Entertainment

အွန်လိုင်းပေါ်ကနေသာ တင်ဆက်ခွင့်ရခဲ့တဲ့ အထင်ကရ ပွဲများ

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါကြောင့် လူတိုင်းအိမ်မှာပဲ နေနေရတဲ့အချိန်တွေမှာ တိုက်ဆိုင်စွာပဲ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်နဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်များ ကျရောက်လာခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲတွေကို ပရိသတ် မပါဘဲ Online ဖျော်ဖြေပွဲများအဖြစ် ကျင်းပပြုလုပ်ခဲ့ကြရပါတယ်။

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို Virtual စနစ်ဖြင့် အောက်တိုဘာ ၁၃ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ တလလုံးလည်း အွန်လိုင်း ရုပ်ရှင်ပွဲတော်နဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ဖျော်ဖြေမှုများကို အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။

အစဉ်အလာ ကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကိုလည်း အောက်တိုဘာလ ၁၆ ရက်က စတင်ပြီးတော့ ဒီဇင်ဘာ ၄ ရက်နေ့အထိ မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ

တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်ဖွဲ့တေး အပုဒ် ၁၀၀ ကို တပတ်လျှင် ၁၀ ပုဒ်နှုန်းနဲ့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိတဲ့ ကေတုမတီ တောင်ငူမြို့တည် နန်းတည် နှစ် ၅၁၀ ပြည့်ပွဲကိုလည်း ယခင်နှစ်တွေကလို မကျင်းပနိုင်တော့ဘဲ မြို့တွင်းဒေသစာရီ လှည့်လည်ပွဲကိုသာ ပြုလုပ်ခဲ့ပါတယ်။

ကေတုမတီ တောင်ငူမြို့တည် နန်းတည် နှစ် ၅၁၀ ပြည့်ပွဲရဲ့ အောင်ပွဲအထိမ်းအမှတ်အဖြစ် အဆိုတော်များရဲ့ဖျော်ဖြေမှုနဲ့အတူ မြို့ရွှေမန်းသားဖိုးချစ်ရဲ့ ဇာတ်အလှအဖွဲ့ရဲ့ ဖျော်ဖြေမှုများကို အွန်လိုင်းမှ Live Stream ထုတ်လွှင့် တင်ဆက်ခဲ့ပါတယ်။

ဒီလိုအထိမ်းအမှတ် ဖျော်ဖြေပွဲတွေသာမကဘဲ အဆိုတော်ကြီးများရဲ့ တကိုယ်တော်ဖျော်ဖြေပွဲများကိုလည်း Virtual စနစ်ဖြင့် ပြုလုပ်ခဲ့ပါတယ်။

အဆိုတော် တင်ဇာမော်ရဲ့ “Hight Street Live Concert” ၊ တန်ဆောင်တိုင် အချိန်အခါမှာ နှစ်ပေါင်းများစွာ ဖျော်ဖြေတင်ဆက်နေကျ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ “ဆေးပေါင်းခတဲ့ည” ဖျော်ဖြေပွဲ ၊ Examplez အဖွဲ့ရဲ့ နှစ် ၂၀ ပြည့် ဖျော်ဖြေပွဲစတာတွေကိုလည်း အွန်လိုင်းကနေသာ Live ထုတ်လွှင့် တင်ဆက်ခဲ့ပါတယ်။

မကြာခင်မှာလည်း တေးသံရှင် ဂျက်မြသောင်းရဲ့ တကိုယ်တော်ဖျော်ဖြေပွဲ “အသက်ရှူနေသမျှ ချစ်ပါရစေ” ကို Live Performance အနေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“ငယ်ငယ်ကတည်းက အရိုးပျော့တဲ့သူပါ”လို့ ပြောတဲ့ ချယ်ရီသင်း

မျက်နှာတခြမ်း လေဖြန်းသွားတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ငြိမ်းချမ်း

အဆိုတော် ဂျက်မြသောင်းရဲ့ Online Live Performance ပြုလုပ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading