Entertainment

“Fast And Furious 9” မှာ ကားမောင်းခွင့်ရမယ့် မင်းသမီးကြီး Helen Mirren

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဟောလိဝုဒ်မင်းသမီးကြီး Helen Mirren ဟာ “Fast And Furious 9” ရုပ်ရှင်ထဲမှာ ကားမောင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။ ပြသဖို့ နှောင့်နှေးမှုတွေ ရှိနေတဲ့ အဲ့ဒီရုပ်ရှင်ထဲမှာ မင်းသမီး ကားမောင်းခွင့်ရမယ့် သတင်းကို မင်းသား Vin Diesel က အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

“The Fate Of The Furious” နဲ့ “Hobbs & Shaw” ရုပ်ရှင်တွေမှာ Deckard နဲ့ Owen တို့ရဲ့ မိခင် Magdalene Shaw အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Mirren ဟာ အဲ့ဒီရုပ်ရှင် စီးရီးတခုလုံးမှာ ကားမောင်းခွင့် မရရှိခဲ့ပါဘူး။

မင်းသား Diesel က “ခင်ဗျားတို့ မှန်ကန်တဲ့ မေးခွန်းကို မေးလိုက်တာပါပဲ။ ဇာတ်လမ်းအကြောင်းအရာကို ကြိုတင်မဖော်ပြဘဲ ခင်ဗျားတို့ကို ကျနော် ဇာတ်လမ်းအကြောင်းအရာ တခုကို ပြောပြပါ့မယ်။ ဟုတ်ပါတယ်။ သူ ကားမောင်းတော့မှာပါ။ တော်တော်လေးကို ထူးခြားပါတယ်။ သူက ကားမောင်းရပါတော့မယ်။ ခင်ဗျားတို့ အဲ့ဒါကို မြင်တောင် မြင်ဖူးမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ်ထဲမှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် အခုနှစ် မေလ ၂၈ ရက်နေ့အထိ ရုံတင်ပြသမယ့် ရက်ကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

မင်းသားက “ဒီအပိုင်းကို စောင့်နေကြတဲ့ ပရိသတ်တွေ အားလုံးအတွက် ရုပ်ရှင်ကို ထွက်စေချင်နေပါပြီ။ ပြီးတော့ ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကိုလည်း ကြည့်စေချင်နေပါပြီ။ အဲ့ဒီရုပ်ရှင်ကို ကြည့်တဲ့အခါ ခင်ဗျားကို စိတ်လှုပ်ရှားရမယ်ဆိုတာကိုတော့ ကျနော် ပြောနိုင်ပါတယ်” လို့ ပြောဆိုထားပါတယ်။

မင်းသားကတော့ ၁၀ ကားမြောက် “Fast & Furious” ရုပ်ရှင်နဲ့ နောက်ထပ် spin-off ရုပ်ရှင်တကားနဲ့ အဲ့ဒီရုပ်ရှင်စီးရီးကို အဆုံးသတ်မယ်လို့ အတည်ပြုထားပါတယ်။

မင်းသားက “မူရင်းဇာတ်မြစ်တွေအကြောင်း ကျနော်တို့ နည်းနည်းလောက် ပိုသိချင်ခဲ့ပါတယ်။ ရုပ်ရှင်စီးရီးတခုဟာ နောက်ခံ အကြောင်းအရာထဲကို ထဲထဲဝင်ဝင် ဖော်ပြသင့်တယ်လို့ ထင်ပါတယ်။ Fast & Furious ဟာ အဲ့ဒါကို လုပ်နိုင်ခဲ့ပြီလို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော့်မှာ နောက်ခံအကြောင်းအရာကို လေ့လာဖို့ ဗီဇအသိရော၊ ဆန္ဒရောရှိနေတယ်လို့ ခံစားရရပါတယ်” လို့ “F9” ရုပ်ရှင်မှာ ပါဝင်လာမယ့်အကြောင်းအရာကို အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်အတွက် အမြည်းဗီဒီယို ထွက်တာ တနှစ်ကျော်လောက် ရှိနေပြီ ဖြစ်ပေမယ့် မင်းသား Diesel ကတော့ ရုပ်ရှင်ထဲက Dom နဲ့ သူ့ရဲ့ အဖွဲ့အကြောင်း အနည်းငယ်သာ ဖော်ပြထားတယ်လို့ ပြောဆိုထားပါတယ်။

မင်းသားက “ခင်ဗျားတို့ အမြည်းဗီဒီယိုထဲမှာ တော်တော်များများကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါကတော့ အကုန်မဟုတ်သေးပါဘူး။ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီရုပ်ရှင်အတွဲလိုက်ရဲ့ ၉ ကားမြောက် အပိုင်းအထိ သစ္စာရှိပေးကြတဲ့ ပရိသတ်တွေဟာ ရုပ်ရှင်ရုံထဲကို ပြန်လာကြတဲ့အခါကျရင် ထူးခြားတဲ့ နေ့တနေ့ ဖြစ်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

Ref: etcanada

Did you find apk for android? You can find new Free Android Games and apps.
Loading