Entertainment

ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် အေးမြတ်သူကတော့ ကိုဗစ် ပထမလှိုင်းမှာ ဝိတ်တွေ တက်လာတာကြောင့် ဒုတိယလှိုင်းမှာ နေထိုင်မှု ပုံစံ ပြောင်းလဲလိုက်တယ်လို့ ဆိုပါတယ်။

“ကိုဗစ် ပထမလှိုင်းတုန်းက ဆီပြန်ဟင်းတွေ စားဖြစ်လိုက်တယ်။ ထမင်းတွေလည်း အရမ်းစားတာ။ ၃၊ ၄ နပ် စားဖြစ်တာ။ အဲ့ချိန်မှာ အဆီတွေ တက်လာတယ်။ ပိန်နေတာပဲ အဆီ မရှိဘူး မဟုတ်ဘူး။ လက်မောင်းတွေ နောက်ကျောတွေနဲ့ ပေါင်မှာ မလိုလားအပ်တဲ့ အဆီပိုတွေ ထွက်လာတယ်။ အဲ့အတွက် အားကစားတွေ လုပ်ဖြစ်တယ်။ နောက်ကျန်းမာဖို့ လိုအပ်တယ်ဆိုတာ ပြန်စဉ်းစားမိတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

ကိုဗစ်နဲ့အတူ ယှဉ်တွဲ နေထိုင်ရမယ့် ပုံစံမျိုးဖြစ်တာကြောင့် ကာကွယ်ဆေး မပေါ်ခင်မှာ ကိုယ်ခံအား ကောင်းဖို့ အာဟာရစုံအောင် စားသင့်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ – Aye Myat Thu’s Facebook)

“ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် ပုံစံမျိုးဖြစ်နေတော့ အိမ်ထဲနေရုံနဲ့ မရတော့ဘူး။ အလုပ်လုပ်ရတော့မယ်။ အိမ်ထဲ ထိုင်နေလို့ မရတော့ဘူးဆိုတော့ ယှဉ်တွဲ နေထိုင်ဖို့အတွက် ကိုယ်တိုင်က ကိုယ်ခံအား ကောင်းနေဖို့ လိုတယ်။ ကာကွယ်ဆေး မပေါ်သေးတော့ ကိုယ်ခံအားကောင်းမှ ခံနိုင်မှာဆိုတော့ ကျန်းမာဖို့ လိုအပ်တယ်။ အစာကိုလည်း အာဟာရ ရှိအောင် အစုံစားရမယ်။ အဆီဟင်းတွေတော့ မစားစေချင်ဘူး။ ဒုတိယလှိုင်းမှာ ချက်ချင်း နေထိုင်မှုပုံစံ ပြန်ပြောင်းလိုက်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလိုက်ချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ – Aye Myat Thu’s Facebook)

“နေထိုင်မှုပုံစံ ပြောင်းလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်။ သူများအမြင်လည်း ကြည့်ရတာ ကောင်းနေတယ်။ ဘယ်လိုလေးဝတ်ဝတ် အဆင်ပြေနေတယ်။ ကိုယ်တိုင်ကလည်း အနုပညာအလုပ် လုပ်တာဆိုတော့ ခန္ဓာကိုယ် လှပဖို့ကလည်း လိုအပ်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

ဆက်လက်ပြီး အေးမြတ်သူက ကိုဗစ်ကာလမှာ စိတ်ဖိစီး၊ စိတ်ညစ်နေမယ့်အစား စိတ်တက်ကြွအောင် နေထိုင်ခြင်းကလည်း စိတ်ဓာတ် ကျန်းမာခြင်းပဲလို့ ဆိုပါတယ်။

သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ – Aye Myat Thu’s Facebook)

“နောက်တခုက တခုခုကို လုပ်ဖို့အတွက် လုပ်ခါနီးမှ ပြင်ဆင်တာထက် ကြိုပြင်ဆင်ထားမယ်ဆိုတဲ့ စိတ်၊ အလုပ်လာရင် ငါအဆင်သင့်ဖြစ်နေရမယ်ဆိုတဲ့ စိတ်ကို မွေးလိုက်တယ်။ အလုပ်မရှိဘူးဆိုပြီး စဉ်းစားနေမယ့်အစား စိတ်ဖိစီးနေမယ့်အစား အလုပ်လာရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ စိတ်နဲ့ တက်ကြွအောင် နေခြင်းက စိတ်ဓာတ် ကျန်းမာခြင်း တမျိုးပဲ”လို့ အေးမြတ်သူက ပြောပါတယ်။

“စိတ်တွေညစ်၊ ဖုန်းတွေ ဖိသုံးတော့ လူက လေးလံ ထိုင်းမှိုင်းပြီး ပြည့်ဖြိုးတာတွေ များတော့ အဲ့လို အဖြစ်မခံဘဲ နေလိုက်ပါတယ်။ အကုန်လုံးလည်း အဲ့လိုပါပဲ။ ကိုယ်ကျန်းမာအောင် နေမယ်။ ကိုယ့်နယ်ပယ် ဝန်းကျင်မှာ ကိုယ်ထပြီး ပြန်လုပ်နိုင်ရင် ဘာတွေလုပ်မလဲ ကြိုတင် ပြင်ဆင်ပါ”လို့ အေးမြတ်သူက ဆိုပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ ကိုဗစ်ကာလမှာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် Gym ပုံမှန် ကစားနေသလို၊ သူ့ရဲ့ လှပတဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်း အလှကြောင့်လည်း လူမှုကွန်ရက် ဆိုရှယ် မီဒီယာမှာ ရေပန်းစားနေပါတယ်။

You may also like these stories:

“ဒို့အသံတွေနဲ့ ပံ့ပိုးမယ်၂၀၂၀” ကမ်ပိန်းမှာ ပါဝင်နေတဲ့ အေးမြတ်သူ

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

Did you find apk for android? You can find new Free Android Games and apps.
Loading