Entertainment

စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ ပထမဆုံး Collaboration

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက သူ့ရဲ့ပရိသတ်တွေကို သီချင်းအသစ်တပုဒ် ထွက်ဖို့ရှိကြောင်းနဲ့ သီချင်းအသစ်ကို အင်္ဂလိပ်နာမည် ပေးလေ့ပေးထ မရှိပေမယ့် အင်္ဂလိပ်နာမည်နဲ့ ထွက်မယ့်အကြောင်းကို အသိပေးထားပါတယ်။

နိုင်ငံခြားက အဆိုတော်တယောက်နဲ့ Collaboration လုပ်မယ့်အကြောင်းကိုလည်း အရိပ်အမြွက်ပြောပြထားပြီး ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ကြေညာခဲ့ပါတယ်။

ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကျော် Girl Band အဖွဲ့ဖြစ်တဲ့ 2NE1 အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom တို့က “Red Light” သီချင်းကို Collaboration လုပ်ကြမှာပဲ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ မကြာခင်မှာ နားဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပရိသတ်တွေအတွက်ကတော့ ကြီးမားတဲ့ Surprise တခု ဖြစ်ခဲ့ပါတယ်။

2NE1 အဖွဲ့ဝင်ဟောင်း Park Bom အတွက်လည်း ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံခြားမှ အနုပညာရှင်တယောက်နဲ့ လက်တွဲလုပ်ကိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ Park Bom ကတော့ ၂၀၁၉ ခုနှစ်ကစတင်ပြီး တကိုယ်တော် ရပ်တည်နေတာဖြစ်ပြီး 2NE1 အဖွဲ့အနေနဲ့လည်း ဆယ်စုနှစ်ကြာ အောင်မြင်မှု ရရှိနေဆဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ Collaboration သီချင်း “Red Light” ရဲ့ Teaser Video နဲ့တင် ပရိသတ်များက မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

You may also like these stories:

အကောင်းအဆုံး ဟာသ အနုပညာရှင်အဖြစ် Yoo Jae Suk ၉ နှစ်ဆက်တိုက် အရွေးခံရ

ပရိသတ် ရွေးချယ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ထိပ်တန်း ကိုရီးယားမင်းသားများ

tvN ရုပ်သံသမိုင်းမှာ လူကြည့်နှုန်း ဒုတိယအမြင့်ဆုံး ဖြစ်နေတဲ့ “Mr. Queen” ဒရာမာ

Loading