တနှစ်အတွင်း BTS အဖွဲ့ဟာ သမိုင်းမှတ်တိုင်တွေကို ဆက်တိုက် စိုက်ထူနေချိန်မှာပဲ အခုတော့ Twitter မှာ Follower အများဆုံး အနုပညာအဖွဲ့ ဆိုတဲ့ မှတ်တိုင်သစ် တခုကိုလည်း စိုက်ထူလိုက်ပြန်ပြီ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ အဲ့ဒီ တောင်ကိုရီးယားအဖွဲ့ဟာ အခု သီတင်းပတ်အတွင်းမှာပဲ Follower အရေအတွက် ၃၁ ဒသမ ၅၂ သန်းကို ကျော်လွန်ခဲ့ပြီး အရင်က ကမ္ဘာပေါ်မှာ Follower အများဆုံးအဖွဲ့ဖြစ်တဲ့ One Direction ကို ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗြိတိသျှ အဆိုတော်အဖွဲ့ဖြစ်တဲ့ One Direction ဟာ လက်ရှိမှာ Follower ၃၁ ဒသမ ၅၁ သန်း ရှိပါတယ်။
အခုနှစ်အတွင်း Twitter ပေါ်မှာ ဂီတနဲ့ ပတ်သက်လို့ ဆက်နွယ်မှု အရှိဆုံး အနုပညာအဖွဲ့အဖြစ် BTS က မှတ်တမ်းဝင်ခဲ့ပြီး အဖွဲ့ဝင် Jungkook ရဲ့ ပို့စ်တခုကတော့ အခုနှစ်အတွင်း အဲ့ဒီ ဆိုရှယ်မီဒီယာပေါ်မှာ Retweet အခံရဆုံးပို့စ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပေါင်းများစွာအတွင်း ဂီတအကြောင်းနဲ့ ပတ်သက်လို့ ဖော်ပြခံရမှုအများဆုံး အဖွဲ့လည်း ဖြစ်လာခဲ့ပါတယ်။
One Direction အဖွဲ့ဟာ အခုနှစ်မှာ သူတို့အဖွဲ့သက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်မှာ အဖွဲ့လိုက် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ချိန်ကစလို့ အဖွဲ့ရဲ့ Twitter အကောင့်မှာလည်း ပို့စ်တွေ၊ ပုံတွေ တင်တာ လျော့ကျသွားခဲ့ပါတယ်။ အဖွဲ့ထဲက အဖွဲ့ဝင် ၅ ဦးလုံးကတော့ အဲ့ဒီ ဆိုရှယ်မီဒီယာပေါ်မှာ Follower သန်း ၃၀ ကျော်စီ ရှိနေပါတယ်။
BTS အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်အကောင့်မှာတော့ Follower ၃၁ ဒသမ ၅၂ သန်းရှိပြီး သူ့ရဲ့ တရားဝင် ပရိုမိုးရှင်းဆိုင်ရာ အကောင့်မှာတော့ Follower ၂၆ သန်းကျော် ရှိနေပါတယ်။ BTS အဖွဲ့ကိုတော့ အမေရိကန် မဂ္ဂဇင်း Time က တနှစ်တာအတွက် အကောင်းဆုံး ဖျော်ဖြေသူတွေအနေနဲ့ သတ်မှတ်ထားပါတယ်။
BTS နဲ့ One Direction တို့ရဲ့အနောက်မှာ လက်ရှိ တတိယမြောက် နာမည်အကျော်ကြားဆုံး အဖွဲ့ကတော့ Follower ၂၃ သန်းကျော်ရှိခဲ့ Coldplay အဖွဲ့ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဖွဲ့တွေဟာ သီးသန့် အနုပညာရှင်တွေထက် Twitter ပေါ်မှ တည်ရှိကြတာ နည်းပါးကြပါတယ်။
လက်ရှိ Twitter မှာ Follower အများဆုံး အကောင့်ပိုင်ရှင်တွေကတော့ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား၊ အဆိုတော်တွေ ဖြစ်ကြတဲ့ ဂျက်စတင်ဘီဘာ၊ ကေတီပယ်ရီနဲ့ ရီဟားနား၊ ဘောလုံးသမား ခရစ်စတီနာနို ရော်နယ်ဒိုတို့ ဖြစ်ကြပါတယ်။
Ref: asiaone
You may also like these stories:
BTS အဖွဲ့ရဲ့ “Dynamite” ဝတ်စုံတွေကို ပရဟိတအတွက် လေလံပစ်မည်
ဂရမ်မီ ဆန်ခါတင် ဆုစာရင်းမှာ ပါဝင်ခဲ့တဲ့ BTS အဖွဲ့
ကိုဗစ်ကာလဖြစ်ပေမယ့် အရင်ထက် အမြတ်ငွေ နှစ်ဆရတယ်လို့ BTS ရဲ့ အေဂျင်စီ ဆို