• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ရုပ်ရှင်ဆင်ဆာစနစ်ဟာ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်ပါ”

by ယုဖြူဟန်
10 December 2020
in Entertainment
A A
ဒါရိုက်တာ ရီဇော်နဲ့ သရုပ်ဆောင် ရဲတိုက်  / Satori Facebook Page)

ဒါရိုက်တာ ရီဇော်နဲ့ သရုပ်ဆောင် ရဲတိုက် / Satori Facebook Page)

6.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်များ ဖန်တီးကြတဲ့အခါ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ဖြတ်ကျော်ပြီးမှ ပရိသတ်ဆီသို့ ရုပ်ရှင်များကို ပြသခွင့်ရတာဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့ ဖန်တီးခွင့် မရဘဲဖြစ်နေပြီး အဆိုပါ ရုပ်ရှင်ဆင်ဆာအဖွဲ့ဟာဆိုရင် အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်တွေဖြစ်တယ်လို့ ဆာတိုရီထုတ်လုပ်ရေးက ဒါရိုက်တာ ရီဇော်က ဧရာဝတီကို ပြောပါတယ်။

“ဆင်ဆာစနစ်ဆိုတာ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်ပဲလေ။ ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ အခုထိ တည်မြဲနေသေးတဲ့အတွက် ဆင်ဆာဆိုတာလည်း ရှိနေသေးတာပေါ့။ ဆင်ဆာရှိနေခြင်းအားဖြင့် ဆင်ဆာဖြတ်ထုတ်ခြင်း ခံရတဲ့အခါမှာ ရုပ်ရှင်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ ဖန်တီးခွင့်မရဘူးပေါ့”

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
134
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
775
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

“ဒါကြောင့်မို့လို့ နိုင်ငံတကာနဲ့ တန်းတူ ရုပ်ရှင်အဆင့်အတန်း သတ်မှတ်ရေးစနစ်ဆိုတာ ရှိတယ်။ Rating စနစ်လို့ခေါ်တယ်။ အဲဒါကို ပြောင်းလဲကျင့်သုံးဖို့အတွက် ရုပ်ရှင်ဥပဒေကို အမြန်ဆုံး အသစ်ပြဋ္ဌာန်းဖို့အတွက် အားလုံးက လိုလားနေကြတာပေါ့” လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။

ကိုဗစ်ကာလကို ကျော်လွန်တဲ့အခါမှာ လက်ရှိ ဆင်ဆာစနစ်နဲ့ဆိုရင် နာလန်ပြန်ထူနိုင်ဖို့ မလွယ်ကူဘဲ လွတ်လပ်တဲ့ ဖန်တီးမှုများနဲ့ဆိုရင် ပရိသတ်ရဲ့စိတ်ဝင်စားမှုလည်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဥပဒေအသစ် ထွက်ရှိဖို့အတွက် ဘာတွေက အခက်အခဲဖြစ်နေလဲ ဆိုတာကိုလည်း ဒါရိုက်တာ ရီဇော်က အခုလို ပြောပြခဲ့ပါတယ်။

“ဘာတွေက အတားအဆီး ဖြစ်နေတာလဲဆိုရင် ရုပ်ရှင်ဆင်ဆာအဖွဲ့ဆိုတာ ဌာနဆိုင်ရာ အများကြီးနဲ့ ဖွဲ့စည်းထားတာပေါ့။ ပြည်ထဲရေးဝန်ကြီးဌာန ပါမယ်။ ယဉ်ကျေးမှုဝန်ကြီးဌာန ပါမယ်။ ဌာနဆိုင်ရာတွေအများကြီးနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဝန်ကြီးဌာန ပါမယ်။ ဆင်ဆာအဖွဲ့မှာ ရုပ်ရှင်အစည်းအရုံးကလွှတ်တဲ့ ၅ ယောက်လောက် ပါတယ်လို့လည်း သိရပါတယ်။ အဲ့လိုတွေ ပါပေမယ့်လည်း ဌာနဆိုင်ရာတွေရဲ့ မှတ်ချက်တွေက ရုပ်ရှင်ကားတကားကို စုတ်ပြတ်သွားအောင် ဆင်ဆာဖြတ်တောက်ပစ်နိုင်တယ်” လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။

ဥပဒေအသစ်ထွက်ရှိမှသာ Rating System စနစ်ကို ကျင့်သုံးနိုင်မှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားများအနေနဲ့ ညီညီညွှတ်ညွှတ် တောင်းဆိုကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“ရုပ်ရှင်လောကသားအားလုံးက ညီညီညွှတ်ညွှတ်နဲ့ တောင်းဆိုကြမှသာလျှင် ဒီအခွင့်အရေးဟာ လက်ဝယ်ပိုင်ဆိုင်နိုင်မယ်။ မဟုတ်ရင်တော့ ဇာတ်မျောကြီး ဖြစ်နေဦးမှာပဲ။ ၉၆ က ဥပဒေက အခုအချိန်ထိ ရှိနေသေးတဲ့အတွက် ဆင်ဆာအဖွဲ့က ဖျက်သိမ်းပေးဖို့လည်း မရနိုင်ဘူး။ ဆင်ဆာအဖွဲ့ ဖျက်သိမ်းဖို့က ရုပ်ရှင်ဥပဒေအသစ် ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ Rating System ကို ကျင့်သုံးဖို့ လိုအပ်တယ်”

“အဲ့မှာလည်း အဆင့်အတန်းတွေ ရှိသေးတယ်။ အမျိုးမျိုး ရှိပါတယ်။ ရုပ်ရှင်လောကသားတွေအားလုံး အသံထွက်မှသာလျှင်၊ တောင်းဆိုကြမှသာလျှင် ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေပါ” လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။

အခုဆိုရင်တော့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် “ရုပ်ရှင်ဆင်ဆာ မလိုအပ်ပါ” ဆိုတဲ့ ကမ်ပိန်းကို မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာများအသင်း Writers & Directors Organization of Myanmar က ပြုလုပ်နေတာကို တွေ့ရပြီး ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ ဒေါင်း၊ ရဲတိုက်၊ အောင်မြင့်မြတ်၊ ပိုင်ဖြိုးသု အစရှိတဲ့သူတွေက ပါဝင်နေတာကို တွေ့ရပါတယ်။

You may also like these stories:

“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်နဲ့ Music Video ကို ချိတ်ပြီး ရိုက်ခဲ့တဲ့ မေ

“ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်းအကြောင်း ပြောပြတဲ့ မင်းတော်ဝင်

အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

Your Thoughts …
Tags: ဆင်ဆာစနစ်မြန်မာ့ရုပ်ရှင်အာဏာရှင်စနစ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.7k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

by Vaishali Basu Sharma
9 September 2024
3.2k

ပိုမိုအရှိန်အဝါ ကြီးမားလာပြီး သြဇာပြလာသည့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို ပိုမိုပြသလာကာ တင်းမာမှုများကို မြင့်လာစေသည်။

စစ်ဥပဒေသစ်ကို အင်ဒိုနီးရှားတွေ ဘာကြောင့်ဆန္ဒပြကြသလဲ

စစ်ဥပဒေသစ်ကို အင်ဒိုနီးရှားတွေ ဘာကြောင့်ဆန္ဒပြကြသလဲ

by Niniek Karmini
22 March 2025
2.7k

"ဒီလုပ်ရပ်ဟာ အာဏာရှင်စနစ် ပြန်လည် ရယူဖို့ အလားအလာရှိတယ်" ဟု မစ္စတာ အာရက်ဖ်က ပြောသည်။

ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်

ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်

by ဧရာဝတီ
18 July 2023
2.2k

ဟွန်ဆန်သည် သူ့သားထံ အာဏာလွှဲပေးရေးအတွက်သာ အာရုံစိုက်နေပုံရပြီး သာမန်ပြည်သူများ ရုန်းကန်မှုများကို သတိမထားမိကြောင်း ဖနွမ်ပင်သူတဦးက ပြောသည်။

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

by Shafquat Rabbee
15 August 2024
2.1k

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားက ဟာစီနာကို ဖြုတ်ချခြင်းသည် ဒုတိယ လွတ်လပ်ရေး ရခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

ပြည်နယ်အခြေပြု ဖက်ဒနယ်စနစ် ပူးပေါင်းဖော်ဆောင်နေဟု တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်

ပြည်နယ်အခြေပြု ဖက်ဒနယ်စနစ် ပူးပေါင်းဖော်ဆောင်နေဟု တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်

by ဧရာဝတီ
15 February 2025
1.9k

ဗဟိုအခြေပြုဖက်ဒရယ်စနစ်အား လက်မခံဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism)ကို အခြေခံကာ တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်းနေကြောင်း တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့တွင် ထုတ်ပြန်ကြေညာသည်။

Next Post
အိမ်တွင်းအခြေပြု သင်ကြားနည်းစနစ်နဲ့  ရွှေ့ပြောင်းကလေးတွေရဲ့ အနာဂတ်ပညာရေး (ရုပ်/သံ)

အိမ်တွင်းအခြေပြု သင်ကြားနည်းစနစ်နဲ့ ရွှေ့ပြောင်းကလေးတွေရဲ့ အနာဂတ်ပညာရေး (ရုပ်/သံ)

AAနဲ့ တပ်မတော်တို့ တွေ့ဆုံမှုက ငြိမ်းချမ်းလမ်းစဖြစ်လာနိုင်မလား (ရုပ်/သံ)

AAနဲ့ တပ်မတော်တို့ တွေ့ဆုံမှုက ငြိမ်းချမ်းလမ်းစဖြစ်လာနိုင်မလား (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate