• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တေးရေးအသစ်တွေဆီက သီချင်းတွေနဲ့ တကိုယ်တော်ခွေ ထုတ်မယ့် နီနီခင်ဇော်

by ယုဖြူဟန်
11 January 2021
in Entertainment
A A
အဆိုတော် နီနီခင်ဇော်  / Ni Ni Khin Zaw's Facebook

အဆိုတော် နီနီခင်ဇော် / Ni Ni Khin Zaw's Facebook

3.5k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ကာလအတွင်း သူနဲ့အတူ လက်တွဲ လုပ်ကိုင်မယ့် တေးရေးဆရာ အသစ်များ ခေါ်ယူခဲ့တဲ့ အဆိုတော် နီနီခင်ဇော်ကတော့ အဆိုပါ တေးရေးဆရာများ ပေးပို့တဲ့ သီချင်းအပုဒ်ရေ ၂၀၀၀ ကျော်ထဲက သီချင်းများနဲ့ သူ့ရဲ့တကိုယ်တော်အခွေအသစ် ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလောက်က အွန်လိုင်းကနေ တေးရေးဆရာအသစ်တွေ အများကြီးခေါ်ခဲ့ပါတယ်။ အဲ့မှာ ပေးပို့ကြတဲ့ သီချင်း အပုဒ် ၂၀၀၀ ကျော်လောက် ရှိတယ်။ အဲ့ထဲကနေ သီချင်းတွေ ရွေးထားတာဆိုတော့ တကယ်ကိုမှ ခွန်အားရှိတဲ့ သီချင်းတွေ၊ အင်အားရှိတဲ့ သီချင်းတွေ ဖန်တီးနိုင်တဲ့အနုပညာရှင်အသစ်တွေ ဆုံဆည်းခွင့်ရတာ ဝမ်းသာစရာကောင်းတယ်။ သီချင်းအသစ်တွေ အရမ်းများနေတာဖြစ်တဲ့အတွက် မတ်လမှာ တကိုယ်တော်အခွေ ထွက်ဖို့ စီစဉ်ထားတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
508
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
295
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
376

အဆိုပါ သီချင်းအပုဒ်ရေ ၂၀၀၀ ကျော်ထဲက ပြန်လည် ရွေးချယ်ခဲ့တာကြောင့် တနေ့ကို သီချင်းအပုဒ်ရေ ၁၀၀ ၊ ၂၀၀ ခန့် နားထောင်ခဲ့ရတယ်လို့ သိရပါတယ်။

“အဲ့ဒီ အပုဒ်ရေ ၂၀၀၀ ထဲက ပြန်ရွေးရတာဆိုတော့ နားမထောင်ဘူးဆိုရင်တောင် တနေ့ကို အပုဒ် ၁၀၀၊ ၂၀၀ နားထောင်ရတယ်။ အချိန်တော်တော်တော့ ပေးရတယ်။ ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက် အချိန်ပိုပေးနိုင်တာပေါ့” လို့ နီနီခင်ဇော်က ပြောပါတယ်။

နှစ်တိုင်းကို မတူညီတဲ့ ပုံစံများနဲ့ ပရိသတ်ကို တင်ဆက်ဖို့အတွက် ကြိုးစားနေပြီး မကြာခင် ထွက်မယ့် အခွေမှာလည်း မတူတဲ့ပုံစံနဲ့ ထွက်ပေါ်လာဦးမယ်လို့ ဆိုပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“နီနီက နှစ်တိုင်းလိုလို ပရိသတ်ကို ဘယ်လို ထူးခြားတဲ့အရာတွေ ပေးရမလဲဆိုပြီး တွေးနေတာပါပဲ။ အခု လောလောဆယ် တင်ဆက်ခဲ့တဲ့ ပွဲတွေမှာလည်း အင်္ကျီ အဝတ်အစားကအစ တခုနဲ့တခု မတူအောင် တင်ဆက်ရသလိုပဲ နှစ်တိုင်းကိုလည်း တနှစ်နဲ့တနှစ် မတူအောင် တင်ဆက်ရတယ်။ အဲ့လိုမှလည်း ပရိသတ်တွေက နီနီတို့ ကြိုးစားနေတယ်လို့ မြင်မှာပေါ့”

