Entertainment

“Focus Dance 2020” ဖိုင်နယ်ပွဲ ကျင်းပတော့မည်

Want create site? Find Free WordPress Themes and plugins.

မတ်လအတွင်းက ပြုလုပ်ကျင်းပရန် စီစဉ်ထားခဲ့တဲ့ Focus Dance 2020 ပွဲကြီးကို COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ အတွင်း အပြီး ကျင်းပရမှာဖြစ်တဲ့အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ Final ပွဲကို အွန်လိုင်းမှတဆင့် ဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Final မှာ ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသော အကအဖွဲ့များဟာ ကိုယ်နေထိုင်ရာ နေရပ်ကနေ ဗီဒီယိုများဖြင့်သာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အကဲဖြတ်ဒိုင်များကလည်း အွန်လိုင်းကနေတဆင့် ဗီဒီယိုများကို အကဲဖြတ် ကြည့်ရှု အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“Focus Dance 2020 အကပြိုင်ပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၉ နာရီမှာ Focus Dance 2020 Page ကနေ ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် နီနီနဲ့အတူတူ Secret Pieces အဖွဲ့က အကအလှတွေနဲ့ တင်ဆက်သွားမှာပါ”

“အဓိကကတော့ ဒီအကပြိုင်ပွဲကြီးက မြန်မာပြည်မှာရှိတဲ့ အကဝါသနာရှင်များကို ရည်ညွှန်းပြီးတော့ ပြုလုပ် ကျင်းပထားတာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်လည်း အရမ်းကောင်းပါတယ်။ နီနီကိုယ်တိုင်ကလည်း Performer ၊ Dancer တယောက်လည်း ဖြစ်တယ်။ အဆိုတော်တဦးလည်း ဖြစ်တဲ့အတွက် အရမ်းကို စိတ်ဝင်စားရတဲ့ ပြိုင်ပွဲကြီး ဖြစ်ပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

ဒီပွဲမှာတော့ အဆိုတော် ရဲလေး၊ ရဲရင့်အောင်၊ နီနီခင်ဇော်တို့က “Secret Pieces” အကအဖွဲ့နဲ့ အတူ အကအလှများနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

“ကျနော် ငယ်ငယ်ကတည်းက Dancer တယောက်လည်း ဖြစ်ချင်ခဲ့တာပေါ့နော်။ အဆိုတော်တယောက်လည်း ဖြစ်ခဲ့တယ်။ အကဆိုတာက တကယ်ကို အနုပညာပါ။ ကြည့်တော့သာ လွယ်ပေမယ့် တကယ်တမ်း ကိုယ်ပါဝင်ရတဲ့ အချိန်မှာ အဲ့လောက် မလွယ်ဘူး။ ရူးသွပ်မှု တခုနဲ့ကို ရှင်သန်ရတဲ့အနုပညာတခုပါ။ ဒါကြောင့် အကပညာကို စိတ်ဝင်စားတဲ့ ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် Focus Dance 2020 ပြိုင်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်”လို့ ရဲလေးက ပြောပါတယ်။

“Focus Dance 2020” ပွဲကိုတော့ Secret Pieces Dancer အဖွဲ့က Organized ပြုလုပ်ထားတာဖြစ်ပြီး ဒိုင်များအဖြစ် ခိုင်လေး၊ သန့်ဇော် ၊ Jimmy Ko Ko၊ တိုးတိုး တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဆုကြေးငွေများအဖြစ် Winner အနေနဲ့ သိန်း ၃၀ ကျပ် ၊ 1st Runner up သိန်း ၂၀ ၊ 2nd Runner ၁၀ သိန်းကျပ်နဲ့ တခြားသော ဆုများလည်း ချီးမြှင့်မယ်လို့ သိရပါတယ်။

“Focus Dance 2020” အကပြိုင်ပွဲရဲ့ Final List ပွဲစဉ်သို့ တက်ရောက်သွားတဲ့ အဖွဲ့များကတော့ The Dance Lab ၊ Revolution ၊ Team S ၊ The Myst ၊ New Version ၊ Here and Now ၊ Synergy တို့ဖြစ်ပါတယ်။

Final ပွဲစဉ်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလက ကျင်းပရန် စီစဉ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ နှစ်ကုန်မှာ ပြန်လည် ကျင်းပမှာပဲ ဖြစ်ပါတယ်။

You may also like these stories:

TV နဲ့ အွန်လိုင်းပေါ်မှတဆင့် ကြည့်ရှုခံစားနိုင်မယ့် New Year ဖျော်ဖြေပွဲများ

၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ပိုင်တံခွန် ပါဝင်

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

Did you find apk for android? You can find new Free Android Games and apps.
Loading