ယခု တပတ်အတွက် JOOX Myanamr Top 100 Chart မှာ အဆိုတော် ကော်နီ သီဆိုထားတဲ့ ရေစက် သီချင်းဟာ နံပါတ် ၁ နေရာကို ရခဲ့ပါတယ်။
“မကော်၊ တီကော့်ကို ချစ်ခြင်းအားဖြင့် အားပေးဝန်းရံ ပေးခဲ့ကြလို့သာ ဒီလို အမှတ်တရ၊ မှတ်တိုင်လေး စိုက်ထူနိုင်ခွင့် ရခဲ့တာပါနော်။ ကျေးဇူးတင်တာထက် ပိုပါတယ်။ ချစ်ရသူတို့ရှင် ဘုရားက မကော်ကိုထပ်မံပေးတဲ့ အပိုဆုလေးကို တတ်စွမ်းနိုင်ချိန်ထိ တန်ဖိုးထားလို့ ကြိုးစားပါမယ်ရှင်” လို့ ကော်နီက ပြောပါတယ်။
ကော်နီဟာ နှစ်တိုင်းပရိသတ်တွေရဲ့ ရင်ဘတ်နဲ့ ထပ်တူကျစေမယ့် သီချင်းများကို တင်ဆက်ပေးနေပြီး အခုအချိန်ထိလည်း ပရိသတ်နဲ့ အဆက်အသွယ် မပြတ်ဘဲ အားပေး ချစ်ခင်မှုများ ရရှိလျက် ရှိပါတယ်။

အဆိုပါ “ရေစက်” သီချင်းရဲ့ Music Video ကိုလည်း အကယ်ဒမီ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က ကော်နီ့ကို မွေးနေ့လက်ဆောင်အနေနဲ့ ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း ကော်နီဟာ “ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” ဆိုတဲ့ သီချင်း ထွက်ခဲ့ပါသေးတယ်။ ဒီသီချင်းဟာလည်း ပရိသတ်ကြိုက်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

JOOX Myanamr Top 100 Chart ရဲ့ Top 10 သီချင်းတွေကတော့ ကော်နီရဲ့ “ရေစက်” ၊ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ “ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး” ၊ ထက်သီရိရဲ့ “အတိတ် “ ၊ X- Box ရဲ့ “အိပ်မက်” ၊ ရွှေထူးနဲ့ ကဲကဲရဲ့ “ဖြေ” ၊ ယွန်းမြတ်သူရဲ့ “နင်လမ်းတွေ့ခဲ့ရင် “ ၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ Part Bom ရဲ့ “Red Light” ၊ တင်ဇာမော်ရဲ့ “ဟိုးအဝေးကအိမ်” ၊ Wanted ရဲ့ “ဇာတ်လမ်းဟောင်း” ၊ ဂျီဖတ်ရဲ့ “အိပ်ရာဝင်ပုံပြင်” သီချင်းတို့ပဲ ဖြစ်ပါတယ်။
You may also like these stories:
“ရည်းစားထားဖို့ အချိန်မပေးနိုင်သေးဘူး”လို့ ပြောတဲ့ ဆောင်းအိန္ဒြေထွန်း
“အသည်းကွဲတဲ့ရောဂါ” သီချင်း သီဆိုသူ အဆိုတော် လာဇရု ကွယ်လွန်
“အနုပညာ ပြန်လုပ်ချင်ပေမယ့် ကမ်းလှမ်းမယ့်သူ မရှိသေးဘူး”