• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဟာသ အနုပညာရှင်များအသင်း” တည်ထောင်လိုက်တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ

by ချစ်ပိုး
25 December 2020
in Entertainment
A A
ဒါရိုက်တာ ပြည်ဟိန်းသီဟ  / Pyi Hein Thiha's Facebook

ဒါရိုက်တာ ပြည်ဟိန်းသီဟ / Pyi Hein Thiha's Facebook

2.4k
VIEWS
Share on FacebookShare on Twitter

ဟာသဇာတ်ကားတွေ အများဆုံး ရိုက်ကူးတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက “We Love Comedy” ဟာသ အနုပညာရှင်များအသင်း တည်ထောင်ဖြစ်တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ အသင်း ရည်ရွယ်ချက်က အချက် ၃ ချက် ရှိပါတယ်။ ပထမတချက်တော့ ဟာသအနုပညာရှင်များရဲ့ ဝင်ငွေရရှိရေးနဲ့ အလုပ်အကိုင်ရရှိရေး အဲ့ဒါက အဓိကအချက်ပါ။ ဒုတိယအချက်ကတော့ ဟာသအနုပညာရှင်များရဲ့ သာရေးနာရေး ဆောင်ရွက်မယ်ဆိုတဲ့ အချက်ပါ”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.5k
မြိတ်မြို့

မြိတ်မြို့

11 May 2025
581
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
252
“တတိယအချက်ကတော့ ဟာသအနုပညာရှင်များ အနာဂတ်မှာ ရေရှည်တည်တံ့ ခိုင်မြဲရေး၊ မျိုးဆက်သစ်များဖြစ်ပေါ်လာရေးနဲ့ ဟာသ အနုပညာရှင်များအတွက် ကာကွယ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအသင်းကို တည်ထောင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အသင်းကနေ အလှူခံပါတယ်။ အသင်းကို မတည်ငွေ အနေနဲ့ အလှူခံတဲ့ သဘောပါ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

“We Love Comedy” အသင်းမှာ စိတ်တူကိုယ်တူ ဟာသ အနုပညာရှင်များ ပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပြီး ကျန်တဲ့ ဟာသ အနုပညာရှင်တွေလည်း ကဏ္ဍအလိုက် ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ (ဓာတ်ပုံ – Pyi Hein Thiha’s Facebook)

“ကျနော်တို့အသင်း ဖွဲ့စည်းပုံကတော့ ဟာသအနုပညာရှင်တွေ စိတ်တူကိုယ်တူ ပေါင်းစည်းပြီး ဒီအသင်းကို ဖွဲ့စည်းတယ်။ ဒီလို ဖွဲ့ စည်းရာမှာလည်း ရာထူးတွေ အနေနဲ့ ဖွဲ့ စည်းတာမျိုး မဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ အနေအထားနဲ့ ကျနော်တို့ ဖွဲ့စည်းထားတာပါ။ ကျနော် ဆိုရင်လည်း အသင်းကို ဖွဲ့စည်းထားသူအနေနဲ့ပဲ ပါဝင်မှာပါ။ ကျန်တဲ့ ဟာသ အနုပညာရှင်တွေလည်း ကဏ္ဍအလိုက် ပါဝင်သွားမှာပါ”လို့ ပြည်ဟိန်းသီဟက ပြောပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟက သူကိုယ်တိုင် အသင်းကို တည်ထောင်သူအနေနဲ့ အုပ်ချုပ်မှု အပိုင်း၊ ကြီးကြပ်မှု အပိုင်းတွေမှာ တာဝန်ယူထားပြီး အနုပညာကြေး မယူဘဲ မေတ္တာနဲ့ ကူညီသွားမယ်လို့ ဆိုပါတယ်။

“တာဝန်ယူမှု အပိုင်းမှာတော့ အသင်းတည်ထောင်သူ အနေနဲ့ရော၊ အုပ်ချုပ်မှု အပိုင်းရယ်၊ ကြီးကြပ်မှု အပိုင်းရယ်၊ ရိုက်ကူးရေးအပိုင်းရယ် လုပ်ဆောင်သွားမယ်။ တင်ဆက်မှုအပိုင်းမှာလည်း ဒါရိုက်တာကြေးကို မေတ္တာနဲ့ ကျနော် ကူညီပေးထားတယ်။ ကင်မရာတွေ၊ မီးတွေ၊ Editing အပိုင်းတွေကို အခကြေးငွေ တပြားမှ မယူဘဲ မေတ္တာနဲ့ ဝန်းရံပေးထားတယ်”

