• English
Monday, July 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

PPP ရဲ့ လမ်းစဉ်ကို သဘောကျလို့ ရွေးကောက်ပွဲ ဝင်ဖို့ လုပ်ခဲ့တဲ့ အလှမယ် အေမီဇင်ဝင်း

by ယုဖြူဟန်
24 December 2020
in Entertainment
A A
Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း / Ami Zin Win's Facebook

Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း / Ami Zin Win's Facebook

2.2k
VIEWS
Share on FacebookShare on Twitter

လက်ရှိ အိမ်ထောင်ရှင် မယ်စင်္ကြာဝဠာ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် အေမီဇင်ဝင်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက PPP ပါတီမှ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လုပ်ခဲ့ပေမယ့် အမျိုးသားဖြစ်သူက တပ်မတော်ထဲမှာ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်တာကြောင့် မပြိုင်ဖြစ်ခဲ့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကျမအနေနဲ့ ရွေးကောက်ပွဲကို ဒီနှစ်ဝင်မယ်ဆိုတာကလည်း PPP ပါတီဆိုတာ အခုမှ စထောင်တဲ့ ဖွံ့ဖြိုးတဲ့ပါတီပါ။ ကျမတော့ PPP ပါတီကို သဘောကျတယ်။ ကျမတို့ လူလတ်ပိုင်းအဖွဲ့တွေ စုစည်းပြီးတော့ PPP ပါတီကို တိုးတက်အောင် လုပ်ချင်တဲ့စိတ်နဲ့ သူတို့ရဲ့လမ်းစဉ်ကိုလည်း သဘောကျတယ်ဆိုပြီး ဝင်ကြတယ်။ ကျမ တယောက်တည်း ဝင်တာ မဟုတ်ဘူး။ သူငယ်ချင်းတွေရော ဝင်ကြတယ်။ သူငယ်ချင်းတွေ ဆိုတာတော့ အပြင်ကပေါ့”

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
209
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
236
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
379

“PPP ပါတီကို အားဖြည့်တဲ့သဘောနဲ့ ရွေးကောက်ပွဲ ဝင်ကြမယ်။ တဖက်တလမ်းက အားဖြည့်မယ်။ ကျမတို့ PPP ပါတီသည် ဒီနှစ်မှာ မနိုင်ဘူးဆိုတာလည်း သိတယ်။ နောက်လာမယ့် ၅ နှစ်အတွက် အတွေ့အကြုံရအောင် အရှိန်ကောင်းအောင် ဝင်ကြတဲ့ သဘောများတယ်” လို့ အလှမယ် အေမီဇင်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်ခဲ့ပေမယ့် အမျိုးသားဖြစ်သူက တပ်မတော်ထဲမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် မိသားစုဝင်များအနေနဲ့ ပါတီ နိုင်ငံရေး ကင်းရှင်းရမှာ ဖြစ်တာကြောင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားတာကို ပြန်လည် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း (ဓာတ်ပုံ – Ami Zin Win’s Facebook)

“အဲ့လိုအနေနဲ့ပဲ ဝင်ဖို့ လုပ်တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျမအမျိုးသားသည် တပ်မှာတာဝန်ထမ်းဆောင်နေဆဲ ဖြစ်တဲ့အတွက် မိသားစုဝင်တွေက ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ အချက်နဲ့ လုပ်လို့ မရပါဘူးဆိုပြီး အကြောင်းကြားတဲ့အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ် လျှောက်လွှာတင်ထားတာကို ပြန်ရုတ်သိမ်းလိုက်တယ်။ မဝင်ဖြစ်ဘူးပေါ။ တကယ်လို့ အခြေအနေပေးမယ်ဆိုရင် ပြန်လုပ်ဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပေမဲ့လည်း နောက် ၅ နှစ်မှာလည်း ကျမအမျိုးသားက တပ်မှာပဲ ရှိနေဦးမှာဆိုတော့ မလုပ်ဖြစ်သေးဘူးပေါ့” လို့ အလှမယ် အေမီဇင်ဝင်းက ပြောပါတယ်။

နောက် ၅ နှစ်မှာလည်း အမျိုးသားက ယခုအလုပ်မှာပဲ ရှိဦးမှာဖြစ်တဲ့အတွက် အေမီဇင်ဝင်းအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို လေ့လာရဦးမှာဖြစ်တာကြောင့်လည်း ရှေ့ဆက်လို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျမအနေနဲ့က ဒီနှစ်မှာ ဝင်ပြိုင်မယ် လုပ်ခဲ့ပေမယ့် နိုင်ငံရေးကို သေချာမလေ့လာရသေးဘူး။ အခုမှတပ်က ထွက်လာတာဆိုတော့ ဘာမှ သိပ်မလေ့လာရသေးဘူး။ ဒီနိုင်ငံရေးနဲ့ ပတ်သက်ပြီး လေ့လာရမယ့် စာတွေရှိတယ်။ သင်တန်းတွေ ရှိတယ်။ ဒါမျိုးတွေ အကုန်လုံးကို လေ့လာချင်သေးတယ်။ ဒီနှစ် ဝင်ပြိုင်တာသည် အတွေ့အကြုံရအောင် ဝင်ပြိုင်မယ့် သဘောပါပဲ။ နောက် ၅ နှစ်နေရင် အနေအထားတခု ရှိရမယ်ဆိုတဲ့စိတ် အဲ့တုန်းက ရှိခဲ့တာပေါ့”

“အခုတော့ အမျိုးသားကလည်း တပ်ထဲမှာ ရှိသေးတယ်။ မိသားစုကလည်း ရှိတာမှ ၃ ယောက်ကို ဥမကွဲ သိုက်မပျက် နေချင်တာ ဖြစ်တဲ့အတွက် အခုလောလောဆယ်တော့ ရှေ့ဆက်ပြီး လုပ်လို့မရဘူးပေါ့” လို့ အလှမယ် အေမီဇင်ဝင်းက ပြောပါတယ်။

နောက်ပိုင်းမှာတော့ အဘိုးအဘွားတွေကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးချင်ပြီး လောလောဆယ်တော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အမျိုးသမီးများအတွက် ပရဟိတ စက်ချုပ်သင်တန်းများ ဖွင့်ပေးနေတယ်လို့ သိရပါတယ်။

Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း (ဓာတ်ပုံ – Ami Zin Win’s Facebook)

“ရှေ့ဆက်ပြီးတော့ကတော့ ကျမတို့ အသက်အရွယ်နဲ့ ဘာမှတော့ လုပ်စရာ မရှိပါဘူး။ ပရဟိတပေါ့။ အဘိုးအဘွားတွေကို ကူညီစောင့်ရှောက်ချင်တယ်။ အဲ့ကိစ္စလေးကိုတော့ မဖြစ်ဖြစ်အောင် လုပ်ပါမယ်။ အခုလောလောဆယ် အခြေချမယ့် နေရာကို မရွေးရသေးဘူး။ အမျိုးသား တာဝန်ကျတဲ့ နေရာကို လိုက်နေတုန်းပဲ ရှိသေးတယ်။ နီးစပ်ရာမြို့တွေမှာ စောင့်ရှောက်တာတွေ လုပ်ပေးမယ်။ ပြီးရင် ပရဟိတ စက်ချုပ်သင်တန်းတွေနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အမျိုးသမီးတွေကို ကူညီထောက်ပံ့ဖို့အတွက် စက်ချုပ်သင်တန်းတွေကို ဆက်ဖွင့်နေဦးမှာပါ” လို့ အေမီဇင်ဝင်းက ပြောပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အလှမယ် အေမီဇင်ဝင်းကတော့ ခင်ပွန်းဖြစ်သူဟာလည်း တပ်မတော် အသိုင်းအဝိုင်းကဖြစ်ပြီး သားလေး တယောက်လည်း ရှိပါတယ်။

အေမီဇင်ဝင်းဟာ၂၀၁၈ ခုနှစ်က Mrs Golden Land ဆုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံပေါင်း ၉၀ ကျော်မှ အိမ်ထောင်ရှင် အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ Mrs Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ အလှမယ် အေမီဇင်ဝင်းဟာ စစ်သူနာပြုတယောက်အနေနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

You may also like these stories:

“၂၀၂၀ က ကောင်းတဲ့ နှစ်တနှစ်ပါ”လို့ ဂုဏ်ရည်အေးကျော် ဆို

ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော်အခွေ တနှစ်ပြည့် ကျေးဇူးတင်စကား

ဇာတ်လမ်းတွဲ ရိုက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သရုပ်ဆောင် ဒေါင်း

Your Thoughts …
Tags: PPP ပါတီအလှမယ်အိမ်ထောင်ရှင် အလှမယ်အေမီဇင်ဝင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

by ဧရာဝတီ
2 November 2024
7.8k

Miss Grand International 2024 ကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် အလှမယ်ကိုယ်စားပြု ဒါရိုက်တာက မကျေနပ်ခဲ့ဘဲ သရဖူနဲ့ ဆုစလွယ်ကို ပြိုင်ပွဲစင်မြင့်မှာတင် ဖယ်ရှားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပွဲဆူသွားစေခဲ့ပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင်  / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

by ဧရာဝတီ
14 May 2021
15.3k

Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ "Pray for Myanmar" ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

အလှမယ် ထွန်းပုလဲရတနာ  / Htun Palal Yadanar's Facebook

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

by ဧရာဝတီ
1 March 2021
9.3k

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထွန်းပုလဲရတနာ ပါဝင်တဲ့ ဆေးတက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ရန်ကင်း ကျောက်ကုန်းအထွက်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ဖြိုခွင်း ဖမ်းဆီးခြင်းကို ခံရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Thuzar Wint Lwin's Facebook

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
12 May 2021
18.9k

Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ National Costume ကို အခက်အခဲ အမျိုးမျိုးကြားမှ သူမဆီ ရောက်ရှိဖို့ Organization မှ ကြိုးစား ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

လူကြီးလူကောင်း ရုပ်ရှင်ဇာတ်ကားရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှ လူကြီးလူကောင်း သုံးဦး / ယုဖြူဟန် / ဧရာဝတီ

နာမည်ကျော် မင်းသားကြီးများနဲ့ အလှမယ်လေးယောက်တို့ ရိုက်ကူးမယ့် “လူကြီးလူကောင်း”

by ယုဖြူဟန်
10 January 2018
40.6k

“ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် အဓိကဇာတ်ဆောင်မင်းသမီးလေးယောက်ဆိုရင် ပရိသတ်အနေနဲ့ တခါ ရိုက်လည်း ဒီ မင်းသမီးပဲ နောက်တခါလည်း ဒီမင်းသမီးပဲ မဖြစ်ရအောင် အမြင်ဆန်းအောင် မင်းသမီးအသစ်တွေနဲ့ ရိုက်ကူးသွားပါမယ်” လို့ ဒါရိုက်တာပြည်ဟိန်းသီဟက ပြောပါတယ်။

Next Post
ဇာတ်မင်းသား ဖိုးချစ် / Phoe Chit's Facebook

ဇန်နဝါရီလထဲမှာ ပရိသတ်ပါတဲ့ပွဲ ကျင်းပနိုင်အောင် ကြိုးစားနေတဲ့ ဖိုးချစ်

MAIလေကြောင်းလိုင်း က Embraer လေယာဉ်သစ်များဖြင့် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲမည် (ရုပ်/သံ)

MAIလေကြောင်းလိုင်း က Embraer လေယာဉ်သစ်များဖြင့် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲမည် (ရုပ်/သံ)

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.3k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate