အဆိုတော် ပိုပိုက သူ့ရဲ့ပရိသတ်တွေအတွက် လာမယ့် ခရစ္စမတ်ညမှာ ကြည့်ရှုနိုင်မယ့် Online ဖျော်ဖြေပွဲဖြစ်တဲ့ “Christmas Acoustic Night” ကို ငွေကျပ် ၃၀၀၀ နဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
“ပိုပို VIP Fan Club ဆိုပြီးတော့ Group လုပ်ထားတယ်။ အဲ့ထဲကို Member ကြေး ၃၀၀၀ သွင်းလိုက်တာနဲ့ Group ထဲကို ထည့်ပေးလိုက်မယ်။ အဲ့ကျရင် ပိုပို့ သီချင်းတွေကို နားထောင်လို့ရမယ်။ ဖုန်းပြောခွင့်လည်း ရရှိမယ်။ နောက်တခုက Zoom ပါတီလည်း လုပ်မယ်။ ပရိသတ်တွေလည်း ပျော်အောင်ပေါ့။ မျက်နှာချင်းဆိုင် မြင်ရအောင်” လို့ ပိုပိုက ပြောပါတယ်။
ဒီပွဲကိုတော့ ဒီဇင်ဘာ ၂၅ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်မှာဖြစ်ပြီး သီချင်းဟောင်းများကို ပုံစံအသစ်များဖြင့် သီဆိုမှာဖြစ်သလို ပိုပို ရေးထားပြီး မဆိုဖူးတဲ့ သီချင်းကိုလည်း ဆိုပြမှာလို့ သိရပါတယ်။

“Acoustic Night လေးမှာ ပို့သီချင်းတွေကို ပျော်ပျော်ကြီ ပွဲအစ- ပွဲအဆုံး ခံစားကြည့်ရှု အားပေးဖို့အတွက် Po Po VIP Fan Club Private Group ထဲကို ဝင်ရောက် ကြည့်ရှုအားပေးဖို့ လေးစားစွာ ဖိတ်ခေါ်လိုပါတယ်ရှင့်”
“ဒီဖျော်ဖြေပွဲကို ထုတ်လွှင့်ပြသမယ့် Po Po VIP Fan Club Group ထဲ ဘယ်လိုဝင်ရမယ် Member ကြေး ဘယ်လိုပေးသွင်း ဆိုတာကို ရှင်းပြလိုပါတယ်။ နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ ငွေကျပ် ၃၀၀၀ သာ ပေးသွင်းပြီး Private Group member ဖြစ်နိုင်ကြပါပြီ” လို့ ပိုပိုက ပြောထားပါတယ်။
ဘဏ်အကောင့်များမှ ငွေလွှဲထားကြောင်း Screenshot ကို ပြသပြီးပါက စိစစ်ပြီး Group ထဲကနေလက်ခံပေးလိုက်ရင် ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

“ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အေးအေးဆေးဆေးလေး ကော်ဖီလေး သောက်ရင်း Acoustic သီချင်းလေးတွေနဲ့ ပိုပိုတို့ အတူ ဖြတ်သန်းကြမယ်လေ။ ပရိတ်သတ်တွေ မျက်နှာကြည့်ပြီး အတူတူ စကားပြောကြမယ့် Zoom Party အစီစဉ်လည်း ရှိပါတယ်နော်” လို့ ပိုပိုက ပြောပါတယ်။
အခုလို ကိုဗစ်ကာလမှာတော့ အနုပညာရှင်များဟာ အဆင်ပြေမယ့် နည်းလမ်းများစွာနဲ့ ပရိသတ်တွေကို အွန်လိုင်းကနေ Virtual Live ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်လာကြပါတယ်။
You may also like these stories:
Rating System အတွက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်များ လက်မှတ်ထိုး
ဇန်နဝါရီလထဲမှာ ပရိသတ်ပါတဲ့ပွဲ ကျင်းပနိုင်အောင် ကြိုးစားနေတဲ့ ဖိုးချစ်
PPP ရဲ့ လမ်းစဉ်ကို သဘောကျလို့ ရွေးကောက်ပွဲ ဝင်ဖို့ လုပ်ခဲ့တဲ့ အလှမယ် အေမီဇင်ဝင်း