"Thor" ရိုက်ကူးရေးအတွက် သြစတြေးလျမှာ Quarantine ဝင်နေတဲ့ Matt Damon
မင်းသား Matt Damon နဲ့ သူ့ရဲ့ မိသားစုဟာ “Thor: Love And Thunder” ရိုက်ကူးရေး မတိုင်မီ သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ် ပြည်နယ်မှာ သီးသန့် စီစဉ်ပေးထားတဲ့ Quarantine ကို ၁၄ ရက်ကြာ စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။
မင်းသား Damon ဟာ သြစတြေးလျနိုင်ငံမှာ ရှိနေရတာ တကယ့်ကိုပဲ ပျော်ရွှင်ရတယ်လို့ Deadline မီဒီယာကို ပြောဆိုထားပါတယ်။ အသက် ၅၀ အရွယ် မင်းသားက “ကျနော့် မိသားစုနဲ့ ကျနော်တို့ဟာ နောက်လာမယ့် လအနည်းငယ်အထိ သြစတြေးလျက အိမ်ကို ခေါ်နိုင်တော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်ပြီး သူက “သြစတြေးလျ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတွေဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ကျမှုအတွက် ကမ္ဘာပေါ်မှာ လူသိများပါတယ်။ ပြီးတော့ ၁၄ ရက် Quarantine ဝင်ပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ရမှာ တကယ့်ကိုပဲ ထိုက်တန်ပါတယ်” လို့ ဆိုပါတယ်။ နယူးဆောက်ဝေး ပြည်နယ်အစိုးရနဲ့ သြစတြေးလျအစိုးရတို့ရဲ့ များပြားတဲ့ အားပေးမှု၊ ထောက်ပံ့မှုတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က “ဟောလိဝုဒ် စူပါစတား Matt Damon ဟာ နယူးဆောက်ဝေးလ်မှာရှိတဲ့ ဒေသခံတွေအတွက် အလုပ်အကိုင် ထောင်ပေါင်းများစွာ ဖန်တီးပေးမယ့် ရုပ်ရှင်ကို ရိုက်ကူးဖို့ ကျနော်တို့ရဲ့ ငယ်မွေးခြံပေါက် အရည်အချင်းရှိသူတွေနဲ့အတူ ပူးပေါင်းနေပါတယ်” လို့ ပြောဆိုထားပါတယ်။
“Thor: Ragnarok” ရုပ်ရှင်မှာ မြင့်မြတ်တဲ့ စွန့်လွှတ်မှုနဲ့ ပတ်သက်လို့ ပြဇာတ် ဖော်ပြရာမှာ Loki အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အက်စ်ဂါးဒီးယန်း မင်းသားတဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
မင်းသား Damon ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေကတော့ မင်းသားတို့ မိသားစုဟာ နေရာရွှေ့ပြောင်းပြီး Quarantine ကိုလည်း သီးသန့် စီစဉ်ထားတယ်လို့ ပြောကြားထားပါတယ်။ သူတို့ လာရောက်မှုကြောင့် အိမ်ပြန်ကြမယ့် ရပ်ဝေးက သြစတြေးလျ နိုင်ငံသားတွေအတွက် နေရာလွတ် လျော့ကျမှုနဲ့ ထိခိုက်မှု မရှိသလို သြစတြေးလျ အခွန်ထမ်းပြည်သူတွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်စေခြင်း မရှိကြောင်း ပြောဆိုထားပါတယ်။
ဒါရိုက်တာ Taika Waititi ရဲ့ “Thor: Love and Thunder” ရုပ်ရှင်မှာ မင်းသား Chris Hemsworth ၊ မင်းသမီး Natalie Portman၊ မင်းသား Christian Bale ၊ မင်းသား Chris Pratt ၊ မင်းသမီး Tessa Thompson နဲ့ မင်းသမီး Jaimie Alexander တို့ ပါဝင်ထားကြပါတယ်။
ဒါရိုက်တာ Waititi ကတော့ Korg ဇာတ်ကောင်နေရာကနေ အသံသရုပ်ဆောင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ကို ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
အမေရိကန်သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ လေဒီဂါဂါနဲ့ ဂျန်နီဖာလိုပက်ဇ် ဖျော်ဖြေမည်
အသက် ၁၅ နှစ်အရွယ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Zhang Ziyi ဝေဖန်ခံရ
ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့တွင် တင်ဆက်သူအဖြစ် Tom Hanks ဆောင်ရွက်မည်