Entertainment

အေးမြဖြူရဲ့ အနုပညာ အရည်အချင်းကို ချီးကျူးလိုက်တဲ့ နေတိုး

Want create site? Find Free WordPress Themes and plugins.

အဆိုတော် အေးမြဖြူရဲ့ အသစ် ထွက်ရှိလာတဲ့ သီချင်းသစ် ၃ ပုဒ်မှာ ပါဝင်သရုပ်ဆောင် ဖြစ်ပုံနဲ့ ပတ်သက်ပြီး နေတိုးက အခုလိုပဲ ပြောပါတယ်။

“အေးမြဖြူ သီချင်းမှာ ကျနော်နဲ့ သီချင်းလေးတွေ ရိုက်ဖို့ ဆိုပြီး Media 7 က အကူအညီတောင်းတယ်။ Stories ပုံစံလေး ရိုက်ကူးချင်တယ်ဆိုလို့ ညီမလေး အေးမြဖြူအတွက်ရော၊ ဒီသီချင်းကို စောင့်ကြည့်ကြမယ့် ပရိသတ်တွေအတွက်ရော ရိုက်ကူးပေးထားပါတယ်”လို့ နေတိုးက ပြောပါတယ်။

လက်ရှိမှာ ကိုဗစ် ရောဂါတွေ ဖြစ်နေတဲ့အတွက် ပရိသတ်ဆီကို Stories ပုံစံ သီချင်းတွေ တင်ဆက်ရတာ အကောင်းဆုံးဖြစ်တယ် ထင်လို့ ရိုက်ကူးဖြစ်တာလို့ ဆိုပါတယ်။

အဆိုတော် အေးမြဖြူနဲ့ နေတိုး (ဓာတ်ပုံ – Nay Toe’s Facebook)

“အခုလို ရောဂါတွေ ဖြစ်နေတဲ့အတွက် ကျနော်တို့ ပရိသတ်ဆီကို Stories ပုံစံ သီချင်းလေးတွေ တင်ဆက်တာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ထင်လို့ ကြိုးစား ရိုက်ကူးဖြစ်တာပါ။ ကျနော် အဲ့ Stories ထဲမှာတော့ Music Producer တယောက်အနေနဲ့ မြင်တွေ့ရမှာပါ”လို့ နေတိုးက ပြောပါတယ်။

အေးမြဖြူရဲ့ အနုပညာ အရည်အချင်းတွေကိုလည်း နေတိုးက အခုလိုပဲ ဆိုပါတယ်။

“အေးမြဖြူကတော့ ကြိုးစားအားထုတ်မှု ရှိတယ်။ သူက ဝါသနာကို အခြေခံထားတဲ့အတွက် အားလုံးသိပြီးသားအတိုင်း ပြိုင်ပွဲကနေ လာတဲ့အတွက် သီချင်းမျိုးစုံကိုလည်း ဆိုနိုင်တဲ့ အားသာချက်ရှိတဲ့ အဆိုရှင်၊ သရုပ်ဆောင်တယောက်လို့ မြင်မိပါတယ်။ သူနဲ့လည်း ငယ်စဉ်တုန်းကလည်း ရိုက်ကူးဖူးတဲ့ ကလေးသရုပ်ဆောင်ဆိုတော့ သူ့သရုပ်ဆောင်မှုတွေကို အထွေအထူး ပြောစရာ မလိုတော့ပါဘူး”လို့ နေတိုးက ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်ဆီက အတွေ့အကြုံတွေ မျှဝေပေးသလို ကလေးတွေဆီကလည်း ပြန်သင်ယူရတဲ့ အပိုင်းတွေ ရှိတယ်လို့ နေတိုးက ဆိုပါတယ်။

“အလုပ်လုပ်တဲ့အချိန်မှာ မြင်တာလေးတွေ၊ ကိုယ်တိုင်ဖြစ်စေချင်တဲ့ ပုံစံလေးတွေကို ပြောပြဖြစ်ပါတယ်။ ကိုယ့် အမြင်လေးတွေကို ထောက်ပြပေးတာလောက်ပဲ ရှိပါတယ်။ ဒါရိုက်တာ အမြင်တွေလည်း ရှိတယ်။ ကိုယ်တိုင်လုပ်ချင်တဲ့ အမြင်တွေလည်း ရှိကြတော့ ညှိနှိုင်းပြီးတော့ သွားတာပေါ့။ တခါတလေ ကိုယ်လုပ်တာ ကိုယ်ပြောတာပဲ အမှန်လို့ တွက်လို့ မရဘူးပေါ့”

“ကျနော်တို့လည်း ကလေးတွေဆီက ပြန်သင်ယူရတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျနော်တို့ အနုပညာဆိုတာ အရမ်းလည်း လေးနက်မှု ရှိတယ်။ လေ့လာလို့ မကုန်ဘူး။ အမြဲ လေ့လာနေရတာပဲ။ အဲ့အတွက် ကလေးတွေဆီက သင်ယူရတာလည်း ရှိသလို ကိုယ့်ဆီက အတွေ့အကြုံတွေလည်း ပြန်ပြီး မျှဝေပေးရတာလည်း ရှိတယ်”လို့ နေတိုးက ပြောပါတယ်။

သရုပ်ဆောင် နေတိုးကတော့ အဆိုတော် အေးမြဖြူနဲ့အတူ အသစ်ထွက်ရှိထားတဲ့ “Brand New Love” ၊ “မိုးနဲ့အတူ” စတဲ့ သီချင်းတွေမှာ ပါဝင် သရုပ်ဆောင်ထားပြီး နောက်ထပ်လည်း သီချင်းသစ် တပုဒ် ထပ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

You may also like these stories:

“နေတိုးနဲ့ တွဲရိုက်ချင်တာ ငယ်စဉ်က အိပ်မက်ပါ”လို့ အေးမြဖြူ ပြော

အိမ်မှာနေရချိန်မှာ အနုပညာအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတဲ့ အေးမြဖြူ

Did you find apk for android? You can find new Free Android Games and apps.
Loading