ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အဆိုတော် တင်ဇာမော်က သီချင်းအသစ်တပုဒ်ကို သီဆို ဖန်တီးထားပါတယ်။ သီချင်းနာမည်ကတော့ “အင်းလျားရှိနေသမျှ” ဖြစ်ပြီး ဂီတမှူးမြတ်မင်းက ရေးဖွဲ့ထားကာ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် ဖြစ်တယ်လို့လည်း သိရပါတယ်။
“တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သီချင်းသစ်တပုဒ် သီဆိုပေးဖို့ ဖြစ်လာတဲ့အတွက် အစ်ကို မြတ်မင်း ရေးဖွဲ့ပြီး Overdrive Music Band က တီးခတ်ပေးထားတဲ့ “အင်းလျားရှိနေသမျှ” ဆိုတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းအသစ် တပုဒ်ကို အင်းလျားဆောင်အတွက် သီဆို ရိုက်ကူးပေးဖြစ်ခဲ့ပါတယ်” လို့ တင်ဇာမော်က ပြောပါတယ်။
“အင်းလျားမှာရှိနေသမျှ” သီချင်းကို ဒီဇင်ဘာ ၇ ရက်နေ့ကစတင်ပြီးတော့ JOOX Music Application ကနေ နားထောင်လို့ရပြီ ဖြစ်ပြီး မြန်မာ့အသံကနေလည်း ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
“မြန်မာ့အသံမှာ ဘယ်နေ့ ထုတ်လွှင့်မယ် မသိရသေးပေမယ့် ဒီသီချင်းလေးရဲ့ Audio Track ကို Joox မှာ ဒီဇင်ဘာ ၇ ရက်နေ့ကနေ စပြီး နားဆင်ချင်သူတွေအတွက် အမှတ်တရ ရှိနေမယ့် အကြောင်းလေးပါ” လို့ တင်ဇာမော်က ပြောပါတယ်။
ဒီသီချင်း ဖြစ်လာအောင် တိုက်တွန်းပေးတဲ့ အင်းလျားဆောင် ဆရာမများနဲ့ အဆောင်မှူးကိုလည်း တင်ဇာမော်က ကျေးဇူးတင်စကား ဆိုထားပါတယ်။
တင်ဇာမော်ကတော့ ကိုဗစ်ကာလအတွင်း သူ့ရဲ့သီချင်းအသစ်တွေဖြစ်တဲ့ “အားတင်းထားရန်ကုန်” ၊ “သတိ Q ဝင်နေသည်” သီချင်းများ ထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့တကိုယ်တော် ဖျော်ဖြေပွဲဖြစ်တဲ့ “Hight Street Concert Live Show” ကိုလည်း အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
You may also like these stories:
အွန်လိုင်းပေါ်ကနေသာ တင်ဆက်ခွင့်ရခဲ့တဲ့ အထင်ကရ ပွဲများ
အွန်လိုင်းကနေ တိုက်ရိုက် လွှင့်မယ့် တင်ဇာမော်ရဲ့ “High Street Live Concert”
“အားတင်းထား ရန်ကုန်” သီချင်းကို အိမ်မှာပဲ အသံသွင်း သီဆိုခဲ့တဲ့ တင်ဇာမော်