COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် Stay home နေရချိန်မှာ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်လို့ သက်မွန်မြင့်က သူ့ရဲ့ Facebook Page မှာ Live လွှင့် ပြောခဲ့ပါတယ်။
“အခုချိန်မှာ ဘာတွေလုပ်နေလဲဆို မုန့်တွေ လုပ်တယ်။ စာဖတ်တယ်။ ဟင်းတော့ မချက်ဘူး။ ဝါသနာ မပါလို့။ ရုပ်ရှင်တော့ တော်တော်ကြည့်ဖြစ်တယ်။ သက်မွန်ရဲ့”ရခဲ့သမျှ အရာရာ” ကားလေးလည်း Mahar ကနေ မကြာခင် ပြတော့မယ်။ သက်မွန်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲပါ။ ပထမဆုံးဆိုတော့ အားမရတော့ ဖြစ်နေတယ်။ အားပေးကြပါဦးလို့ ပြောချင်တယ်။ လိုအပ်တာတွေ ကောင်းတယ်၊ မကောင်းဘူဆိုတာ အကြံပေးကြပါ”လို့ သက်မွန်မြင့်က ပြောပါတယ်။
COVID-19 ရောဂါဟာ ခံနိုင်ရည် မရှိတဲ့သူတွေ အတွက် အသက်ပါပေးရတဲ့ ရောဂါ ဖြစ်တာကြောင့် ဂရုစိုက်ကြပါလို့ သက်မွန်မြင့်က ဆိုပါတယ်။
“သက်မွန်တို့ အခု အလုပ်ကိစ္စတွေနဲ့ အပြင်ထွက်ရတာတွေ ရှိတယ်။ အပြင်တွေမှာ တွေ့တယ်။ ဒီတိုင်းသွားနေကြတာတွေ၊ အဓိက Mask ကို သေချာအုပ်တယ်။ တချို့က မေးသိုင်းတာတွေ တွေ့တယ်။ အဲ့တာ အဆင်မပြေဘူးနော်။ သေချာလေး ဂရုစိုက်ကြပါ။ မေးအောက်မှာ မထားကြပါနဲ့။ ဒါကြောင့် ကျန်းမာရေးကောင်းအောင် နေကြပါ”
“ကိုယ်ခံအား ကောင်းအောင် နေပါ။ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် အစားအစာတွေ စားပါ။ ပြီးရင် ဘယ်သွားသွား Mask အုပ်ပါ။ ဒီရောဂါက သေတဲ့အထိ ဖြစ်နိုင်တာဆိုတော့ ခံနိုင်ရည် မရှိတဲ့သူတွေ အတွက် အသက်ပါပေးရတဲ့ ရောဂါဆိုတော့ အရမ်းအန္တရာယ်ကြီးပါတယ်။ ဂရုစိုက်ကြပါ”လို့ သက်မွန်မြင့်က ပြောပါတယ်။
ရောဂါခံရှိသူဖြစ်တာကြောင့် ကိုဗစ်ရောဂါ ကူးစက်မှာ ကြောက်တယ်လို့ သက်မွန်မြင့်က ဆိုပါတယ်။
“အခုချိန်မှာ ဝိတ်ချဖို့ထက် ကျန်းမာရေးကောင်းအောင် နေမလား၊ လှအောင် နေမလားဆိုရင် ကျန်းမာရေးကောင်းအောင် နေဖို့က အဓိကပါပဲ။ အခုဆို ကိုဗစ်ရောဂါကြီးတွေက ဖြစ်နေကြတော့ အကုန်လုံးကလည်း မကျန်းမာကြတာ များတယ်။ မကျန်းမာတော့ စိတ်သွားတိုင်းလည်း ကိုယ်မပါဘူး။ တာဝန်တွေလည်း လစ်ဟင်းတယ်။ လုပ်ပေးသင့်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေ မလုပ်ရဘူး”
“ကိုယ်ကတော့ ရောဂါအခံရှိတဲ့သူဆိုတော့ ကြောက်တယ်။ အိမ်မှာလည်း လူကြီးမိဘတွေ ရှိတယ်။ ကလေးတွေလည်း ရှိတယ်ဆိုတော့ တခုခုဖြစ်မှာ အရမ်းကြောက်တယ်။ အိမ်က အမျိုးသားကလည်း ကိုယ်က ရောဂါအခံရှိတဲ့သူဆိုတော့ သူ့အလုပ်တွေကို အခုထိ အိမ်မှာပဲ လုပ်တယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။
You may also like these stories:
Forbes Asia ရဲ့ Digital Stars အယောက် ၁၀၀ စာရင်းမှာ စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည် ပါဝင်
“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်နဲ့ Music Video ကို ချိတ်ပြီး ရိုက်ခဲ့တဲ့ မေ
အခက်အခဲတွေ ရှိပေမယ့် Final အထိ ရောက်အောင် ကြိုးစားမယ့် “Error” အဖွဲ့