Entertainment

အဆိုတော် လေးဖြူနဲ့ အငဲ ဖျော်ဖြေမယ့် “Stay Home” Live Concert

အဆိုတော် လေးဖြူနဲ့ အငဲတို့ရဲ့ ပထမဆုံး “Stay Home” Live Stream Concert ကို လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“365 Plus ရဲ့ ပထမဆုံးအကြိမ် ရှိုးပွဲမှာတော့ လေးဖြူနဲ့ အငဲက ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ လေးဖြူ၊ အငဲ ညီအစ်ကို နှစ်ယောက်ရဲ့ ပထမဆုံး Stay Home Live ရှိုးပွဲဆိုတော့ ပရိသတ်ကြီးအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ” လို့ 365 Plus မှာ ကြေညာထားပါတယ်။

ဒီပွဲကိုတော့ 365 Plus Application မှတဆင့် ကြည့်ရှုရမှာဖြစ်ပြီး ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

အဆိုပါ Live Show ကြည့်နိုင်မယ့် Application ကို မကြာခင် Download လုပ်နိုင်မှာဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကိုလည်း ကြေညာသွားပေးမှာ ဖြစ်ပါတယ်။

“လေးဖြူ၊ အငဲ Stay Home Live ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲကြည့်ဖို့ စိတ်လှုပ်ရှားနေတဲ့ ပရိသတ်ကြီးအတွက် 365 Plus အက်ပလီကေးရှင်းကိုတော့ မကြာခင်မှာ ဒေါင်းလုဒ်လုပ် ရယူနိုင်တော့မှာ ဖြစ်ပါတယ်” လို့ 365 Plus Page မှာ ကြေညာထားပါတယ်။

အဆိုတော် လေးဖြူနဲ့ အငဲတို့ရဲ့ “Stay Home Live Stream Concert” ကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ ည ၈ နာရီ အချိန်မှာ ပြုလုပ်မှာ ဖြစ်ပြီး ဒီပွဲဟာဆိုရင် ၂၀၂၁ အတွက် ပထမဆုံး ရှိုးပွဲလည်း ဖြစ်ပါတယ်။

You may also like these stories:

၂၀၂၀ ကိုဗစ်ကာလအတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

၂၀၂၁ ခုနှစ်အတွက် အနုပညာရှင်များရဲ့ နှစ်သစ်ဆုတောင်း

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

Loading