“အခုလို မေတ္တာနဲ့လုပ်ဆောင်ပေးတဲ့ အတွက် ပါဝင်တဲ့ ဟာသအနုပညာရှင်တွေ ဝင်ငွေအခွင့်အလမ်း ပိုရရှိစေလိုတဲ့ စေတနာနဲ့ စီစဉ်ပေးထားတာပါ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

ဟာသ အနုပညာရှင်တွေကို အကြံပေး ဝေဖန်တာတွေကို လက်ခံပေမယ့် အကြောင်းမဲ့ တိုက်ခိုက်ကြတဲ့အပေါ်လည်း တရားဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ဟာသအနုပညာရှင်များဟာ ကိုယ်တတ်တဲ့ အနုပညာနဲ့ တဖက်တလမ်းကနေ ဝမ်းစာ ရှာရတယ်။ ဖျော်ဖြေ တင်ဆက်ရတယ်။ ကိုယ့်အားပေးတဲ့ ပရိသတ်ကိုလည်း ပျော်အောင် ဆောင်ရွက်ပေးတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေပါ။ အဲ့လို အနုပညာရှင်တွေအပေါ်မှာ တိုက်ခိုက်မှုတွေ အလကားနေ ဆဲတာတွေဆိုရင် ကျနော်တို့အသင်းကို ကာကွယ်ပေးမယ်။ အကြံပေးတာ ဝေဖန်တာကို လက်ခံပါတယ်”

“ဒါပေမဲ့ တချို့တွေကလည်း ဘာမှန်းမသိဘဲနဲ့ ဆဲမယ် ဆိုမယ်ဆိုရင် လူတိုင်းမှာ မိသားစု ရှိတယ်။ အဲ့အတွက် စိတ်မချမ်းမြေ့စရာဖြစ်မယ်။ ကျနော်တို့ ဒီလိုတွေ မဖြစ်အောင် အရင်ဆုံး မေတ္တာရပ်ခံမယ်။ မေတ္တာရပ်ခံလို့ မရရင် ၆၆ ဃနဲ့ တရားဥပဒေနဲ့ ဆောင်ရွက်ဖို့တွေပါ ရှိတယ်။ ဟာသအနုပညာရှင်တွေ အတွက် ငဲ့တဲ့ သဘောပါပဲ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟကတော့ ဒီအကြောင်းအရာတွေကို “မီဒီယာများသို့ မိတ်ဆက် အသိပေးခြင်း”ဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ အသိပေး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာလည်း ဒါရိုက်တာ ပြည်ဟိန်းသီဟက သူ့ရဲ့ Ha Ha Online TV မှတဆင့် နိုင်ငံကျော် Makeup Artist များ ဖြစ်ကြတဲ့ ခင်စန်းဝင်း၊ သုသု၊ လင်းလင်း၊ မထက် (Pop Soul) တို့ဖြင့် “ကျားကျားတို့ အငြိမ့်” ကို ရိုက်ကူး တင်ဆက်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

Rating System အတွက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်များ လက်မှတ်ထိုး

ငွေကျပ် ၃၀၀၀ နဲ့ ကြည့်ရှုနိုင်မယ့် ပိုပိုရဲ့ “Christmas Acoustic Night”

Your Thoughts …
Tags: ဒါရိုက်တာ ပြည်ဟိန်းသီဟဟာသ အနုပညာရှင်များအသင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဒါရိုက်တာ ပြည်ဟိန်းသီဟ    / ဧရာဝတီ

အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

by ဧရာဝတီ
6 December 2020
4.1k

“ကျနော်သည် ဆန်ဝေ၊ ဆီဝေဖို့ မချမ်းသာပါ။ ကျနော့်မှာ ချမ်းသာတာဆိုလို့ စေတနာနဲ့ ပညာပဲ ရှိပါတယ်။ ပြေလည်တဲ့သူများလည်း အလုပ်လုပ်ချင်စိတ်ရှိရင် ဆက်သွယ်လို့ရပါသည်။

Next Post
ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကား ပြောတဲ့ အနုပညာရှင်များ

ကျန်းမာရေးနဲ့ စေတနာ့ ဝန်ထမ်းတွေအတွက် အနုပညာရှင်များရဲ့ အားပေးစကား

လားရှိုးမြို့ရှိသစ်တော စွန့်လွှတ်မြေများ  / ဆက်ပိုင်တိုး / ဧရာဝတီ

လားရှိုးမြို့သစ်တောစွန့်လွှတ်မြေများ တရားဝင် ပြန်ပေးရန် မူလတောင်သူများ လိုလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate