Entertainment

၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ပိုင်တံခွန် ပါဝင်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ TC Candler ကနေ သူတို့ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ စာရင်းတခုဖြစ်တဲ့ “၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာ ၁၀၀ စာရင်း” ကို ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ “အချောမောဆုံးမျက်နှာ ၁၀၀ စာရင်း” ကိုတော့ TC Candler နဲ့ The Independent Critics တို့ကနေ ၁၉၉၀ ပြည့်နှစ်ကစလို့ နှစ်စဉ် ထုတ်ပြန်လာခဲ့တာ ဖြစ်ပြီး အဲ့ဒီလို စာရင်းအမျိုးအစားထဲမှာတော့ နိုင်ငံတကာအရ အသိအမှတ်ပြုခံရဆုံးနဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီကမ္ဘာသိစာရင်းကို ပြုစုဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်ကာ အွန်လိုင်းပေါ်ကနေ ခြေရာခံကောက်ယူခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကြိုက်နှစ်သက်ကြောင်း ဖော်ပြမှု ၈ ဘီလီယံကျော်တောင် ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး စာရင်းနဲ့အတူ ၂၀၂၀ ပြည့်နှစ်အတွက် အလှပဆုံး မျက်နှာ ၁၀၀ စာရင်းကိုပဲ ပူးတွဲထုတ်ပြန်လေ့ရှိပါတယ်။ အခုစာရင်းတွေကတော့ နိုင်ငံတခုချင်းစီအလိုက် သီးခြား ဖော်ပြတာမျိုး၊ နာမည်ကျော်ကြားမှု ပြိုင်ပွဲလိုမျိုး ပြုလုပ်တယ်ဆိုတာထက် အများပြည်သူရဲ့ အမြင်ကို ကျယ်စေဖို့နဲ့ သတင်းပေးဖို့ ကြိုးပမ်းချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၄၀ ကျော်ကနေ နာမည်ကျော်ကြားသူ ၁၂၅,၀၀၀ ထဲကမှ အချောမောဆုံး မျက်နှာ ၁၀၀ စာရင်းကို ဒီနှစ်အတွက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအယောက် ၁၀၀ စာရင်းထဲမှာ K-pop အနုပညာရှင်အများစု အပါအဝင် မြန်မာနိုင်ငံက သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်ဟာ အဆင့် ၁၀ မှာ ပါဝင်နေတာကို တွေ့ရပါတယ်။

သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ဟာ မြန်မာနိုင်ငံအတွင်းမှာ ကျော်ကြားသူတဦး ဖြစ်တဲ့အပြင် အိမ်နီးချင်းနိုင်ငံ တချို့မှာလည်း ပရိသတ် အားပေးမှု ရရှိနေသူလည်း ဖြစ်ပါတယ်။

K-pop အနုပညာရှင်စာရင်းမှာတော့ NCT အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ Lucas ၊ Mark Lee နဲ့ Taeyong တို့ ပါဝင်နေတာကို တွေ့ရပါတယ်။ လက်ရှိပြသနေတဲ့ “True Beauty” ရုပ်သံစီးရီးထဲက မင်းသား Cha Eun-woo ကတော့ အဆင့် ၂၂ မှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် K-pop အဖွဲ့ BTS ထဲက အဖွဲ့ဝင် ၄ ဦးကလည်း အဆင့်အသီးသီးမှာ ပါဝင်နေတာ တွေ့ရပါတယ်။

အဖွဲ့ဝင် Jin က အဆင့် ၃၉၊ အဖွဲ့ဝင် Jimin က အဆင့် ၁၇ နဲ့ အဖွဲ့ဝင် Jungkook က အဆင့် ၄ နေရာမှာရှိနေပါတယ်။ အဖွဲ့ဝင် Jungkook ဟာဆိုရင် ၂၀၁၉ ခုနှစ်တုန်းက အချောမောဆုံး မျက်နှာအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုနှစ်အတွက် ဒုတိယမြောက် အချောအမောဆုံး မျက်နှာနေရာမှာတော့ BTS အဖွဲ့ဝင် V ရပ်တည်နေတာကို တွေ့ရပါတယ်။

