• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုဗစ် ဒုတိယလှိုင်းမှာ ဝက်သားပေါင်း ရောင်းဖြစ်သွားတဲ့ စည်သူမောင်

by ချစ်ပိုး
15 December 2020
in Entertainment
A A
သရုပ်ဆောင် စည်သူမောင် / Si Thu Maung's Facebook

သရုပ်ဆောင် စည်သူမောင် / Si Thu Maung's Facebook

4.9k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ကာလမှာ “Phyo” နာမည်နဲ့ ဝက်သားပေါင်း ရောင်းနေတဲ့ သရုပ်ဆောင် စည်သူမောင်က ဝက်သားပေါင်း ရောင်းချဖြစ်ပုံကို အခုလိုပဲ ပြောပြပါတယ်။

“ကျနော် Phyo ဝက်သားပေါင်း ရောင်းဖြစ်တာက ကိုဗစ် ဒုတိယလှိုင်းမှာ အနုပညာ အလုပ်တွေ မလုပ်ရတော့ အလုပ်လည်း လုပ်ချင်တယ်။ သူငယ်ချင်းတွေနဲ့ စုပြီး တိုင်ပင်ပြီး အစားအသောက်ကိုပဲ ရောင်းမယ်ဆိုပြီး လုပ်ကြတယ်။ အဓိကကတော့ ချက်တာက ကျနော့် သူငယ်ချင်း နှစ်ယောက်ပေါ့”

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
284
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
266
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k

“ကျနော် ဘာရောင်းရမလဲ စဉ်းစားရင်း သူတို့ ချက်တဲ့ထဲက အကောင်းဆုံး ဝက်သားပေါင်းကို လုပ်မယ်ဆိုပြီး နာမည်တွေ တိုင်ပင်ပြီး လုပ်ကြတယ်။ ကျနော်တို့ ရောင်းတဲ့ အစားအစာကို စားတဲ့ Customer တွေ အရသာရှိရှိ စားစေချင်တယ်။ ကျနော့် အနေနဲ့ လည်း အလုပ်လေးတခု လုပ်ချင်တာနဲ့ လုပ်ဖြစ်သွားတာပါ။ အခက်အခဲကတော့ သိပ်မရှိပါဘူး”လို့ စည်သူမောင်က ပြောပါတယ်။

စည်သူမောင်ကတော့ သူနဲ့ ရင်းနှီးသူတွေကိုလည်း ဝက်သားပေါင်း ပို့ပေးပြီး စားကောင်းလား ပြန်မေးသလို၊ ပရိသတ်တွေ အားပေးတဲ့အခါလည်း ကိုယ်တိုင် Delivery ပို့ပေးတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် နေတိုးနဲ့ စည်သူမောင် (ဓာတ်ပုံ – Si Thu Maung’s Facebook)

“ကျနော်နဲ့ ရင်းနှီးတဲ့သူတွေကို ဝက်သားပေါင်း ပို့ပြီးမေးတော့ စားကောင်းတယ်။ သူတို့ Page မှာလည်း တင်ပေးတော့ ပျံ့နှံမှုအား ပိုကောင်းတာပေါ့။ ရောင်းရတဲ့ နေရာမှာလည်း အဆင်ပြေပါတယ်။ ဝက်သားပေါင်းလည်း သိပ်မရောင်းကြတာတွေ့လို့ ရောင်းလိုက်တာပါ။ Deli free နဲ့ ကျနော် ကိုယ်တိုင် လိုက်ပို့ပေးတယ်။ ပရိသတ်တွေ အားပေးကြလို့လည်း ဝမ်းသာရတယ်”လို့ စည်သူမောင်က ပြောပါတယ်။

ဝက်သား မစားတဲ့သူတွေအတွက်လည်း ကြက်သားပေါင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စည်သူမောင် (ဓာတ်ပုံ – Si Thu Maung’s Facebook)

“ကျနော် ဝက်သားပေါင်းပို့တော့ Customer ဆီက အချဉ် တွဲဖက်စားချင်ကြတယ်။ အဲ့ဒါနဲ့ တွဲဖက်စားလို့ အချဉ်တမျိုးကို စမ်းနေတယ်။ နောက်တခုက ဝက်သား မစားကြဘူး။ ကျနော် ကိုယ်တိုင်လည်း ဝက်သား မစားဘူး။ မစားတော့ ဝက်သား မစားတဲ့သူတွေအတွက် ကြက်သားပေါင်းကိုလည်း ထုတ်ဖို့ ပြင်ဆင်နေတယ်။ ဝက်သားပေါင်းကို တရက်ကို ပွဲ ၂၀ ပဲ အကန့်အသတ်နဲ့ လက်ခံတာ”

“ခင်မင်ရင်းနှီးသူတွေက စားချင်လို့ ဝင်လာရင် လုပ်ပေးရတာတွေ ရှိတော့ သေချာလေး လုပ်နေပါတယ်။ စားသုံးသူတွေကို အရသာ ကောင်းကောင်းလေး စားစေချင်တယ်။ အများကြီးဆိုရင် အရသာပိုင်း အားနည်းသွားမှာစိုးလို့ နောက်ပိုင်းမှာ ရက်အကန့်အသက်နဲ့ ရောင်းဖို့တော့ လုပ်နေတယ်။ ဝက်သားပေါင်းမှာ သေချာလုပ်ပြီးသွားရင် ကြက်သားပေါင်း ထပ်ထုတ်မယ်”လို့ စည်သူမောင်က ပြောပါတယ်။

အနုပညာရှင်တွေ စီးပွားရေး လုပ်ကြတာကို ဝေဖန်နေကြတဲ့အပေါ် လည်း စည်သူမောင်က အခုလိုပဲ ဆိုပါတယ်။

“ကျနော်တို့က အခုလို လုပ်တာ သူဌေးဖြစ် လုပ်နေကြတာလည်း မဟုတ်ပါဘူး။ အစားအသောက်ကို ကိုယ်လုပ်နိုင်တာလေးပဲ ပရိသတ်ကို ကောင်းကောင်းလေး စားစေချင်တာရယ်၊ အနုပညာ မလုပ်ဖြစ်တဲ့ အချိန်အတွင်းမှာ အလုပ်လေးတခု လုပ်ချင်တဲ့ စိတ်လေး၊ အနုပညာပဲ ကျနော်တို့က လုပ်တတ်တယ်။ အနုပညာပဲ လုပ်ချင်တာပါ”

“အခုချိန်မှာ အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်ခွင့်မရချိန်မှာ စီးပွားရေး လုပ်လိုက်တာပါ။ အစားအသောက် လုပ်ငန်းရှင်တွေကို ဖိုက်ဖို့အတွက်လည်း မဟုတ်ဘူး။ ကျနော်တို့ ချစ်တဲ့ ပရိသတ်တွေနဲ့လည်း ထိတွေ့ခွင့်ရတယ်။ အလုပ်လည်းလုပ်ဖြစ်တယ် ဆိုပြီးလုပ်တာပါ။ ပင်လယ်ရေကလည်း အကျယ်ကြီးပါ။ အနုပညာတွေ မလုပ်ရသေးလို့ လုပ်ကြတာပါ”လို့ စည်သူမောင်က ပြောပါတယ်။

သရုပ်ဆောင် စည်သူမောင်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာ ဖြစ်ပါတယ်။ စည်သူမောင်ကတော့ အနုပညာသက်တမ်း ၁၇ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

You may also like these stories:

အသက် ၄၁ နှစ်ပြည့် စိုးမြတ်နန္ဒာရဲ့ မွေးနေ့ဆုတောင်း

“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”

“Semi Final မှာ သီဆိုခဲ့တာ အားရမှု အရှိဆုံးပါ”လို့ ပြောတဲ့ N Oo L

Your Thoughts …
Tags: Phyoကိုဗစ်ကာလစည်သူမောင်ဝက်သားပေါင်းအစားအသောက်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

by ဧရာဝတီ
30 October 2024
735

အမေရိကန်သို့ အသားနှင့် နို့ထွက်ပစ္စည်း တင်ပို့ရန် မြန်မာကို ခွင့်ပြုထားခြင်းမရှိဘဲ ထိုတရားမဝင်ပစ္စည်းများ အမေရိကန်သို့ မည်သို့ ရောက်လာသည်ကို အထက်ပါဌာနက စုံစမ်းစစ်ဆေးနေသည်။

အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

by ရေဗန်
31 January 2019
29k

ဂျင်းနဲ့ သံပုရာသီးကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာကလည်း အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းဟာ ပျို့အန်ခြင်းကို ထိန်းပေးပြီး သံပုရာသီးကို ရေနွေးနဲ့ ဖျော်သောက်တာက ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို မြင့်တင်ပေးပါတယ်။

Seafood Grilled Pallet / ထက်ဦးဝေ / ဧရာဝတီ

ပင်လယ်စာကောင်းကောင်းစားချင်သူများအတွက် “စိတ်ကြိုက်” ပင်လယ်စာ

by ထက်ဦးဝေ
4 December 2016
31.9k

ပုဇွန်မီးတောက်အစပ်ချက်ကတော့ ပုဇွန်ခပ်ကြီးကြီး သုံးကောင်ပါဝင်ပြီး ဟင်းလျာလာချတဲ့အချိန်မှာ မီးတောက် နေတာဖြစ်ပါတယ်။ မီးတောက်အောင်လို့ ဆီတမျိုးသုံးတယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Facebook

ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ

by ချစ်ပိုး
14 January 2021
8.2k

ကိုဗစ် ပထမလှိုင်းတုန်းက ဆီပြန်ဟင်းတွေ စားဖြစ်လိုက်တယ်။ ထမင်းတွေလည်း အရမ်းစားတာ။ ၃၊ ၄ နပ် စားဖြစ်တာ။ အဲ့ချိန်မှာ အဆီတွေ တက်လာတယ်။

ဘေးကင်းလုံခြုံတဲ့ အစားအစာတွေကို ပြည်သူတွေ စားသောက်နိုင်တဲ့ အခွင့်အရေး ဖန်တီးပေးဖို့ နိုင်ငံတော်မှာ တာဝန်ရှိပါတယ်  / Reuters

သင်စားမယ့် အစားအသောက်တွေက စိတ်ချရရဲ့လား

by သွေး (စစ်ကိုင်း)
7 September 2016
7k

မီးဖိုချောင်သန့်ရှင်းမှု အားနည်းရင် စားသုံးသူတွေကြား အသည်းရောင်အသားဝါ ဘီပိုးကူးစက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အထူးသဖြင့် လမ်းဘေးက မသန့်တဲ့ အစားအစာတွေဟာ ၀မ်းပျက်ဝမ်းလျှောတာကအစ အသည်းရောင် အသားဝါရောဂါအထိ ဖြစ်ပွားနိုင်ပါတယ်။

သရုပ်ဆောင် စမိုင်းလ် / Smile's Facebook

တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်

by ယုဖြူဟန်
25 November 2020
5k

ဒီအစီအစဉ်ကိုတော့ အခုလို ကာလမှာ တနိုင်တပိုင် စီးပွားရေး လုပ်နေသူတွေ ကြော်ငြာခပေးဖို့ ဈေးအများကြီး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Next Post
နှစ်ပေါင်းရာကျော်သက်တမ်းရှိ ကျောက်ဆည်မြို့အနီးက လက်ပံပင်ကြီးကို ဂင်းနစ်စံချိန်တင်နိုင်ရန် စစ်ဆေးမှုများပြုလုပ် (ရုပ်/သံ)

နှစ်ပေါင်းရာကျော်သက်တမ်းရှိ ကျောက်ဆည်မြို့အနီးက လက်ပံပင်ကြီးကို ဂင်းနစ်စံချိန်တင်နိုင်ရန် စစ်ဆေးမှုများပြုလုပ် (ရုပ်/သံ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် / Myanmar President Office

ရခိုင်တွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး သမ္မတ မေတ္တာရပ်ခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate