The Voice Myanmar Season 3 ရဲ့ Semi Final ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး Coach ၄ ဦးမှ နောက်ဆုံးဖိုင်နယ်အတွက် ပြိုင်ပွဲဝင်တဦးစီ ရွေးချယ်ခဲ့ပြီ ဖြစ်ပါတယ်။
နောက်ဆုံး ဖိုင်နယ်ပွဲကို တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင်တွေကတော့ Team YC မှ Error ၊ Team ကျားပေါက်မှ တွမ်ပီး၊ Team နီနီခင်ဇော်မှ ခင်ရတနာစိုး၊ Team R ဇာနည်မှ N Oo L တို့ပဲ ဖြစ်ပါတယ်။
မနေ့က Semi ဖိုင်နယ်မှာတော့ Team တခုချင်းစီမှ ပြိုင်ပွဲဝင် ၂ ဦးစီ၊ စုစုပေါင်း ပြိုင်ပွဲဝင် ၈ ယောက်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်တွေရဲ့ ရွေးချယ်မှု ၄၀ ရာခိုင်နှုန်း၊ ပရိသတ်ရဲ့ Voting ၆၀ ရာခိုင်နှုန်းတို့နဲ့ Final ပြိုင်ပွဲဝင် ၄ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
The Voice Myanmar Season 3 ကို စက်တင်ဘာလအတွင်းမှ စတင်ကာ Blind Audion ဖြင့် ပြိုင်ပွဲဝင်များကို ရွေးချယ်ခဲ့ပြီး TV မှာစတင်ပြသခဲ့ရာ Battle Round ၊ Knockout Round နဲ့ Live Show အစီအစဉ်တို့ကို ထုတ်လွှင့် ပြသခဲ့ပါတယ်။
Blind Audition ကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ယောက်စီ ခေါ်ယူခဲ့ပြီး အဆင့်ဆင့်ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ Semi Final မှာ Team တခုကို ပြိုင်ပွဲဝင် ၂ဦးစီနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ Final မှာတော့ Team တခုမှာ ပြိုင်ပွဲဝင်တယောက်စီနဲ့ Winner ကတော့ တဦးသာ ရရှိမှာဖြစ်ပါတယ်။
Live Show အစီအစဉ်ကိုလည်း ယခုနှစ်မှာ ကိုဗစ်ကြောင့် ပရိသတ်များနဲ့အတူ ကျင်းပခွင့် မရပေမယ့် Virtual Show အနေနဲ့ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ Live Show အစီအစဉ်ကိုတော့ ၃ ပတ် ပြုလုပ်ခဲ့ပြီး မကြာခင်မှာတော့ Final ပွဲရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။
The Voice Myanmar Season 1 မှာတော့ Winner အဖြစ် ငွေစိုး၊ Season 2 မှာတော့ နိုဗန်ထူး တို့က အသီးသီး ရရှိခဲ့ကြပါတယ်။ ယခုနှစ်အတွက် Winner ကတော့ MG(Morris Garages) Brand New ကားသစ်ကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
အွန်လိုင်းကနေ ဆေးပညာနဲ့ ပတ်သက်တာတွေ တင်ပေးနေတဲ့ မင်းတော်ဝင်
Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ
ကိုဗစ်ကာလပြီးရင် Single Album ထွက်ဖို့ ပြင်ဆင်နေတဲ့ ချယ်ရီသင်း