ကိုရီးယား မင်းသမီး ဆောင်းဟေဂိုနဲ့ နာမည်ကျော် စာရေးဆရာ ကင်အွန်းဆော့တို့ဟာ ဒရာမာစီးရီး အသစ်တခုမှာ ပြန်လည် ဆုံတွေ့ကြတော့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့မှာ Ilgan Sports မီဒီယာက “ဇာတ်ညွှန်းရေးဆရာမ ကင်အွန်းဆော့ဟာ အခုနှစ် ဒုတိယနှစ်ဝက် ကာလမှာ စတင်ရိုက်ကူးမယ့် ဒရာမာ အသစ်တခုအတွက် ပြင်ဆင်နေပါတယ်။ အစောဆုံး ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် လာမယ့်နှစ် ပထမနှစ်ဝက်ကာလမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အနေနဲ့ မင်းသမီး ဆောင်းဟေဂိုကို ရွေးချယ်ထားပါတယ်” လို့ အတွင်းသတင်းတခုကို ကိုးကားပြီး သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီဒရာမာကို Hwa&Dam Pictures နဲ့ Studio Dragon တို့က ပူးတွဲထုတ်လုပ်မှာဖြစ်ပြီး ထုတ်လုပ်ရေးလုပ်ငန်း ပထမအဆင့်အနေနဲ့ ပါဝင်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်နေတယ်လို့ သိရပါတယ်။
Studio Dragon မှ သတင်းရင်းမြစ်တခုက “ဆောင်းဟေဂိုဟာ ဇာတ်ညွှန်းရေးဆရာ ကင်အွန်းဆော့ရဲ့ ဒရာမာအသစ်မှာ အဓိကဇာတ်ဆောင် မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ YTN Star ကို အတည်ပြုထားပါတယ်။ Hwa&Dam Pictures မှ သတင်းရင်းမြစ်တခုကလည်း မင်းသမီး ဆောင်းဟေဂိုဟာ ကင်အွန်းဆော့ရဲ့ ဒရာမာအသစ်မှာ ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။
Ilgan Sports ရဲ့ အဆိုအရ ထုတ်လုပ်မှုဒါရိုက်တာ အန်ဂီဟိုက အခုဒရာမာကို ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ အန်းဂီဟိုကတော့ “Forest of Secrets” Season 1 , “Memories of the Alhambra,” “Watcher,” နဲ့ “Record of Youth” ဒရာမာတွေကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
မင်းသမီး ဆောင်းဟေဂိုနဲ့ စာရေးဆရာမ ကင်အွန်းဆော့တို့ဟာ ၂၀၁၆ ခုနှစ်မှာ KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Descendants of the Sun” ဒရာမာမှာ အတူတူ အလုပ်လုပ်ခဲ့ကြပြီး လူကြည့်နှုန်း ၃၈ ဒသမ ၆ ရာခိုင်နှုန်းအထိ စံချိန်တင် ရရှိခဲ့ပါတယ်။
ကမ္ဘာတဝန်းကိုလည်း ကိုရီးယား အနုပညာရေလှိုင်း ထပ်မံ ရိုက်ခတ်ခဲ့ပါတယ်။ အခုအချိန်အထိလည်း အဲ့ဒီဒရာမာဟာ သီတင်းပတ်ကုန်ပိုင်းမှာ ပြသခဲ့တဲ့ ကိုရီးယား ဒရာမာတွေထဲမှာ လူကြည့်အများဆုံး ဒရာမာ တခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
Ref:Soompi
You may also like these stories:
ဒရာမာအသစ်မှာ ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ်ဆောင်ဖို့ ရှိတဲ့ ဆောင်းဟေဂို
ကိုလံဘီယာကနေ ပြန်လာခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီအား ၁၄ ရက်ကြာ စောင့်ကြည့်မည်
စစ်မှု မထမ်းခင် သီချင်းအသစ်ဖြန့်ချိခဲ့တဲ့ မင်းသား ပတ်ဘိုဂွန်း