• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die” ရုံတင်ရက်ကို ထပ်မံ ရွှေ့ဆိုင်း

by မစ်ကီ
22 January 2021
in Entertainment
A A
ဂျိမ်းစ်ဘွန်းရုပ်ရှင် "No Time To Die"

ဂျိမ်းစ်ဘွန်းရုပ်ရှင် "No Time To Die"

10.8k
VIEWS
Share on FacebookShare on Twitter

ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ထူထောင်နေချိန်မှာ ရုပ်ရှင်ရုံတွေအတွက် ဆုတ်ယုတ်မှု တခုအဖြစ် လာမယ့် ဧပြီလမှာ ပြသဖို့ စီစဉ်ထားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die” ရုံတင်ရက်ကို လာမယ့် အောက်တိုဘာလအထိ ရက်ရွှေ့ဆိုင်းပြီ ဖြစ်တဲ့အကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေက ဇန်နဝါရီလ ၂၁ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။

အဲ့ဒီ ရုပ်ရှင်ရဲ့ ရုံတင်မယ့်ရက် အသစ်ကတော့ အောက်တိုဘာလ ၈ ရက်ဖြစ်တယ်လို့ ဂျိမ်းစ်ဘွန်းရုပ်ရှင် ဝက်ဘ်ဆိုက်နဲ့ Twitter မှာ ဖော်ပြထားတဲ့ ကြေညာချက်ထဲမှာ တွေ့ရပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
767
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
520

MGM နဲ့ Universal Pictures တို့ရဲ့ “No Time To Die” ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှာ ရုံတင်ပြသဖို့ ကနဦး စီစဉ်ထားခဲ့ပေမယ့် အဲ့ဒီနှစ် နိုဝင်ဘာလအထိ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ ထပ်မံ ရက်ရွှေ့ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ မင်းသား Daniel Craig အတွက် ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်ရုံ ပိုင်ရှင်တွေကတော့ “No Time To Die” ရုပ်ရှင်ဟာ ရုပ်ရှင် လာရောက်ကြည့်သူတွေ ရုံထဲ ပြန်လာဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။

ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရုပ်ရှင်စီးပွားရေး လုပ်ငန်းတခုလုံး ထိခိုက်ခဲ့ရပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာရှိတဲ့ လက်မှတ်ရောင်းအားတွေဟာ ၈၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။ အဲ့ဒီလို ထိခိုက်ခဲ့ရတဲ့အထဲမှာ AMC Entertainment, Cineworld Plc နဲ့ Cinemark Holdings Inc တို့လို ရုပ်ရှင်လုပ်ငန်းစုတွေလည်း ပါဝင်နေပါတယ်။

အမေရိကန်နိုင်ငံမှာ အဓိကကျတဲ့ လော့စ်အင်ဂျလိစ် ဈေးကွက် အပါအဝင် နေရာတော်တော်များများ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ဆိုးရွားနေဆဲ ဖြစ်တာကြောင့် ဟောလိဝုဒ် စတူဒီယိုတွေအနေနဲ့ သူတို့ရဲ့ နာမည်ကျော် ရုပ်ရှင်တွေကို ရုံတင်ဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ တော်တော်များများကို ပိတ်ထားဆဲဖြစ်ပြီး ဖွင့်ထားတဲ့ ရုပ်ရှင်ရုံတွေမှာလည်း Social distancing စည်းမျဉ်း ကန့်သတ်မှုအပါအဝင် ပရိသတ် အရေအတွက် တင်းကျပ်မှုတွေကိုလည်း လုပ်ဆောင်ထားပါတယ်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကတော့ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး ရုပ်ရှင်အစုတွေထဲက တခုဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Spectre” ရုပ်ရှင်ဟာဆိုရင် ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ သန်း ၈၈၀ ကျော်ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Skyfall” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပါတယ်။

ပရိသတ်တွေအနေနဲ့ အနီးစပ်ဆုံးကြည့်ရမယ့် နာမည်ကျော် ရုပ်ရှင်ကတော့ လာမယ့် မေလ ၇ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ Marvel Studios ရဲ့ “Black Widow” ရုပ်ရှင် ဖြစ်ပါတယ်။

Ref: Reuters

You may also like these stories:

