Entertainment

ဖခင် မိုးဒီရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြတဲ့ ကောင်းစံ

ဧရာဝတီ ကိုဗစ် ကုသရေး စင်တာမှာ COVID-19 ရောဂါ ကုသမှု ခံယူနေတဲ့ ဖခင်ဖြစ်သူ ဦးမိုးဒီကို အနီးကပ်ပြုစု စောင့်ရှောက်ပေးနေတဲ့ သားဖြစ်သူ သရုပ်ဆောင် ကောင်းစံဟာ ဖခင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“အဖေ့ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ သက်သာပါတယ်။ အောက်ဆီဂျင်ကတော့ တောက်လျှောက် ပေးထားရတယ်။ အခုဆို တပတ် ရှိပါပြီ။ အစားဝင်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး စားအောင်လို့တော့ ကျွေးနေရတယ်”

“ဧရာဝတီစင်တာက ကျန်းမာရေး စောင့်ရှောက်ပေးကြတဲ့သူတွေရယ်၊ ပရိသတ်ပို့တဲ့ မေတ္တာရယ်၊ Volunteer တွေရဲ့ အားပေးကူညီ စောင့်ရှောက်မှုတွေကြောင့် အဖေ ကျန်းမာရေး တော်တော်လေးတော့ တိုးတက်လာပါတယ်။ ဆီးချိုနဲ့ ပတ်သက်တဲ့ ဆေးတွေ သွင်းပေးတယ်။ ဆေးဝါးတွေလည်း နေ့စဉ် တိုက်တယ်။ ရောဂါအခံရှိထားတော့ ဆရာဝန်တွေက ကြည့်ပြီး အဆင်ပြေသက်သာအောင် လုပ်ပေးနေပါတယ်။ တော်တော် ကောင်းပါတယ်”လို့ ကောင်းစံက ပြောပါတယ်။

သားတယောက်အနေနဲ့ ဖခင်ဖြစ်သူအပေါ် စိုးရိမ်မိတယ်ဆိုတဲ့ ကောင်းစံက အဖေ့ကို ဒီရောဂါကြီး ကျော်လွှားပြီး အိမ်ပြန်နိုင်စေဖို့ ဆုတောင်းနေရတယ်လို့ ဆိုပါတယ်။

“ကျနော် ကိုယ်တိုင်ကလည်း သားတယောက်အနေနဲ့ ကိုယ့်အဖေအတွက် စိုးရိမ်စိတ် ဖြစ်မိတယ်။ စိတ်ပူနေတာပေါ့။ စောင့်ကြည့်နေတုန်း၊ ဘယ်နေ့ဆင်းရမယ် မပြောသေးပါဘူး။ အဖေ့မှာက နှလုံးသွေးကြောကျဉ်းတယ်။ သွေးတိုးရော၊ ဆီးချို၊ ကျောက်ကပ်ကလည်း တခြမ်းပဲ ရှိတယ်။ သူ့အသက်အရွယ်နဲ့ သူခံရတဲ့ ရောဂါကြီးက မမျှဘူး ဖြစ်နေတယ်။ အဖေလည်း ဒီရောဂါကြီးကို ကျော်လွှားပြီး အိမ်ပြန်နိုင်စေဖို့ ဆုတောင်းနေရတယ်”

“ကျနော်က အနီးကပ်ပြုစုပေးနေပါတယ်။ ကျနော် အဖေ့ကို အမြန်ပြန်ကောင်းစေချင်တယ်။ အိမ်က မိသားစုကတော့ Home Quarantine ပဲ။ သူတို့ ပြည့်တော့မယ်။ ကျနော်က အနီးကပ် ပြုစုနေပေမယ့် အခုထိတော့ မစစ်သေးဘူး။ စစ်တော့ စစ်မှာပါ။ Negative ဖြစ်ရင်တော့ ပြဿနာ မရှိဘူး။ Positive ဖြစ်ရင်လည်း ကူသမှု ခံယူရမှာပေါ့”လို့ ကောင်းစံက ပြောပါတယ်။

ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး မိုးဒီဟာ ဆီချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ရောဂါအခံရှိသူဖြစ်ပြီး လက်ရှိ ဧရာဝတီကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

You may also like these stories:

“ဦးဗေလုဝရဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီ”လို့ ဇနီးဖြစ်သူ ပြော

ကိုယ်ဝန်လွယ်ထားတာ ၅ လရှိပြီလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ချမ်းချမ်း

Loading