TV နဲ့ အွန်လိုင်းပေါ်မှတဆင့် ကြည့်ရှုခံစားနိုင်မယ့် New Year ဖျော်ဖြေပွဲများ
COVID–19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လည်း မကျင်းပခဲ့ရသလို ပွဲအများစုကိုလည်း ငြိမ်သက်စွာ ကျော်ဖြတ်ခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ ကျင်းပကြသလို မြန်မာနိုင်ငံမှာလည်း ပွဲတော်တော်များများကို Virtual Show အနေနဲ့ အွန်လိုင်းကနေ ကျင်းပလာကြပါပြီ။
မကြာခင်မှာ ကျရောက်မယ့် နှစ်သစ်ကူးနေ့အတွက် အွန်လိုင်း ၊ TV များမှ ကြည့်ရှုနိုင်မယ့် ဖျော်ဖြေပွဲများအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) New Year Count Down Emperor
အဆိုတော်ကြီးများ ပါဝင်ဖျော်ဖြေမယ့် “New Year Count Down Emperor” Live Concert ကိုတော့ 50 TV နဲ့ MRTV မြန်မာ့ရုပ်မြင်သံကြားတို့က ပူးပေါင်းစီစဉ် တင်ဆက်မှာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝေလ၊ အောင်လ၊ အောင်ထက်၊ ဝိုင်းစုခိုင်သိန်း၊ Double U တို့ ဖျော်ဖြေသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈ နာရီခွဲ အချိန်မှာ MRTV နဲ့ 50 TV App တို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
(၂) Grand Royal Signature NYE Virtual Party
Grand Royal Signature က တင်ဆက်မယ့် NYE Virtual Party မှာတော့ လူငယ်ဆန်တဲ့ ဖျော်ဖြေတင်ဆက်မှုများစွာကို အဆိုတော်များ DJ များနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဆိုတော် လွှမ်းပိုင်၊ Bobby Soxer၊ အိမ့်ချစ်၊ မိစန္ဒီ ၊ Floke Rose ၊ OU J ၊ MHL ၊ ဂျူနီယာချစ်ကောင်း ၊ Heinz Zack ၊ မိဖူးနဲ့ DJ များ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
“NYE Virtual Party” ကိုတော့ Grand Royal Siganature Facebook Page ကနေလည်း ကြည့်ရှုနိုင်သလို Fortune TV ကနေလည်း ည ၉ နာရီခွဲအချိန်မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၃) Telenor Myanmar Countdown 2021
“Telenor Myanmar Countdown 2021” Virtual Live ကိုတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈နာရီမှာ ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဆိုတော် Big Bag၊ Snare၊ ဘန်နီဖြိုး၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ ယွန်းမြတ်သူတို့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပြီး Pyone Play ကနေလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၄) Cherry Oo Countdown 2021
ချယ်ရီဦးရဲ့ “Countdown 2021” မှာတော့ အဆိုတော် ချစ်ကောင်း၊ သာဒီးလူ၊ ဖြိုးမြတ်အောင်၊ ဘင်ဂျမင်ဆုမ်း၊ မူးလာ၊ Eternal Gosh၊ ကိုခန့် ၊ ဘီလီလမင်းအေး၊ ချမ်းမြေ့မောင်ချို၊ အက်စတာတို့က ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ Channel 9 ရုပ်သံလိုင်းမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး ချယ်ရီဦး Facebook Page နဲ့ Channel 9 Facebook Page တို့မှာလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
You may also like these stories:
ပရိသတ် ရင်ထဲထိမယ့် “ရေစက်” သီချင်းသစ် ထွက်လာတဲ့ ကော်နီ
ငွေကျပ် ၃၀၀၀ နဲ့ ကြည့်ရှုနိုင်မယ့် ပိုပိုရဲ့ “Christmas Acoustic Night”