Entertainment

ဂျန်နီဖာလောရန့်စ်၊ လီယိုနာဒိုတို့နဲ့အတူ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်မှာ ပါဝင်လာမယ့် Chris Evans

Want create site? Find Free WordPress Themes and plugins.

“Captain America” မင်းသား Chris Evans ဟာ ဒါရိုက်တာ Adam McKay ရဲ့ နာမည်ကျော်တွေ စုထားတဲ့ ရုပ်ရှင်တကားမှာ မင်းသမီး ဂျန်နီဖာလော့ရန့်စ်၊ မင်းသား လီယိုနာဒိုဒီကာပရီယို၊ မင်းသမီး Meryl Streep၊ မင်းသမီး Cate Blanchett တို့နဲ့အတူ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

အခုအထိ နာမည်ပေးမထားရသေးတဲ့ အဲ့ဒီရုပ်ရှင်ကတော့ ကမ္ဘာကို ထိခိုက်စေမယ့် ဥက္ကာပျံတခုအကြောင်း လူတွေကို သတိပေးမယ့် အာကာသယာဉ်မှူးနှစ်ဦးအကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

Deadline မီဒီယာရဲ့အဆိုအရ အဲ့ဒီဇာတ်ကား သရုပ်ဆောင်စာရင်းမှာ နာမည်ကျော်တွေ ဖြစ်ကြတဲ့ Timothee Chalamet, Jonah Hill, Matthew Perry, Kid Cudi နဲ့ Ariana Grande တို့လည်း ပါဝင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ မင်းသားဟာ သူ့ရဲ့ ဇာတ်ကောင်အသစ်အတွက် ခရီးဝေးဝေးလံလံ သွားဦးမှာ မဟုတ်ဘဲ ရုပ်ရှင်ထုတ်လုပ်ရေးကိုတော့ သူနေထိုင်တဲ့ မက်ဆာချူးဆက်ပြည်နယ်က ဘော်စတွန်မြို့မှာပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါရိုက်တာ McKay ဟာ Netflix အတွက် ရေးပေးထားတဲ့ ဇာတ်ညွှန်းတခုကနေ အခုရုပ်ရှင်ကို ပူးတွဲထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

မင်းသား Chris Evans ဟာ “Toy Story” ရုပ်ရှင်စီးရီးတွေရဲ့ အကြိုဇာတ်လမ်းဖြစ်လာမယ့် “Lightyear” ရုပ်ရှင်မှာ Buzz Lightyear အဖြစ် အသံသရုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။ မင်းသားက “ရှင်းရှင်းပြောရမယ်ဆိုရင် Buzz Lightyear က ကစားစရာအရုပ် မဟုတ်ပါဘူး။ အဲ့ဒီအရုပ်အပေါ်အခြေခံထားတဲ့ လူသား Buzz Lightyear ရဲ့မူရင်းဇာတ်လမ်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီ ရုပ်ရှင်ထဲက Tim Allen ကို ဖယ်ရှားမှာ မဟုတ်ဘူးလို့လည်း မင်းသားက ဝန်ခံပြောဆိုထားပါတယ်။ သူက “Tim Allen ဆိုတာ Buzz Lightyear ပါပဲ။ ဘယ်သူကမှ သူ့ရဲ့ တင်ဆက်မှုကို ထိတို့လို့ မရပါဘူး။ ဘာကြောင့် ဒီဇာတ်လမ်းကို ပြောပြဖို့ ထိုက်တန်တာလဲဆိုတာရယ်၊ ဒီဇာတ်ကောင်က ဘယ်လိုထူးခြားတယ်ဆိုတာ ကျနော်သိဖို့လိုပါတယ်။ ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်တဲ့ နှစ်ချက်တော့ ရှိပါတယ်”

“နံပါတ် ၁ က ဇာတ်လမ်းတခုလုံးမှာ ပါးစပ်က နားရွက်ကို တက်ချိတ်မတတ် မပြုံးဘဲ မနေနိုင်ခဲ့ပါဘူး။ နံပါတ် ၂ က လူတိုင်းက အလွယ်တကူ အနားယူအပန်းဖြေနိုင်မှာပါ။ ပြီးတော့ စိတ်လှုပ်ရှားကြမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

Marvel စတား Chris က ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Knives Out” ရုပ်ရှင်မှာ နောက်ဆုံး ပါဝင်ထားပါတယ်။ စီးရီးထဲမှာဆိုရင်တော့ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ “Defending Jacob” မီနီစီးရီးထဲမှာ ပါဝင်ထားပါတယ်။ “Captain America” ဒါရိုက်တာ Russo ညီနောင်နဲ့အတူ “The Gray Man” ဆိုတဲ့ ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။

Ref:aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading