သရုပ်ဆောင်တဦးဖြစ်သလို၊ ဆရာဝန်တယောက်လည်းဖြစ်တဲ့ မင်းတော်ဝင်က အွန်လိုင်းကနေ ဆေးပညာနဲ့ ပတ်သက်တာတွေ တင်ပေးနေတယ်လို့ ပြောပါတယ်။
“ကျနော် အွန်လိုင်းကနေ ဆေးပညာနဲ့ ပတ်သက်တာတွေ တင်ပေးဖြစ်တယ်။ အဲ့လို တင်ချင်နေတာ ကြာပြီ။ ကျနော် မအားတာနဲ့ မတင်ဖြစ်တာ။ တခြား ကဏ္ဍစုံအောင်လည်း တင်ပေးမယ်။ အလုပ်နဲ့ ပတ်သက်လို့ မဖြစ်မနေ အပြင်သွားရတယ်ဆိုရင် ၃ ခါမှာ ၂ ခါလောက်က မထွက်လည်း ရတာမျိုးပေါ့။ အဲ့ဒါကို ရတယ်၊ ငါလာခဲ့မယ်ဆိုတာမျိုး ရှောင်ပါ”
“အပျော်အပါးနဲ့ လူအများ စုဝေးတာတွေ ရှောင်စေချင်တယ်။ စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်နေရတာကိုတော့ နားလည်တယ်။ အဲ့လို သွားရင်လည်း သတိရှိပြီး မပေါ့ဖို့တော့ ပြောချင်တယ်။ ကျနော်လည်း အနုပညာရှင် ၁၇ ယောက်နဲ့ Mask ကမ်ပိန်း လုပ်ဖို့ စီစဉ်နေတယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
နားမကြား ကလေးတွေအတွက်လည်း ကိုဗစ် ရောဂါပိုး မကူးစက်အောင် သိရမယ့် အချက်တွေ ဗီဒီယိုရိုက်ပြီး တင်ပေးဖို့ရှိတယ်လို့ မင်းတော်ဝင်က ဆိုပါတယ်။
“ကျနော်ကတော့ နောက်တန်းကနေပဲ ကူညီပေးဖြစ်မယ်။ ကျနော် လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးရသေးတာ တခုရှိတယ်။ အရင်က နားမကြား ကလေးတွေကို စာသင်ပေးဖူးတယ်။ သူတို့နဲ့ ကျနော်က အထိအတွေ့ ရှိတယ်။ သူတို့တွေဆီမှာလည်း Positive ဖြစ်တဲ့သူတွေ ရှိမယ်။ သူတို့တွေ အနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး မသိနိုင်တာတွေ အများကြီးရှိမယ်”
“ကိုဗစ်ရောဂါပိုး မကူးစက်အောင် သိရမယ့်အချက်တွေ သူတို့အတွက် Sign language နဲ့ ဗီဒီယိုလေးလုပ်ပေးဖို့ မလုပ်ပေးရသေးဘူး။ အဲ့ဒါလေး တင်ပေးမယ်။ အွန်လိုင်းကနေလည်း ကျန်းမာရေးနဲ့ ပတ်သက်တာတွေ တင်ပေးသွားပါမယ်။ Volunteer လုပ်ပေးပြီး ကူညီတာမျိုးတော့ မလုပ်ဖြစ်သေးဘူး။ နောက်တန်းကနေပဲ ကူညီပေးမယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
သရုပ်ဆောင် မင်းတော်ဝင်ဟာ ကိုယ်တိုင်လည်း ဒါရိုက်တာ လုပ်ကာ ဇာတ်ကားများ ရိုက်ကူးနေပါတယ်။ မကြာသေးခင်ကလည်း မင်းတော်ဝင် ကိုယ်တိုင် ရိုက်ကူးထားတဲ့ “ဒုလ္လဘကိုယ်တော်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းကို MRTV Entertainment မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။ မင်းတော်ဝင်ဟာ သရုပ်ဆောင် ထူးခြားရဲ့ ညီလည်း ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ကာလပြီးရင် Single Album ထွက်ဖို့ ပြင်ဆင်နေတဲ့ ချယ်ရီသင်း
Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ
“ဘယ်သွားသွား စနစ်တကျ Mask တပ်ကြပါ”လို့ သက်မွန်မြင့် ပြော