Entertainment

“Semi Final မှာ သီဆိုခဲ့တာ အားရမှု အရှိဆုံးပါ”လို့ ပြောတဲ့ N Oo L

Want create site? Find Free WordPress Themes and plugins.

“The Voice Myanmar Season 3” သီချင်းဆို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် N Oo L (အန်န်ဦးအယ်လ်) ကတော့ Semi Final ပွဲမှာ သီဆိုခဲ့ရတာ ဆိုခဲ့သမျှ ကျေနပ်အားရမှု အရှိဆုံးလို့ ဆိုပါတယ်။

“Semi Final မှာ သီဆိုရတာကတော့ ဆိုခဲ့သမျှမှာ ကျေနပ်အားရမှု အရှိဆုံးလို့ ပြောရမယ်။ ဘာလို့လဲဆို ကျနော် ဆိုပြချင်တဲ့ သီချင်းလည်း ဖြစ်တော့ အားရပါတယ်။ ကျနော် စိုးရိမ်တာတော့ မရှိဘူး။ တခုပဲ။ ကျနော် ဒီရက်ထဲမှာ အအေးပတ်သလို ဖြစ်တော့ အသံနည်းနည်း ထိခိုက်တာ ရှိတယ်”လို့ အန်န်ဦးအယ်လ်က ပြောပါတယ်။

Semi Final ကနေ ဖိုင်နယ်အဆင့်ထိ တက်ရောက်သွားတဲ့ အန်န်ဦးအယ်လ်က သူ့ကို အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်တယ်လို့ ဆိုပါတယ်။

“ကျနော့်မှာ ပရိသတ်ဆိုပြီး အင်နဲ့အားနဲ့ အားပေးတဲ့ လူနည်းစုလေး ရှိပါတယ်။ ကျနော့်ကို နားလည်ပေးတယ်။ နားထောင်ပေးကြတယ်။ ကျနော့်ကို Voting တွေ ပေးပြီး အားပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ ကျနော့် မိသားစုရယ်၊ ပရိသတ်တွေရယ်၊ ကျနော့်မြို့ရယ်၊ ကျနော့် ကျောင်းက သူငယ်ချင်းတွေရယ် ကျေးဇူး အများကြီးတင်ပါတယ်”လို့ အန်န်ဦးအယ်လ်က ပြောပါတယ်။

မကြာခင် ကျင်းပမယ့် Final ပွဲအတွက်လည်း Coach ဖြစ်သူ အဆိုတော် Rဇာနည်နဲ့ တိုင်ပင်နေတုန်းလို့ ဆိုပါတယ်။

“The Voice Myanmar Season 3”ရဲ့ ပြိုင်ပွဲဝင် N Oo L (ဓာတ်ပုံ – The Voice Myanmar)

“Final အတွက်က အခုထိ ကိုRဇာနည်နဲ့ တိုင်ပင်နေတုန်းပါ။ အရင် အဆင့်တွေတုန်းကတော့ ဘာလုပ်မယ်ဆိုတာကို Coach နဲ့ တိုင်ပင်ပြီးပဲ သွားပါတယ်။ ကျနော်တို့ Team က ၁၂ ယောက်လုံးက ညီအစ်ကို မောင်နှမတွေလိုပဲ။ ဘယ်သူတက်တက် အားပေးခဲ့ကြတယ်၊ ဖေးမခဲ့ကြတယ်။ သူတို့ကိုလည်း သတိရပါတယ်။ သူတို့တွေ အားပေးလို့လည်း အားအများကြီး ရပါတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲစဉ်က ရှည်ကြာသွားတာကြောင့်လည်း Team က ပြိုင်ပွဲဝင်တွေနဲ့ ပိုပြီး ရင်းနှီးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပြိုင်ရတာ အရမ်းရှည်ကြာသွားတော့ ကျနော်တို့ အရမ်းရင်းနှီးသွားကြတယ်။ Team R Zar Ni အဖွဲ့ကနေ ၁၁ ယောက် ကိုယ်စား ဒီနေရာကို ရောက်နေတယ်လို့ပဲ သတ်မှတ်ပါတယ်။ အဲ့လူတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ချွတ်ချော်သွားတဲ့သူတွေပါပဲ။ သူတို့တွေကလည်း ကျနော်လေးစား အားကျရပါတယ်”လို့ အန်န်ဦးအယ်လ်က ပြောပါတယ်။

Winner ရ၊ မရဆိုတာကိုလည်း မတွေးထားဘူးဆိုတဲ့ အန်န်ဦးအယ်လ်က အနုပညာနဲ့ ပတ်သက်လို့ ပရိသတ်တွေ စိတ်မပျက်စေရဘူးလို့ ဆိုပါတယ်။

“Winner ရ၊ မရဆိုတာ ကျနော်လည်း တွေးမထားပါဘူး။ Winner ရပါစေလို့ ဆုတောင်းပေး၊ စေတနာထားပေးတာ ကျေးဇူးတင်ပါတယ်။ သီချင်းဆိုဖို့က လွဲပြီး ကျနော် များများစားစား မတွေးတတ်ဘူး။ သီချင်းဆိုဖို့က လွဲပြီး ကျနော့်မှာ စိတ်ဝင်စားစရာ သိပ်မရှိဘူး။ ကျနော် ဆိုတာကို နှစ်သက်ပေးကြတဲ့သူတွေကို ကျေးဇူးတင်တယ်”

“ပရိသတ်တွေက ကျနော့် မိသားစုဆိုလည်း ဟုတ်တယ်။ ကိုRဇာနည်ရဲ့ ယုံကြည်မှုကြောင့်လည်း အခုချိန်ထိ ရောက်နေတာ။ အနုပညာနဲ့ ပတ်သက်လို့ ပရိသတ်တွေ စိတ်မပျက်စေရပါဘူး။ ကျနော် ကတိပေးပါတယ်”လို့ အန်န်ဦးအယ်လ်က ပြောပါတယ်။

The Voice Myanmar Season 3 ရဲ့ ပြိုင်ပွဲဝင် အန်န်ဦးအယ်လ်ကတော့ Coach ဖြစ်သူ အဆိုတော် R ဇာနည်ရဲ့ Team မှ ဖြစ်ပါတယ်။ အန်န်ဦးအယ်လ်ဟာ မကြာခင်မှာ Final အဆင့် ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

You may also like these stories:

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ငွေကျပ် ၅၀၀၀ နဲ့ Private Group ဖြင့် တင်ဆက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading