Entertainment

“ရည်းစားထားဖို့ အချိန်မပေးနိုင်သေးဘူး”လို့ ပြောတဲ့ ဆောင်းအိန္ဒြေထွန်း

Want create site? Find Free WordPress Themes and plugins.

“မမဆောင်း”လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့ကို ချစ်ခွင့်ပန်ထားသူ ၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။

“မဆောင်းကို သဘောကျနေတဲ့သူက ၅ ယောက်လောက် ရှိတယ်။ အနုပညာရှင် နှစ်ယောက် ပါတယ်။ လက်တွဲဖော်ရွေးရင် ကိုယ်တိုင်က အသက်ကြီးတဲ့သူကို သဘောကျတယ်။ ရွယ်တူဆို မဆိုးဘူး။ ကိုယ်ကတော့ ကိုယ့်ထက် အသက်ကြီးတဲ့သူဆို ပိုကောင်းမလားလို့ စဉ်းစားရဦးမယ်။ အများကြီး စဉ်းစားရဦးမယ်”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

လက်ရှိမှာ အနုပညာအလုပ်တွေ ကြိုးစားပြီး လုပ်နေတာကြောင့် အချစ်ရေးအတွက် အချိန်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း (ဓာတ်ပုံ – Saung Eaindaray Tun’s Facebook)

“အလုပ်တွေက အချိန်တွေ ပြည့်နေတော့ ရည်းစားထားဖို့ကို အချိန်မရဘူး ဖြစ်နေတယ်။ သူများချိန်းတဲ့နောက် မလိုက်နိုင်သေးဘူး။ မဆောင်းက အေးဆေးနေတတ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေတယ်။ အများကြီးလည်း တွေးမထားဘူး။ ကံစီမံရာပဲ။ ကံစမ်းမဲပဲ နှိုက်လိုက်တော့မယ်။ ကိုယ်က ဘယ်သူ့ကို ကြိုက်ရမှန်း မသိဘူး ဖြစ်နေတယ်”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

အခုခေတ်လို အခုတွေ့၊ အခုလိုက် ပုံစံမျိုး မကြိုက်တာကြောင့်လည်း အချိန်ယူပြီး သေချာ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

“လူတယောက်ကို အဖြေမပေးဘဲ ကြာနေတာပေါ့။ ကိုယ်တိုင်လည်း သေချာလား ပြန်စဉ်းစားရတယ်။ သူတို့ဘက်ကလည်း သူတို့ သေချာလား အချိန်ပေးလိုက်တာ။ အခုခေတ်လို အခုကြိုက်၊ အခုလိုက် ပုံစံမျိုး မကြိုက်ဘူး။ ကိုယ်တိုင်လည်း သေချာရဲ့လား ပြန်စဉ်းစားရဦးမယ်။ တကယ်ချစ်တဲ့သူ နှစ်ယောက်ဆိုရင် ပြဿနာတွေဖြစ်ဖို့က သိပ်မရှိတော့ဘူးလေ”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

အခုချိန်ထိလည်း ချစ်သူ မထားဖူးသေးတဲ့အတွက် ချစ်တယ်လို့ တခါမှ မပြောရသေးဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း (ဓာတ်ပုံ – Saung Eaindaray Tun’s Facebook)

“ကိုယ်လည်း ချစ်တာ မသေချာ၊ သူလည်း ချစ်တာ မသေချာဆိုရင် ပြဿနာတွေ ရှိနိုင်တယ်လေ။ ကိုယ်တိုင်ကလည်း တရက်မှ မအားတော့ ရည်းစား ဘယ်ချိန် ချိန်းတွေ့ရမှန်း မသိဘူး။ ကိုယ်တိုင်ကလည်း သေချာမှ ချစ်တယ်လို့ ပြောချင်တာ။ အခုချိန်ထိတော့ ချစ်တယ်လို့ တခါမှ မပြောရသေးဘူး”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းဟာ “ချစ်ပန်းဝေ” ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့သူ ဖြစ်ပြီး၊ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဆောင်းအိန္ဒြေထွန်းကတော့ နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် တဦး ဖြစ်ပါတယ်။

You may also like these stories:

ကွယ်လွန်သွားတဲ့ ချစ်သူအကြောင်းပြောပြတဲ့ ဆောင်းအိန္ဒြေထွန်

ကိုဗစ်ကာလမှာလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့ ဆောင်းအိန္ဒြေထွန်း

သိန်း ၅၀၀ ကျော်တန်ကား မစီးဘဲ ပရိသတ်တွေကို ဖုန်းဘေလ် လှူတဲ့ ဆောင်းအိန္ဒြေထွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading