Entertainment

Ah Boy နဲ့ ချမ်းမြေ့မောင်ချိုရဲ့ “အငွေ့အသက်များ” သီချင်း JOOX 2020 Popular ဆုရရှိ

၂၀၂၀ ခုနှစ်အတွင်းမှာ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အဆိုတော် Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ သီဆိုထားတဲ့ “အငွေ့အသက်များ” သီချင်းဟာ JOOX 2020 Popular Song Award ရရှိခဲ့ပါတယ်။

“သီချင်းတွေနဲ့ နှစ်တွေအကြာကြီး ဝေးကွာခဲ့ပေမယ့် ပထမဆုံး ပြန်ဆိုဖြစ်ခဲ့တဲ့ အငွေ့အသက်များ သီချင်းလေးက အခုတော့ ကျနော့် ဘဝအတွက် နောက်ထပ် မှတ်တိုင်တခု ဖြစ်ခဲ့ရပါပြီ။ JOOX 2020 Popular Song Award မှာ ကျနော်နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ သီချင်းလေးက ဆုရရှိသွားတဲ့အတွက် အတိုင်းမသိ ဝမ်းသာကျေနပ် ပီတိဖြစ်ရပါတယ်ခင်ဗျာ” လို့ Ah Boy က ပြောပါတယ်။

ဒီသီချင်းဟာ Ah Boy အတွက် နှစ်တွေအများကြီးကြာမှ ပထမဆုံး ပြန်ဆိုဖြစ်ခဲ့တဲ့ သီချင်းဖြစ်ပြီး ဂီတနဲ့ ပတ်သက်လို့လည်း ပရိသတ်ပေးတဲ့ ဆုကို ပထမဆုံး ရဖူးတာလို့ ဆိုပါတယ်။

အဆိုတော် Ah Boy နဲ့ ချမ်းမြေ့မောင်ချို (ဓာတ်ပုံ – Ah Boy’s Facebook)

“ကျနော့်ဘဝရဲ့ပထမဆုံး ရဖူးတဲ့ ပရိသတ်တွေက ပေးတဲ့ ဂီတနဲ့ ပတ်သက်တဲ့ ဆုလေးဆိုလည်း မမှားပါဘူး။ အခုလိုမျိုး ဆုရရှိအောင် အပြိုင် vote ပေးခဲ့ကြတဲ့ ကျနော့်ရဲ့ Fan တယောက်ချင်းစီတိုင်းရော၊ အထူးသဖြင့် မောင်ချိုရဲ့ Milestones များကို ကျေးဇူး အထူးအထူးတင်ပါတယ်ခင်ဗျာ။ ဒီသီချင်းကို အကောင်းဆုံး ရေးသား ဖန်တီးပေးခဲ့တဲ့ ကိုသားကြီးနဲ့ Music Producer JCZ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်” လို့ Ah Boy က ပြောပါတယ်။

ဒီလို ဆုရရှိဖို့အတွက် Vote ပေးခဲ့ကြတဲ့ ပရိသတ် တယောက်ချင်းစီနဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပြီး သီချင်းဖန်တီးပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

“ကျနော် နောက်ထပ် သီချင်းတွေ ထပ်လုပ်ဖို့ ခွန်အားတွေ အများကြီး ရသွားပါပြီ။ ကျနော့် ပရိသတ်တွေအတွက် ဒီထပ်ပိုကောင်းတဲ့ သီချင်းတွေနဲ့၂၀၂၁ မှာ တင်ဆက် ပေးသွားနိုင်အောင် ကြိုးစားသွားပါမယ်ဗျာ။ Love you all” လို့ Ah Boy က ပြောပါတယ်။

Ah Boy နဲ့ ချမ်းမြေ့မောင်ချိုရဲ့ “အငွေ့အသက်များ” သီချင်း

“အငွေ့အသက်များ” သီချင်းကတော့ သီချင်းတင်မကဘဲ Music Video ကိုလည်း ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ကြပါတယ်။

အဆိုတော် Ah Boy အနေနဲ့ သီချင်းတွေပြန်ဆိုခဲ့တဲ့နောက်ပိုင်း အဆိုပါ “အငွေ့အသက်များ”နဲ့ “ကျေးကျွန်” သီချင်းတို့ ထွက်ရှိထားပါတယ်။ ၂ ပုဒ်လုံးကလည်း ပရိသတ်ကြိုက်တဲ့သီချင်းများ ဖြစ်ခဲ့ပါတယ်။

You may also like these stories:

ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော်အခွေ တနှစ်ပြည့် ကျေးဇူးတင်စကား

ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy

Loading