Entertainment

“ငယ်ငယ်ကတည်းက အရိုးပျော့တဲ့သူပါ”လို့ ပြောတဲ့ ချယ်ရီသင်း

အဆိုတော် ချယ်ရီသင်းကတော့ ငယ်ငယ်တည်းက အရိုးပျော့တဲ့သူ ဖြစ်တာကြောင့် သူ့ရဲ့ အရိုးပျော့တဲ့ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ဖြစ်တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။

“ချယ်က ငယ်ကတည်းက အရိုးက ပျော့တာ။ ထိုင်နေရင်တင် ပျော့နေတာ။ ခြေထောက်ကို ခေါင်းပေါ်တင်ပြီး ပြန်ခွေလို့ ရတယ်။ အရိုးတွေ ကစားလို့ ရတယ်။ အဲ့ဒါနဲ့ ရိုက်ပြီးတင်လိုက်တာ။ ချယ် ပုံတင်လိုက်ချိန်မှာ ချယ့်ကို ယောဂကျင့်တယ် ထင်ကြတယ်။ နဂိုကတည်းက အဲ့လို အရိုးပျော့တာ။ Time City ရောက်တော့ ပုံရိုက်တင်လိုက်တာ။ ရိုက်နေတုန်းကလည်း အန်တီကြီးတွေက မိုက်တယ်လို့ ပြောကြတယ်”

“လက်ကို ပြန်ပြီး ရှေ့ကိုချတာ လုပ်လို့ရတယ်။ သူများတွေ အဲ့လိုလုပ်ရင် နာတယ်။ ချယ်ကတော့ မနာပဲ လွယ်လွယ်ကူကူ လုပ်လို့ရတယ်။ ချယ် ငယ်ငယ်ကဆို ထိုင်နေရင်တောင် ပျော့ခွေသွားတာ။ ချယ့် တကိုယ်လုံးက ပျော့နေတာ။ ပြိုင်ပွဲတွေ ဝင်ပြိုင် ဂင်းနစ် စံချိန်တင်နိုင်တယ်တွေတောင် စကြတယ်။ ချယ့်အတွက်ကတော့ ထူးဆန်းမနေဘူး”လို့ ချယ်ရီသင်းက ပြောပါတယ်။

ငယ်စဉ်တုန်းကလည်း ထူးဆန်းတဲ့ ကလေးဖြစ်နေတာဆိုတဲ့ ချယ်ရီသင်းက ငယ်တုန်းက အမှတ်တရတွေကိုလည်း အခုလိုပဲ ဆိုပါတယ်။

အဆိုတော် ချယ်ရီသင်း (ဓာတ်ပုံ – Cherry Thin’s Facebook)

“ချယ်က ငယ်ကတည်းက ထူးဆန်းတဲ့ကလေး ဖြစ်နေတာပေါ့။ ငယ်ငယ်တုန်းကဆို လက်မောင်းကို ကစားပြရင် ကြောက်ကြောက်သွားကြတယ်။ သူငယ်ချင်းတွေကို လက်တွေရော ခြေထောက်တွေရော မျိုးစုံ ပြန်ခွေပြန်ထည့်တာတွေ လုပ်ပြတယ်။ ငယ်တုန်းက အဲ့ဒါလေးတွေ အမှတ်တရ ရှိတယ်။ ချယ်တို့ မိသားစုကလည်း အရိုးပျော့ကြတယ်။ အဲ့အတွက် မိသားစုတွေကလည်း မထူးဆန်းတော့ဘူး”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်းကိုတော့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ချယ်ရီသင်းက သီချင်းသစ်များစွာ သီဆိုနေပြီး ဒီနှစ်ထဲမှာလည်း “မလို့ပဲခေါ်” ဆိုတဲ့ သီချင်းက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

You may also like these stories:

ကိုဗစ်ကာလမှာ တကိုယ်တော်ခွေအတွက် သီချင်းသစ် ရေးနေတဲ့ ချယ်ရီသင်း

ချစ်သူထားရင် ကိုယ်ချင်းစာစိတ် ရှိတဲ့သူကို ရွေးမယ့် ချယ်ရီသင်း

“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”

Loading