“၂၀၂၁ မှာလည်း ထွက်ရှိလာတော့မယ့် အခွေမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ လုံးဝ မတူတဲ့ ပုံစံနဲ့ ထွက်ပေါ်လာမယ်။ နောက်ပြီးတော့ သီချင်းတွေလည်း အများကြီး ပါလာမယ်။ ရိုက်တာတွေကလည်း ကိုဗစ်ကာလဆိုတော့ မပြီးသေးဘူးပေါ့။ အဲဒါတွေကလည်း ဆက်ပြီးတော့ ရိုက်လို့ရခဲ့မယ်ဆိုပြီး ဆက်ရိုက်ဦးမယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဟာ မျှော်လင့်ချက်တွေအပြည့်နဲ့ အသက်ရှင်ခဲ့ကြရပြီး ၂၀၂၁ မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းဖို့အတွက် ဆန္ဒပြုခဲ့ပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“၂၀၂၀ မှာအားလုံးက မျှော်လင့်ချက်တွေနဲ့ ရှင်သန်ခဲ့ရတယ်။ ဘယ်နေ့ကျရင် အပြင်ထွက်လို့ရမလဲ။ ဘယ်တော့ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး နေလို့ရမလဲ ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတယ်။ ၂၀၂၁ မှာ ကာကွယ်ဆေး ပေါ်လာပြီ ဆိုပေမယ့် ဆက်ပြီးတော့ Mask တွေ တပ်ပြီး နေကြရမယ်။ နှလုံးသားချင်း နီးပြီးတော့ အခက်အခဲတွေကြားထဲက ဘယ်လို ရှင်သန်ကြမလဲဆိုတာ လူသားတွေဖြစ်တဲ့အတွက် ဘယ်လို ကြိုးစားပြီးနေမလဲဆိုတာကို ဆုံးဖြတ်ကြရမယ်”

“ဒီကြားထဲမှာ အဆိုးတွေထဲက အကောင်းကဘာလဲဆိုရင် ကိုဗစ်ကာလမှာ လူသားချင်း ကိုယ်ချင်းစာမှုပေါ့။ မျှဝေပြီး လူသားချင်း စာနာထောက်ထားတာက ပိုပြီးမြင်လာရတာ။ ၂၀၂၁ မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းဖို့ ဆန္ဒပြုပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

အဆိုတော် နီနီခင်ဇော်ကတော့ ကိုဗစ်ကာလအတွင်း အခက်အခဲများကြားထဲမှ “The Voice Myanmar Season 3” သီချင်းဆိုပြိုင်ပွဲမှာ Coach တဦးအနေနဲ့ပါဝင်ခဲ့ပြီး ဒီကြားထဲမှာ သီချင်းအသစ်တွေ ထွက်ရှိခဲ့ပါသေးတယ်။

နီနီခင်ဇော်က မကြာခင်မှာ ကျင်းပမယ့် ကဏ္ဍအသီးသီးမှ အကျိုးပြု အောင်မြင်သူများကို ရွေးချယ် ဆုချီးမြှင့်ပွဲအခမ်းအနား “Myanmar’s Pride Awards” မှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်

ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း

Your Thoughts …
Tags: သီချင်းအသစ်အဆိုတော် နီနီခင်ဇော်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဆေးခန်းမှာ ကူညီပေးနေတဲ့ နီနီခင်ဇော်  / Ni Ni Khin Zaw's Facebook

CDM ကာလအတွင်း လူနာတွေအတွက် အခမဲ့ ဆေးခန်းမှာ ကူညီမယ့် နီနီခင်ဇော်

by ဧရာဝတီ
12 February 2021
6.9k

CDM ကာလအတွင်း ဆေးခန်း တပတ် ၂ ရက် ထိုင်ကူပေးပါမယ်။ နီနီ ထိုင်တဲ့ ရက်တွေ လာပြသမျှ ဆေးဖိုးဝါးခတွေ ဒါနပြုပေးပါမယ်ရှင်”လို့ နီနီခင်ဇော်က ပြောထားပါတယ်။

Myanmar Idol Season 4 ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်း

သီချင်းအသစ် ထွက်မယ့်ရက် ရွှေ့လိုက်တဲ့ ဘင်ဂျမင်ဆုမ်း

by ယုဖြူဟန်
15 May 2020
4.7k

ပထမ အစီအစဉ်အရ မေလ ၁၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် သီချင်းအသစ်ကို တင်ပေးမှာဖြစ်ပေမယ့် အခုအခါမှာတော့ မေလ ၁၈ ရက်နေ့ကို ရက်ရွှေ့လိုက်တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မြတ်သူသူ  / Myat Thu Thu's Facebook

သီချင်းအသစ် ထွက်ဖို့ ရှိနေတဲ့ သရုပ်ဆောင် မြတ်သူသူ

by ချစ်ပိုး
27 May 2020
13.6k

ပထမဆုံး သီချင်းလေးမို့ ရင်လည်းခုန်တယ်။ Music Video ရိုက်ပြီး တင်ပေးချင်တာဆိုတော့ ဘယ်လို တင်ပေးရင် ကောင်းမလဲ စဉ်းစားနေတုန်းပါပဲ။

အဆိုတော် နီနီခင်ဇော်  / Ni Ni Khin Zaw's Facebook

ကျန်းမာရေး ဝန်ထမ်းတွေအတွက် လုပ်အားနဲ့ ဆေးဝါးဒါန ပြုပေးတဲ့ နီနီခင်ဇော်

by ဧရာဝတီ
18 February 2021
12.4k

ကျန်းမာရေး စောင့်ရှောက်မှုအတွက် CDM ကျန်းမာရေး ဝန်ထမ်းတွေကို တတ်နိုင်တဲ့ လုပ်အား၊ လိုအပ်နေတဲ့ ကိရိယာအလှူ ဆေးဝါးဒါန ပြုနေပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

အဆိုတော် နီနီခင်ဇော်  / Ni Ni Khin Zaw's Facebook

တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်

by ယုဖြူဟန်
8 October 2020
6.5k

သူ့အတွက် ကိုယ်တိုင် ဖန်တီး ရေးထားတဲ့ ကိုယ်ပိုင်သီချင်း ဘယ်လို ဂီတအမျိုးအစားပဲဖြစ်ဖြစ် ပေးပို့နိုင်တယ်လို့ သိရပါတယ်။

အဆိုတော်၊ မင်းသမီး လင်ဆေးလိုဟန် 

၁၁ နှစ်ကြာပြီးတဲ့နောက် သီချင်းအသစ် ဖြန့်ချိမယ့် လင်ဆေးလိုဟန်

by မစ်ကီ
2 September 2019
5.6k

ပြီးခဲ့တဲ့ မေလမှာကတည်းက လင်ဆေးက ဂီတလောကထဲ ပြန်လာတော့မယ်ဆိုပြီး အရိပ်အမြွက်ပြခဲ့တာပါ။ အသံသွင်း စတူဒီယိုထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကို Instagram မှာ တင်ခဲ့ပါတယ်။

Next Post
၂၀၂၁ ဇန်နဝါရီ ၅ ရက် တရုတ်ပြည် အရှေ့မြောက်ပိုင်း လျုံနင်းပြည်နယ် ရှန်ယန်းဒေသအတွင်း ကိုဗစ်ရောဂါပိုး အမြန်စစ်နေစဉ် / Xinhua

WHO ကျွမ်းကျင်သူများ ကြာသပတေးနေ့ လာမည်ဟု တရုတ် ပြော

မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်းအတွက် Feasibility Study နားလည်မှု စာချွန်လွှာရေးထိုးနေစဉ် / Chinese Embassy in Myanmar

မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု တရုတ်ကုမ္ပဏီလုပ်ဆောင်မည်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.2k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate