Entertainment

“ကိုဗစ်ကာလမှာ အခွေအသစ် ထွက်တာ အတွေ့အကြုံသစ် ရတယ်”လို့ X-box ပြော

Want create site? Find Free WordPress Themes and plugins.

အဆိုတော် X- box ကတော့ ကိုဗစ်ကာလအတွင်း သူ့ရဲ့တတိယမြောက်အခွေကို ပရိသတ်လက်ထဲရောက်အောင် ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာ အခွေအသစ် လုပ်ရတဲ့အတွက် အတွေ့အကြုံအသစ်တခု ရတယ်လို့ သူက ဆိုပါတယ်။

“ဒီအခွေကတော့ ကျနော့်အတွက် အမှတ်တရတွေ အများကြီး ရှိပါတယ်။ အများကြီး ပြောပြရင် ချဲ့ကားပြီး ပြောတယ်ဖြစ်မှာစိုးလို့။ ဒီတခွေလုံးကို ကျနော့်အိမ်မှာပဲ သွင်းပါတယ်။ အရင်ခွေတွေတုန်းကလို ဟိုပြေးဒီပြေး သွားစရာ မလိုတော့ဘဲနဲ့ အိမ်မှာပဲ တခွေလုံးကို ဖန်တီးတာ ဖြစ်ပါတယ်။ နောက်တခုကတော့ တကမ္ဘာလုံး ကိုဗစ်ဖြစ်နေတဲ့ ကာလကြီးမှာ လုပ်တာဖြစ်ပါတယ်။ နောက်ထပ်ကတော့ ကျနော့်ပရိသတ်တွေနဲ့ မတွေ့ရဘဲနဲ့ အခွေထုတ်ရတဲ့ အတွေ့အကြုံလည်း ရပါတယ်” လို့ X-box က ပြောပါတယ်။

အခွေအသစ်ကနေ ဘာမှတော့ မမျှော်လင့်ထားပေမယ့် သူ့သီချင်းတွေထဲက စာသားတကြောင်းပဲ ပရိသတ်တွေ ကြိုက်မယ်ဆိုရင် ကျေနပ်ပြီလို့ ဆိုပါတယ်။

အဆိုတော် X-box ရဲ့ “Future” အခွေ (ဓာတ်ပုံ – X-Boxin’s Facebook)

“ကျနော်ကတော့ ဘာမှ သိပ်မမျှော်လင့်ပါဘူး။ မျှော်လင့်တာတော့တခုပဲ ရှိပါတယ်။ အခုလို အချိန်ကာလကြီးမှာ ကျနော့် သီချင်းတွေကို အချိန်ပေးပြီး နားထောင်တဲ့ ပရိသတ်တွေ တပုဒ်တလေပဲ ဖြစ်စေ၊ စာသားတကြောင်းပဲဖြစ်စေ၊ ကြိုက်နှစ်သက်သွားရင် ကျေနပ်ပါပြီ။ ဒါ ကျနော့် အောင်မြင်မှုပါပဲ။ ကျန်တာ ငွေကြေးပိုင်းတွေကို ဘာမှ သိပ်မစဉ်းစားပါဘူး။ ဘာမှကို မစဉ်းစားတာပါ။ ကျနော့် ပရိသတ်တွေ ပျော်ရင် ကျနော်လုပ်တဲ့အလုပ် အောင်မြင်တယ်လို့ ခံယူထားပါတယ်” လို့ X-box က ပြောပါတယ်။

အခွေနာမည်ကိုတော့ “Future” လို့ နာမည်ပေးထားပြီး သီချင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ သီချင်းတွေအကုန်လုံးကိုတော့ အိမ်မှာပဲ အသံသွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် X-box (ဓာတ်ပုံ – X-Boxin’s Facebook)

“အရင်တုန်းကဆို အခွေတခွေ ထွက်ရင် ပွဲတွေမှာ ပရိသတ်တွေနဲ့ လက်မှတ်ထိုး၊ သီချင်းတွေဆို ဖျော်ဖြေ၊ အရမ်းကို လူတွေအများကြီးနဲ့ စည်စည်ကားကား ကျင်းပခဲ့ကြတာပေါ့။ ဒီလိုမျိုး အခွေထွက်တဲ့နှစ်မှ အွန်လိုင်းကနေ တင်ဆက်ရတာဆိုတော့ အတွေ့အကြုံအသစ်လည်း ဖြစ်တယ်” လို့ X-box ကပြောပါတယ်။

အဆိုတော် X-Box ရဲ့ “Future”အခွေတခွေကိုတော့ ၃၈၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး ယနေ့ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး Bo Bo Entertainment မှ ဖြန့်ချိရောင်းချနေပြီ ဖြစ်ပါတယ်။

You may also like these stories:

YouTube ကနေ ပထမဆုံး အွန်လိုင်းဖျော်ဖြေပွဲ လုပ်မယ့် “Blackpink” အဖွဲ့

အနုပညာလောကထဲ အတက်အကျ မျိုးစုံနဲ့ နှစ် ၂၀ ကျင်လည်ခဲ့တဲ့ ထွန်းထွန်း

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲမှာ “စစ်ကိုင်းလမ်း” သီချင်းနဲ့ ဖျော်ဖြေမယ့် မျိုးကျော့မြိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading