Entertainment

ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို Tom Cruise မောင်းထုတ်

Want create site? Find Free WordPress Themes and plugins.

မင်းသား Tom Cruise ဟာ လန်ဒန်မြို့မှာ ပြုလုပ်နေတဲ့ “Mission: Impossible” ရုပ်ရှင်အသစ် ရိုက်ကွင်းမှာ COVID-19 စည်းမျဉ်း စည်းကမ်း မလိုက်နာကြတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို အော်ဟစ် မောင်းထုတ်ခဲ့ပြီး တကယ်လို့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် အလုပ်ထုတ်ပစ်မယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း The Sun သတင်းစာက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

The Sun သတင်းစာက ရရှိခဲ့တဲ့ အသံသွင်း တိတ်ခွေထဲမှာတော့ အဲ့ဒီ အက်ရှင်ရုပ်ရှင်ထဲက မင်းသား Cruise နဲ့ ထုတ်လုပ်သူတွေဟာ ကပ်ရောဂါ ကာလအတွင်း ရုပ်ရှင်တွေ ရိုက်ကူးမှုကို ခွင့်ပြုထားတဲ့ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေးနဲ့ တခြားစည်းမျဉ်းတွေကို လိုက်နာခြင်း မရှိတဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို အော်ဟစ် ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးနဲ့ နီးစပ်သူ တဦးကတော့ အဲ့ဒီတိတ်ခွေဟာ အစစ်အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားရဲ့ ကိုယ်စားလှယ်ကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာ မပေးသေးပါဘူး။

မင်းသား Cruise က “ကျနော် ညတုန်းက စတူဒီယိုတိုင်းနဲ့ ဖုန်းပြောခဲ့ပြီးပြီ။ အာမခံကုမ္ပဏီတွေ၊ ထုတ်လုပ်သူတွေနဲ့ရော ဖုန်းပြောပြီးပြီ။ သူတို့က ကျနော်တို့ကိုပဲ စောင့်ကြည့်နေကြတယ်။ သူတို့ရုပ်ရှင်ကို ဖန်တီးဖို့ ကျနော်တို့ကို အသုံးချနေကြတယ်” လို့ ရိုက်ကွင်းပေါ်မှာ ဝန်ထမ်းတွေကို ပြောဆိုခဲ့ပါတယ်။

အဲ့ဒီတိတ်ခွေအရ မင်းသားက “ခင်ဗျားတို့ဆီမှာရှိတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိုရော နားလည်ရဲ့လား။ ကျနော်က ခင်ဗျားတို့ရဲ့ အကြောင်းပြချက်ကို နားလည်တယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့အကျိုးအကြောင်းက မခိုင်လုံဘူးဆိုရင် ခင်ဗျားတို့ ယုတ္တိရှိရှိ ပြောတာကိုတော့ ကျနော် လက်မခံနိုင်ဘူး။ ခင်ဗျားတို့ အလုပ်ထုတ်ခံရမယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ် ဘယ်မှာဖြစ်ခဲ့တယ်ဆိုတာကိုတော့ The Sun သတင်းစာက ထုတ်မပြောထားပေမယ့် ရုပ်ရှင် ထုတ်လုပ်ရေးအဖွဲ့တွေဟာ ဒီဇင်ဘာလ အစောပိုင်းကစလို့ လန်ဒန်မြို့မှာ ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။ သတ္တမမြောက် “Mission: Impossible” ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ရိုက်ကူးရေး လုပ်နေချိန် ကပ်ရောဂါ ဖြစ်ပွားလာမှုကြောင့် ရပ်နားခဲ့ရတဲ့ ပထမဆုံး ရုပ်ရှင်တကား ဖြစ်ပါတယ်။

ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြန်လည် စတင်ခဲ့ပြီး အီတလီ၊ နော်ဝေနဲ့ လန်ဒန်မြို့တွေမှာ ရိုက်ကူးရေးကို လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မင်းသား Cruise က အသစ်ပြန်လည် ရေးဆွဲထားတဲ့ Quarantine စည်းမျဉ်းတွေ အောက်မှာပဲ ရိုက်ကူးရေး တစိတ်တပိုင်း လုပ်ဆောင်နိုင်ဖို့ နော်ဝေ ဝန်ကြီးချုပ်ထံ ကိုယ်တိုင် အသနားခံခဲ့ပါတယ်။

Paramount Pictures ကနေ ဖြန့်ချိမယ့် အဲ့ဒီရုပ်ရှင်ကို လာမယ့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ဖြန့်ချိဖို့ ပြင်ဆင်ထားပါတယ်။ အခုလိုမျိုး ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်း ခက်ခဲနေချိန်မျိုးမှာ “Mission: Impossible” လို ရုပ်ရှင်တွေကို အားထားနေရတဲ့အကြောင်း မင်းသားက ဝန်ထမ်းတွေကို ပြောဆိုခဲ့ဖူးပါတယ်။

မင်းသားက “ကျနော်တို့ ရွှေအဆင့် စံသတ်မှတ်ချက် လိုချင်ပါတယ်။ ကျနော်တို့ကြောင့် အခု ဟောလိဝုဒ်မှာ ရုပ်ရှင်တွေ ရိုက်ကူးခွင့် ပြုရလာစေမှာပါ။ သူတို့က ကျနော်တို့နဲ့ ကျနော်တို့ လုပ်နေတာတွေကို ယုံကြည်ပေးနေကြပါတယ်” လို့ အသံသွင်း တိတ်ခွေထဲမှာ ပြောဆိုထားပါတယ်။

“Mission: Impossible” ရုပ်ရှင်ကတော့ ဟောလိဝုဒ်မှာ နာမည်အရဆုံး ရုပ်ရှင်စီးရီးအတွဲဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Mission: Impossible-Fallout” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေဒေါ်လာ ၇၉၁ သန်းကျော် ရရှိခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

Mission: Impossible ရုပ်ရှင်သစ်အတွက် အကြမ်းစားစတန့် လုပ်ခဲ့တဲ့ Tom Cruise

Tom Cruise တို့ ရိုက်ကူးရေးအဖွဲ့ကို နော်ဝေမှာ Quarantine ကင်းလွတ်ခွင့်ပေး

“Mission: Impossible 7” ရုပ်ရှင်ကို ယူကေမှာ ပြန်လည် ရိုက်ကူးခွင့်ရ

Did you find apk for android? You can find new Free Android Games and apps.
Loading