီးဆီကနေ ကျနော်တို့ တော်တော်များများ ယူဆောင်ခဲ့ပြီး အများကြီး ပြန်ပေးတာမျိုး သိပ်မရှိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
Sussex မြို့စားနဲ့ မြို့စားကတော် ဟယ်ရီနဲ့ မီဂန်တို့ဟာ ပြီးခဲ့တဲ့ မတ်လအကုန်ပိုင်းမှာတော်ဝန်မိသားစု ဝင်အဖြစ်ကနေ တာဝန်တွေကို နုတ်ထွက်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်ဆီ ပြောင်းရွှေ့နေထိုင်ခဲ့စဉ်ကစလို့ လူမျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း စတဲ့ကိစ္စတွေကို ပြောဆိုခဲ့ကြပါတယ်။
ကိုယ်ပိုင်ဂျက်လေယာဉ်အသုံးပြုမှုအတွက် အတိတ်ကာလတုန်းက ဝေဖန်ခံခဲ့ရဖူးတဲ့ မင်းသား ဟယ်ရီက ကမ္ဘာကြီးကို ပြန်လည်ပြုပြင်ရာမှာ ကူညီဖို့ မိုးပေါက်ကျတဲ့ ဥပမာကို မြင်ယောင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
သူက “ကောင်းကင်ကနေ ကျလာတဲ့ မိုးပေါက်တပေါက်ချင်းစီတိုင်းဟာ ခြောက်သွေ့နေတဲ့ မြေပြင်ကို သက်သာရာရစေပါတယ်။ တကယ်လို့ ကျနော်တို့ အားလုံးက မိုးပေါက်လေးတွေ ဖြစ်ခဲ့မယ်ဆိုရင်ရော၊ တကယ်လို့သာ ကျနော်တို့ တယောက်ချင်းစီတိုင်းက ဂရုစိုက်ကြမယ်ဆိုရင်ရော၊ ကျနော်တို့လုပ်ရမှာမို့လို့ ကျနော်တို့ လုပ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝတရားကြီးဟာ ကျနော်တို့ရဲ့ ဘဝရပ်တည်ခွင့် အရင်းအမြစ် ဖြစ်နေလို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
ကပ်ရောဂါ ကာလကစလို့ သိပ္ပံပညာရှင်တွေက သစ်တောပြုန်းတီးမှု၊ ဂေဟစနစ် ပျက်စီးလာမှု၊ တရားမဝင် တောရိုင်းတိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုတွေကြောင့် တိရိစ္ဆာန်တွေကနေတဆင့် လူတွေဆီကို ကူးစက်တဲ့ ရောဂါတွေရဲ့ အန္တရာယ် တိုးမြင့်လာနိုင်ပြီး တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားကြပါတယ်။
Ref: cnalifestyle
You may also like these stories:
ကိုရီးယားဒရာမာအဖြစ် ပြန်လည် ပုံဖော်မယ့် စပိန်မှုခင်းစီးရီး “Money Heist”
Nike နဲ့ G-Dragon ရဲ့ပူးပေါင်းမှု “Para-Noise 2.0” မိနစ်ပိုင်းအတွင်း ရောင်းကုန်
ဇာတ်ကောင်အသစ်အတွက် ကိုယ်အလေးချိန် အလျင်အမြန် ချခဲ့ရတဲ့ Huang Xiaoming