“The Voice Myanmar Season 3” သီချင်းဆို ပြိုင်ပွဲမှာ Semi Final ထိရောက်အောင် ယှဉ်ပြိုင်ခဲ့တဲ့ “Error” အဖွဲ့က ပြိုင်ပွဲတွေမှာ နေရာ ရလေ့ရထ မရှိတဲ့ Music အမျိုးအစားနဲ့ Final အထိ ရောက်လာတဲ့အတွက် အားပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကို အားပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ဘာမှ မမျှော်လင့်ဘဲနဲ့ အကောင်းဆုံး လုပ်ခဲ့တယ်။ အဲ့အတွက်လည်း ကျေနပ်ပါတယ်။ Rap ဆိုတဲ့ ကျနော်တို့ ဒီလို Final ထိ ရောက်လာတာ တော်တော်ကံကောင်းနေပါပြီ။ Final မှာလည်း အကောင်းဆုံး ကြိုးစားပြီး သီဆိုသွားမှာပါ။ Rapper တွေပဲ ရွေးပြိုင်တဲ့ ပွဲလည်း မဟုတ်ဘူး”
“ပြိုင်ပွဲတွေမှာ နေရာ ရလေ့ရထ မရှိတဲ့ Music အမျိုးအစားဆိုတော့ Final ရောက်တာကို ပျော်တယ်။ ကျနော်တို့ ကိုရန်ချမ်းနဲ့လည်း အမြဲ တိုင်ပင်ပြီး လုပ်ပါတယ်။ ကိုရန်ချမ်းကလည်း ကျနော်တို့ကို တော်တော် ဂရုစိုက်တယ်။ အစ်ကို့ လမ်းညွှန်မှုကြောင့်လည်း ဒီထိ ရောက်လာတာ ပါပါတယ်။ ကျနော်တို့ကို ချစ်ပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်”လို့ Error အဖွဲ့က ပြောပါတယ်။
Final ပွဲမှာလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင်၊ Final နဲ့ ထိုက်တန်အောင် ဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။
“Final ဆိုတာနဲ့ ကျနော်တို့နဲ့ တန်အောင် ဖျော်ဖြေမယ်။ ကျန်တာတော့ ဘာမှ မစဉ်းစားထားဘူး။ Winner ရရှိခဲ့ရင်ဆိုပြီး တွေးတာ လောဘပဲ။ ကျနော်တို့ကို အားပေးတာနဲ့ တင်ကျေနပ်တယ်။ စပြိုင်ကတည်းကလည်း ဒီနေရာထိ ရောက်လာမယ် ထင်တာ မဟုတ်ဘူး။ ဒီနေရာရောက်လာတာတောင် ပရိသတ်တွေကို အရမ်းကျေးဇူးတင်ရပါတယ်”လို့ Error အဖွဲ့က ပြောပါတယ်။
Winner ဆုဆိုတာ ထိုက်တန်ရင် ရမှာပါလို့ Error အဖွဲ့မှ Shake က ဆိုပြီး Rap ဆိုတာလည်း ဂီတတခု ဆိုတာ သိစေချင်တဲ့အတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပရိသတ်တွေ အကုန်လုံးရော၊ ပွဲစီစဉ်သူတွေရော၊ ဒိုင်တွေရော၊ အကုန်လုံး ကျေးဇူးတင်ပါတယ်။ Winner ကတော့ ထိုက်ရင် ရမှာပါ။ ကျနော်တို့ ရမယ်လို့ မတွေးထားဘူး။ ကျနော်တို့က Hip Hop ဆိုတဲ့အတိုင်း ကျနော်တို့ Rap နဲ့ ပထမဆုံး စင်ပေါ်ရောက်လာတာ။ ဘယ်ပြိုင်ပွဲဖြစ်ဖြစ် Rap က အဲ့လောက် အကျုံးဝင်တာ မဟုတ်ဘူး”
“ရှေ့အစီအစဉ်တုန်းကလည်း Rap က Semi Final တောင် မရောက်ခဲ့ဘူး။ အခု Semi Final တောင်ရောက်ခဲ့တယ်။ အဲ့တာ ကျနော်တို့အတွက် ကောင်းတဲ့ ရလဒ်လို့ မြင်ပါတယ်။ ကျနော်တို့ အကောင်းဆုံး လုပ်ခဲ့တယ်။ ဒီနေရာထိ ရောက်ခဲ့တယ်။ ပြိုင်ပွဲအများစုမှာ ပုံမှန်သီချင်းတွေနဲ့ပဲ နေရာ ရခဲ့တာ မထူးဆန်းတော့ဘူး။ Rap ဆိုတာလည်း ဂီတတခုပါဆိုတာကို သိစေချင်တဲ့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ Error အဖွဲ့က ပြောပါတယ်။
Error အဖွဲ့ကတော့ “The Voice Myanmar – Season 3” ရဲ့ Coach တဦးဖြစ်သူ အဆိုတော် ရန်ရန်ချမ်းရဲ့ Team မှ ဖြစ်ပြီး မကြာခင်မှာ Final အဆင့် ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
You may also like these stories:
အခက်အခဲတွေ ရှိပေမယ့် Final အထိ ရောက်အောင် ကြိုးစားမယ့် “Error” အဖွဲ့
“Semi Final မှာ သီဆိုခဲ့တာ အားရမှု အရှိဆုံးပါ”လို့ ပြောတဲ့ N Oo L