Entertainment

မင်္ဂလာပွဲအတွက် ဖိတ်မယ့်လူစာရင်း စဉ်းစားနေတယ်လို့ ဂူဟေဆွန်း ပြော

Want create site? Find Free WordPress Themes and plugins.

“Boys Over Flower” စီးရီးနဲ့ နာမည်ကျော်ကြားတဲ့ တောင်ကိုရီးယား မင်းသမီး ဂူဟေဆွန်းဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ခင်ပွန်းဟောင်း မင်းသား အန်းဂျယ်ယောင်းနဲ့ ကွာရှင်းခဲ့ပြီးဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း မင်းသမီးဟာ ဘာသာစကား လေ့လာမှုတွေ လုပ်ဆောင်ဖို့ အင်္ဂလန်နိုင်ငံကို သွားရောက်မယ်လို့ ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။

အခုတော့ အသက် ၃၆ နှစ်အရွယ် မင်းသမီးရဲ့ အချစ်ရေးအကြောင်း လူပြောများခဲ့ပြန်ပါတယ်။ အကြောင်းကတော့ မကြာခင် လက်ထပ်ပွဲ လုပ်တော့မယ့် အရိပ်အယောင်တွေကို ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့မှာ မင်းသမီးဟာ Kakao TV ရဲ့ Face ID ရဲ့ အစီအစဉ်မှာ သူဟာ အရင်တုန်းက မင်္ဂလာပွဲ မလုပ်ခဲ့ရတာကြောင့် အနာဂတ်မှာ အဆင်ပြေတဲ့ မင်္ဂလာပွဲတခုကို ပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူဟာ သူ့ရဲ့ မင်္ဂလာပွဲကို ဖိတ်ကြားမယ့်လူစာရင်းကိုလည်း ချရေးထားပြီးဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သူက “ကျမ စာရင်းလုပ်ပြီးပါပြီ။ ဒါပေမဲ့ ကျမ ထင်ထားတာထက်ပိုပြီး ရှည်လျားပါတယ်။ လူ ၁၀ ယောက်ကျော်လောက် ရှိပါတယ်” လို့ ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့ပါတယ်။ သူဟာ လက်ရှိမှာ ချစ်သူအသစ်နဲ့ မေတ္တာမျှနေတာကြောင့် လက်ထပ်ဖို့ စဉ်းစားနေတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာတော့ မင်းသမီးက သူဟာ လူသစ်တယောက်နဲ့ တွဲနေပြီး လွန်ခဲ့တဲ့ ၃ လလောက်ကမှ ပထမဆုံးတွေ့ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ တလကို တခေါက်လောက်နဲ့ ၃ လအတွင်း ၃ ခေါက်လောက်သာ တွေ့ဖူးတယ်လို့လည်း ဆိုပါတယ်။ မင်းသမီးက တွယ်ကပ်နေတတ်တဲ့ အမျိုးသားတွေကို သဘောမကျဘူးလို့လည်း ဆိုပါတယ်။

မင်းသမီးဟာ သူ့ရဲ့ခင်ပွန်းဟောင်းကို ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Blood” ဒရာမာရိုက်ကွင်းမှာ ဆုံတွေ့ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ကွာရှင်းတော့မယ်ဆိုတဲ့သတင်းက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးက သူ့ရဲ့ ခင်ပွန်းဟောင်းက သူ့အတင်းတွေကို ပြောဆိုတဲ့အပြင်၊ သူ့ကိုလည်း လိမ်ညာတာတွေရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ မင်းသမီးရဲ့ ရင်သားတွေက ဆွဲဆောင်မှု မရှိဘူးလို့ ပြောဆိုခဲ့ပြီး ခင်ပွန်းဟောင်းဘက်ကနေ ကွာရှင်းခွင့် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းဟောင်း ဂျယ်ယောင်းကတော့ ဇနီးဟောင်း မင်းသမီးဟာ သူ့ရဲ့ တိုက်ခန်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး သူ့အတွက် အကျိုးရှိစေမယ့် အမှန်တရားတွေကိုသာ ရွေးချယ်ပြောဆိုခဲ့တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းမှုဟာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

“Descendants of the Sun” စာရေးဆရာမရဲ့ စီးရီးအသစ်မှာ ပါဝင်မယ့် ဆောင်းဟေဂို

“Crash Landing On You” အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Hyun Bin

Did you find apk for android? You can find new Free Android Games and apps.
Loading