မြန်မာမော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ မကြာသေးခင်ကမှ ဒုလ္လဘ ဝတ်ခဲ့တာဖြစ်ပြီး အခုတော့ သူ့ရဲ့ သင်္ကန်း ဝတ်ထားတဲ့ ဓာတ်ပုံဟာ Instagram လိုမျိုး ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်၊ ဇန်နဝါရီလ ၁၂ ရက်နေ့လောက်က သင်္ကန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံတပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းကစလို့ Instagram ပေါ်က သူ့ပရိသတ်တွေကြားမှာ တော်တော်လေး လူပြောများနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံမှာတော့ သူအရင်က တင်နေကျ ဓာတ်ပုံတွေနဲ့ ကွဲထွက်တဲ့ပုံ စံမျိုးနဲ့ ရိုက်ကူးထားတဲ့ ပုံဖြစ်တာကြောင့် နိုင်ငံတကာက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့တာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ဒါ့အပြင် အခုအတကြိမ်မှာတော့ သူဟာ ဘုန်းတော်ကြီးကျောင်းမှာ ကတုံးတုံးပြီး သံဃာ့ဝတ်ရုံ ဖြစ်တဲ့ သင်္ကန်းနဲ့ မြင်တွေ့ခဲ့ရတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး လူပြောများနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ပိုင်တံခွန်ဟာ ဘုန်းတော်ကြီးကျောင်းမှာ ဒုလ္လဘ ဝတ်နေတဲ့အချိန် ရိုက်ကူးထားတဲ့ အဲ့ဒီဓာတ်ပုံရဲ့ ပုံစာမှာတော့ “ကျနော့်ရဲ့ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကို ၁၀ ရက်၊ ဘုန်းကြီးဝတ်ပြီး ဖြတ်သန်းခဲ့ပါတယ်။ အရမ်းငြိမ်းချမ်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုသိလာတယ်လို့ ခံစားခဲ့ရတယ်” လို့ ရေးသားခဲ့ပါတယ်။
အဲ့ဒီဓာတ်ပုံရဲ့ မှတ်ချက်တွေထဲမှာ အင်တာနက် အသုံးပြုသူတွေဟာ တော်တော်လေး စိတ်ဝင်စားမှု ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
မှတ်ချက်တချို့မှာဆိုရင် “ဆံပင်တွေ … ဒါပေမဲ့ ချောနေတုန်းပဲ” ၊ “တကယ့်ကို မကြည့်ရက်နိုင်ဘူး။ တကယ်လို့သာ ငါ့တို့ဘုရားကျောင်းက ဘုန်းကြီးတွေသာ အဲ့ဒီလောက် ချောမယ်ဆိုရင် ငါအပြစ်ဖြစ်မှာစိုးလို့ ဘုရားကျောင်းကို မသွားရဲတော့ဘူး”
“မင်းက တကယ့်ကို ချောမောတာပဲ၊ ဒီဓာတ်ပုံထဲက ယဉ်ကျေးမှုနဲ့ အရာရာတိုင်းက ကောင်းမွန်မှုဆိုတာကို ဖွင့်ထုတ်ပေးလိုက်တာပဲ။ ငါ့ကို ပြုံးမိစေတယ်။ “ချောလိုက်တာ၊ အဲ့ဒါက ခေါင်းတုံး ဦးထုပ်လို့ ငါ့ကို ပြောလိုက်စမ်းပါ” စသဖြင့် ရေးသားထားတာကြတာကို တွေ့ရပါတယ်။
ပိုင်တံခွန်ဟာ ၂၀၁၄ ခုနှစ်မှာ မော်ဒယ်လောကထဲ စတင်ဝင်ရောက်ခဲ့ပြီးနောက် ရုပ်သံကြော်ငြာ၊ ဂီတဗီဒီယိုနဲ့ ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံတွေမှာ မော်ဒယ်အဖြစ် လုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ ၂၀၁၇ ခုနှစ်မှ “သန်းခေါင်ယံ ခရီးသည်များ” ဆိုတဲ့ ရုပ်ရှင်မှာ ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်ခဲ့ပြီး နာမည် စတင်ရရှိလာခဲ့ပါတယ်။
Buzzfeed ရဲ့ ၂၀၁၈ ခုနှစ်အတွင်း အသက်ရှုမှတ်မှားရတဲ့ အရှေ့တောင်အာရှအမျိုးသား ၂၃ ဦးစာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ကိုရီးယားအဆိုတော်၊ မင်းသား ချွဲစီဝမ်နဲ့ တူတယ်လို့် ဆိုကြတဲ့ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာ နာမည်ကျော်ကြားသူဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာတော့ ထိုင်းနိုင်ငံဆိုင်ရာ ခရီးသွားလုပ်ငန်း သံတမန်အဖြစ် မြန်မာနိုင်ငံက ခန့်အပ်ခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ပိုင်တံခွန် ပါဝင်
ဆင်မကြီး မိုမိုကို ၃ လ မွေးစားထားတဲ့ ပိုင်တံခွန်
“မိဘကို လုပ်ကျွေးပြုစုခွင့်ရတာ သိပ်ကောင်းတဲ့ကံပါ”လို့ ပိုင်တံခွန် ပြော