Burmese Street Boxing က စီစဉ်ပြုလုပ်မယ့် ကိုဗစ်ကာကွယ်ဆေး ဝယ်ရန် ဘတ်ဂျက် တိုးပွားစေဖို့ ရည်ရွယ်တဲ့ Celebrity Boxing Exhibition (ဘောက်ဆင် သရုပ်ပြပွဲ) မှာ အနုပညာရှင်များ ပါဝင်သရုပ်ပြသွားမယ်လို့ သိရပါတယ်။
“ကျနော်တို့ အဓိက ရည်ရွယ်ချက်က လက်ရှိ နိုင်ငံတော်အစိုးရမှ ကိုဗစ် ကာကွယ်ဆေးများ ဝယ်ယူနေရာမှာ ကျနော်တို့ဘက်မှ Charity ရန်ပုံငွေ ရှာဖွေပေးခြင်းဖြင့် ကာကွယ်ဆေး ဝယ်ဖို့ ဘတ်ဂျက် ပိုမိုတိုးပွားစေရန် ရည်ရွယ်ချက် ဖြစ်ပါတယ်”
လက်ရှိမှာတော့ အဆိုပါ ဘောက်ဆင်ပြပွဲအတွက် အဓိကကူညီပံ့ပိုးပေမယ့် Main Sponsor ၊ Co Sponsor များ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။ လက်ခံ ရရှိတဲ့ စပွန်ဆာငွေများ၊ လှူဒါန်းငွေများကို ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ ဘတ်ဂျက်အပြင် မျှော်မှန်းထားတာထက် ပိုမိုရရှိခဲ့ပါက ပရဟိတအသင်းများ၊ မိဘမဲ့ဂေဟာများနဲ့ မူးယစ်ဆေးဝါး ဖြတ်တောက်မှု စင်တာများကို ခွဲဝေ လှူဒါန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒီပွဲမှာ သရုပ်ပြ ထိုးသတ်မယ့် အတွဲအဖက်များကတော့ လက်ရှိ ကြေညာထားသလောက်တော့ ထူးခြား နဲ့ မျိုးသက်ပိုင် ၊ မိုးမိုးနဲ့ နိုဗန်ထူး ၊ မိုးအောင်ရင်နဲ့ J Fire ၊ ရဲနောင်နဲ့ ညီဆက်ကျော် ၊ ပွင့်နဒီမောင်နဲ့ ဂျင်းနီတို့ ဖြစ်ကြပါတယ်။
“ဒီသရုပ်ပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရာမှာ တထောင့်တနေရာက ရန်ပုံငွေရအောင် ဝိုင်းကူညီကြတာပါ။ ကျနော် အပါအဝင် နောက်ထပ် Celebrity ၉ ယောက်လည်းပါဝင် ထိုးသတ်သွားမှာပါ။ ၃ မိနစ် ၃ ချီ ၊ ၁ မိနစ်နားစနစ် ဖြစ်ပါတယ်။ ပွဲနေ့ကို ရုပ်သံ ထုတ်လွှင့်ရေး တခုကနေ တိုက်ရိုက်လွှင့်ပြမှာ ဖြစ်ပါတယ်။ ကျနော့်ရဲ့ပထမဆုံး ဘောက်ဆင်ပွဲလေးကို စောင့်မျှော်အားပေးကြပါဦး” လို့ မိုးအောင်ရင်က ပြောပါတယ်။
ဒီပွဲကိုတော့ ဖေဖော်ဝါရီလ ပထမပတ်မှာ စောင့်မျှော် အားပေးလို့ ရမှာဖြစ်ပြီး အသေးစိတ်ကိုတော့ ပြန်လည် ကြေညာသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“မိုးအောင်ရင် အသုပ်ရောင်းနေတာ ရင်ထဲမကောင်းဘူး”လို့ မို့မို့မြင့်အောင် ဆို
ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ
သင်္ကန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံ ဆိုရှယ်မီဒီယာမှာ လူပြောများနေ