“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် ပြန်လည် သရုပ်ဆောင်မယ့် မင်းသား Ben Affleck ဟာ နောက်ထပ် ရုပ်ရှင်ဇာတ်လမ်းတခုမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ သူဟာ Disney က ရိုက်မယ့် “Harry Houdini” အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်မှာ သရုပ်ဆောင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
“10 Cloverfield Lane” နဲ့ “Black Mirror” ရုပ်ရှင်ဒါရိုက်တာ Dan Trachtenberg ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ကတော့ William Kalush နဲ့ Larry Sloman တို့ရဲ့ စာအုပ်ဖြစ်တဲ့ “The Secret Life of Houdini: The Making of America’s First Superhero” ဝတ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ Harry Houdini ဟာ လွတ်မြောက်အောင် ကြိုးပမ်းရတဲ့ အံ့သြ မင်သက်ဖွယ် ပြကွက်တွေကြောင့် နာမည်ကျော်ကြားတဲ့ ပရော်ဖက်ရှင်နယ် မျက်လှည့်ပညာရှင်တဦး ဖြစ်ပါတယ်။ လက်ထိပ်နဲ့ အချုပ်အင်္ကျီလိုမျိုး အရာတွေကနေ လွတ်မြောက်အောင် ကြိုးစားတာတွေ အပါအဝင် ဝေလငါးဝမ်းဗိုက်နဲ့ ရေအောက်ထဲမှာ ပစ်ချထားတဲ့ သေတ္တာတွေထဲအထိ သွားရောက်နိုင်တာ အပါအဝင် ကြိုးပမ်း လုပ်ဆောင်မှုတွေေ ကြာင့် ကမ္ဘာကျော်သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မင်းသား Affleck ဟာ အခုရုပ်ရှင်မှာ မျက်လှည့်ပညာရှင် Houdini နေရာကနေ ပါဝင်သရုပ်ဆောင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ မင်းသားဟာ အေးဂျင့်ပုံစံအဖြစ် သရုပ်ဆောင်မယ့် ဇာတ်ပို့ ဇာတ်ကောင် နေရာကနေ ပါဝင်မှာလည်း ဖြစ်ပါတယ်။
Houdini ရဲ့မန်နေဂျာဟာ ဥရောကတခွင်မှာ မျက်လှည့်ပြသမယ့်ခရီးစဉ်ကို စတင်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့အထဲမှာ အဓိကကျတဲ့နေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဗြိတိသျှအေးဂျင့် Harry Day ဟာ Houdini ကို လျှမ်းလျှမ်းတောက် အောင်မြင်စေဖို့ ပြောင်းလဲပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မင်းသား Affleck ဟာ အဲ့ဒီဇာတ်ကောင် နှစ်ခုထဲက တခု နေရာမှာ သရုပ်ဆောင်ဖို့ ရှိနေပါတယ်။
မင်းသားဟာ ဘယ်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်တာပဲဖြစ်ဖြစ် အဲ့ဒီရုပ်ရှင်ကတော့ မင်းသား ပါဝင်မယ်ဆိုလိုက်တာနဲ့ ပရိသတ် စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းမှာအထင်ရှားဆုံး မျက်လှည့်နဲ့ ပဉ္စလက်ပညာရှင်တဦးရဲ့အကြောင်းကို အခြေခံမယ့်ရုပ်ရှင် ဖြစ်တာကြောင့် စောင့်မျှော်နေကြပြီလည်း ဖြစ်ပါတယ်။
Ref: asiaone