BTS အဖွဲ့ဝင် V

ဒါ့အပြင် အနောက်တိုင်းက နာမည်ကျော်တွေဖြစ်ကြတဲ့ Keanu Reeves, Daniel Radcliffe, Michael Fassbender, Dwayne Johnson, Chris Evans, Zac Efron, Chris Pine, Harry Styles နဲ့ David Beckham တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။

ဆွီဒင် Youtuber “Felix Kjellberg”

၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာအဖြစ် သတ်မှတ်ခံရသူကတော့ ဆွီဒင် Youtuber PewDiePie လို့ လူသိများကြတဲ့ Felix Kjellberg ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံးမျက်နှာ ၁၀၀ စာရင်းဝင်ခဲ့ကြသူတွေကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။

100 Cristiano Ronaldo
99 Baekho (Kang Dong-ho)
98 Keanu Reeves
97 Laith Abu Joda
96 Boris Kodjoe
95 Diego Boneta
94 Alexander Skarsgard
93 Mario Casas
92 Matt Bomer
91 Lucas (Wong Yuk-hei)
90 Xhris Watson
89 Daniel Radcliffe
88 Shahid Kapoor
87 Marco Mignot
86 Jamie Dorman
85 Michael Fassbender
84 Dwayne Johnson
83 Armie Hammer
82 Riz Ahmed
81 A$ap Rocky

80 Mark Lee
79 Chris Evans
78 Cagatay Ulusoy
77 Sidharth Malhotra
76 Michael B. Jordan
75 Dan Matsunaga
74 Lucas Bravo
73 Pablo Alboran
72 Alexander Ludwig
71 Taemin (Lee Tae-min)
70 Zac Efron
69 Tyson Wilder
68 Baris Arduc
67 Taeyang (Dong Young-bae)
66 Alejandro Speitzer
65 Tiger Shroff
64 Jacob Elordi
53 Daveed Diggs
62 Bobby (Kim Ji-won)
61 Bright
60 Kivanc Tatlitug

59 Jorge Blanco
58 Jay (Jay Park)
57 Stefanos Tsitsipas
56 Jackson Wang
55 Benjamin Ahlblad
54 William Levy
53 Kelly Oubre Jr.
52 Soobin (Choi Soo-bin)
51 Mariano di Vaio
50 Rurik Gislason
49 Marlon Teixeira
48 Bambam (Kunpimook Bhuwakul)
47 Sebastioan Stan
46 Nyle Di Marco
45 Jake (Jake Sim)
44 Mena Massoud
43 Michiel Huisman
42 Kang Daniel
41 Varun Dhawan
40 Charlie Hunnam
39 Jin (Kim Seok-jin)
38 Chris Pine
37 Andres Wiese

36 Hyunjin (Hwang Hyun-jin)
35 Sam Heughan
34 Patrick Shwarzenegger
33 Alex Sparrow
32 Kai (Kim Jong-in)
31 Christian Hogue
30 Wonho (Lee Ho-seok)
29 Baris Murat Yagci
28 Harry Styles
27 Mingyu (Kim Min-gyu)
26 David Beckham
25 Can Yaman
24 Ni-ki (Nishimura Riki)
23 Luca Marinelli
22 Cha Eun-woo
21 Zayn Malik
20 Jensen Ackles
19 Wang Yibo
18 Tonni Mahfud
17 Jimin (Park Jimin)
16 Michele Morrone
15 Taeyong (Lee Tae-yong)

14 Dean Scheineder
13 Idris Elba
12 Shawn Mendez
11 Lay Zhang
10 Paing Takhon
9 Timothee Chalamet
8 Jason Momoa
7 Xiao Zhan
6 Jason Derulo
5 Henry Cavill
4 Jungkook (Jeon Jung-kook)
3 Chris Hemsworth
2 V (Kim Taehyung)
1 Felix Kjellberg

Ref: koreaportal

You may also like these stories:

ဆင်မကြီး မိုမိုကို ၃ လ မွေးစားထားတဲ့ ပိုင်တံခွန်

“မိဘကို လုပ်ကျွေးပြုစုခွင့်ရတာ သိပ်ကောင်းတဲ့ကံပါ”လို့ ပိုင်တံခွန် ပြော

COVID-19 ကြောင့် ပြည်ပက ကမ်းလှမ်းထားတဲ့ ရုပ်ရှင်တွေ ရပ်နားထားတဲ့ ပိုင်တံခွန်

Did you find apk for android? You can find new Free Android Games and apps.
Loading