နာမည်ကျော် အစီအစဉ် “Running Man” အဖွဲ့ဝင် Yoo Jae Suk ဟာ တနှစ်တာအတွက် အကောင်းဆုံး ဟာသအနုပညာရှင်အဖြစ် ထပ်မံ အရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Gallup Korea မီဒီယာဟာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်တမ်း တရပ်ကို ကောက်ယူခဲ့ပြီး အဲ့ဒီစစ်တမ်းထဲမှာ ဂျယ်ဂျူးကျွန်းမှ လွဲပြီး နိုင်ငံတဝန်းလုံးမှာရှိတဲ့ အသက် ၁၃ နှစ်နဲ့အထက် လူ ၁၇၀၀ ထံ အခုနှစ်အတွက် အတက်ကြွဆုံး ရသစုံရုပ်သံအစီအစဉ် တင်ဆက်သူနဲ့ ဟာသအနုပညာရှင်ကို ရွေးချယ်စေခဲ့ပါတယ်။
အဲ့ဒီ စစ်တမ်း ရလဒ်တွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး Yoo Jae Suk က နံပါတ် ၁ နေရာကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ သူဟာ စစ်တမ်းဖြေဆိုသူတွေရဲ့ ၅၂ ဒသမ ၅၃ ရာခိုင်နှုန်းကို ရရှိခဲ့တာဖြစ်ပြီး အခုလို ထိပ်ဆုံးနေရမှာ ရှိနေတာဟာ ဒါနဲ့ဆိုရင် ၉ ကြိမ်မြောက် ဖြစ်ပါတယ်။
Yoo Jae Suk ဟာ တမျိုးသားလုံးရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် နာမည်ကြီးပြီး SBS ရုပ်သံရဲ့ “Running Man” နဲ့ KBS2 ရဲ့ “Happy Together 4” အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ MBC ရုပ်သံရဲ့ “Infinite Challenge” အစီအစဉ်ကို အဆုံးသတ်ခဲ့ပြီးတဲ့နောက် သူဟာ tvN ရဲ့ “You Quiz on the Block” အစီအစဉ်မှာ စတင်ပါဝင်လာခဲ့ပါတယ်။ MBC က ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ “How Do You Play?” အစီအစဉ်ဟာလည်း ကိုရီးယား ဖျော်ဖြေရေးလောကမှာ တော်တော်လေး ရိုက်ခတ်မှုရှိခဲ့ပြီး SSAK3 နဲ့ Refund Sisters တို့လို ပရောဂျက်အဖွဲ့တွေကို ဖန်တီးဖြစ်ပေါ်လာစေခဲ့ပါတယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ Yoo Jae Suk ဟာ Gallup Korea ရဲ့ ဟာသအနုပညာရှင် ကဏ္ဍမှာ “People of the Year” အဖြစ် နှစ်စဉ်လိုလို ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ်တို့မှာ နံပါတ် ၂ နေရာကို ဆင်းခဲ့ရပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ ထိပ်ဆုံးနေရာကို ပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် အခုနှစ်အထိ နောက်ထပ် ၉ နှစ်ဆက်တိုက် ထိပ်ဆုံးမှာပဲ ရပ်တည်နေပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ဘယ်လို အသက်အရွယ် အပိုင်းအခြားမျိုးမှာပဲဖြစ်ဖြစ် သူဟာ ပထမပဲလို့ Gallup Korea က ဆိုပါတယ်။ နံပါတ် ၂ နေရာမှာတော့ MBC ရဲ့“Home Alone” အစီအစဉ်တင်ဆက်သူ Park Na Rae က ရှိနေပါတယ်။ JTBC ရဲ့ “Ask Us Anything” အစီအစဉ်မှာ ဂန်ဒုံဟိုကတော့ နံပါတ် ၃ နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
Ref: soompi
You may also like these stories:
တရုတ်အစိုးရကို စော်ကားသည်ဟုဆိုကာ Running Man အစီအစဉ် သပိတ်မှောက်ခံရ
အန္တရာယ်ရှိတဲ့ ကစားနည်းကြောင့် “Running Man” အစီအစဉ် ဝေဖန်ခံရ
Running Man အစီအစဉ် ၁၀ နှစ် ပြည့်ပြီ