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ

အငြင်းပွားမှု ဖြစ်ခဲ့တဲ့ ကမ်မလာဟားရစ်ရဲ့ မျက်နှာဖုံးပုံကို Vogue ပြန်လည် ပြင်ဆင်

အမေရိကန် သရုပ်ဆောင်များသမဂ္ဂကနေ ထရမ့်ကို ထုတ်ပယ်ရန် သင့်၊ မသင့် ဆုံးဖြတ်မည်

Your Thoughts …
Tags: No Time To Dieဂျိန်းစ်ဘွန်းရုပ်ရှင်ရုံတင်ရက်ရွှေဆိုင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

by ဧရာဝတီ
15 June 2024
5k

သတ်မှတ်ဈေးဖြင့်သာ မဖြစ်မနေ ဖွင့်လှစ် ရောင်းချရမည်ဟု ထိန်းချုပ်လိုက်သည့်အတွက် ရန်ကုန်မြို့ ရွှေဆိုင်တချို့တွင် တန်းစီ ဝယ်ယူခြင်းထိ ဖြစ်သွားခဲ့သည်။

နာမည်ကြီး ရွှေဆိုင်တချို့ လုပ်ငန်း ယာယီ ရပ်နားခံရ

နာမည်ကြီး ရွှေဆိုင်တချို့ လုပ်ငန်း ယာယီ ရပ်နားခံရ

by ဧရာဝတီ
3 April 2024
2.4k

နာမည်ကြီးရွှေဆိုင်များဖြစ်သည့် မောင်ကိန်း၊ နယူးတိုင်စင်ရွှေဆိုင်တို့ အပါအဝင် ရန်ကုန်မြို့ရှိ ရွှေဆိုင် ၃ ဆိုင်နှင့် မန္တလေးမြို့မှ ရွှေလုပ်ငန်းလုပ်ကိုင်သည့် ရွှေဆိုင် ၇ ခုတို့ကို လုပ်ငန်းယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၂ ရက်စွဲဖြင့်...

ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ (ရုပ်/သံ)

ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ (ရုပ်/သံ)

by ဇော်မြတ်ခန့်
3 June 2024
465

ပြည်တွင်းရွှေစျေးနှုန်းကို လူမှုကွန်ရက်ကတဆင့် စျေးကစားပြီး စျေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်တယ်လို့ဆိုကာ နာမည်ကြီးရွှေဆိုင်တွေရဲ့ ပိုင်ရှင်တွေနဲ့ ရွှေကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဇွန်လ ၂ ရက်နေ့က ဖော်ပြလာတာတွေ့ရပါတယ်။

PTT ၏ အမှတ်တံဆိပ်

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

by ဧရာဝတီ
8 February 2023
2.7k

ထိုင်းအစိုးရပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP) က မြန်မာနိုင်ငံတွင် စီမံကိန်းသစ်တခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။

မန္တလေးမြို့ မျက်ပါးရပ်ရှိ ရွှေဆိုင်းလုပ်ငန်းခွင်တခု  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတိုင်းရှိ ပျောက်ကွယ်လုနီး ဒြပ်မဲ့ယဉ်ကျေးမှုများ ကာကွယ်ရန်ဆွေးနွေး

by မြတ်ပြည့်ဖြိုး
26 September 2018
7.3k

မန္တလေးတိုင်းဒေသကြီးရှိ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရွှေဆိုင်း၊ အိမ်တော် ရာထီး၊ သင်္ကန်းချုပ်လုပ်ငန်း တို့သည် ဈေးကွက်အရ၎င်း၊ လက်မှုအတတ်ပညာမှ စက်မှုနည်းပညာကို အစားထိုးလာ၍၎င်း တိမ်မြှပ်လာရာ အရေး တကြီး ထိန်းသိမ်း စောင့်ရှောက်ရန် ဥပဒေတရပ် မဖြစ်...

ဂျိန်းစ်ဘွန်း ရုပ်ရှင်အသစ် "No Time To Die"

ဂျိန်းစ်ဘွန်း ရုပ်ရှင်အသစ်ဖြစ်တဲ့ “No Time To Die” ပထမဆုံး Trailer ထွက်ရှိ

by ဟယ်လ်သင်
3 December 2019
5.7k

ရုံတင်ရက်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတချို့ ရှိခဲ့ပေမယ့် အကောင်းမွန်ဆုံး နောက်ဆက်တွဲ ရုပ်ရှင်အဖြစ် အားပေးမှုတွေရရှိဖို့ ရည်ရွည်မျှော်လင့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Next Post
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးထုတ် စက်ရုံ

အိန္ဒိယ ကိုဗစ် ကာကွယ်ဆေးထုတ် စက်ရုံဝန်းအတွင်း မီးလောင်မှု ဖြစ်ပွား

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အတူတွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေး အထိုးခံမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate