Entertainment

အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်မယ့် ပစ္စည်းက ဘာဖြစ်မလဲ

Want create site? Find Free WordPress Themes and plugins.

“Eaindra Kyaw Zin” ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ပစ္စည်းတခုကို မကြာခင် ထုတ်လုပ်တော့မယ့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ သူထုတ်လုပ်မယ့် ပစ္စည်းအကြောင်း ပရိသတ်တွေကို ခန့်မှန်းစေခဲ့ပါတယ်။

“အူဝဲရဲ့ Eaindra Kyaw Zin ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်မယ့် Product လေးက ဘာဖြစ်မလဲ ဆိုတာ သိချင်နေကြပြီ ဟုတ်။ အဲဒါဆို ဒီ ဗီဒီယိုလေးမှာ ဝိုင်းပြီး အဖြေရှာပေးကြနော်။ ပြီးရင် ဘာဖြစ်မလဲဆိုတာ ပြောကြည့်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အဆိုပါ နမူနာ ဗီဒီယိုဖိုင်ကိုတော့ လွန်ခဲ့တဲ့ ၂ ရက်ခန့်က တင်ထားတာဖြစ်ပြီး ပရိသတ်များကတော့ ရေမွှေး ၊ Lotion အစရှိတဲ့ ခန့်မှန်းအဖြေများကို ပြောထားပါတယ်။

အကယ်ဒမီ အိန္ဒြာကျော်ဇင် (ဓာတ်ပုံ – Eaindra Kyaw Zin’s Facebook)

သူ့ရဲ့ ကုန်ပစ္စည်းအတွက် “Eaindra Kyaw Zin Merchandise” ဆိုတဲ့ Page ကို ဖွင့်လှစ်လိုက်ပြီး Page ကနေ အချက်အလက်များကို မျှဝေပေးသွားမယ်လို့ သိရပါတယ်။

“အူဝဲ ရဲ့ Eaindra Kyaw Zin Merchandise ဆိုတဲ့ Page လေးက ကြိုဆိုပါတယ်။ ဒီ Page လေး ဖွင့်ပေးရတဲ့ ရည်ရွယ်ချက်က အူဝဲရဲ့ Eaindra Kyaw Zin ဆိုတဲ့ ကိုယ်ပိုင် Brand နဲ့ Product တခုကို မကြာခင်မှာ စတင်ထုတ်ပေးတော့မှာ ဖြစ်လို့ပါ။ ဝယ်ယူအားပေးချင်တဲ့ ပရိသတ်တွေ အတွက်လည်းလွယ်ကူသွားတာပေါ့နော်။ ဒီ Page လေးကို Like & Follow လုပ်ထားပြီးတော့ ရင်ခုန်စွာ စောင့်မျှော်ပေးကြပါဦး” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဟာလည်း သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ ၁၀ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် ဖြစ်တာကြောင့် အထိမ်းအမှတ်အနေနဲ့ ထုတ်ဖြစ်တာလို့ ဆိုပါတယ်။

အကယ်ဒမီ အိန္ဒြာကျော်ဇင် (ဓာတ်ပုံ – Eaindra Kyaw Zin’s Facebook)

“ဒီလလေးက လေဒီအုအတွက် အမှတ်တရတွေ အများကြီးနဲ့ဆိုတော့ အဲ့ဒီ အထိမ်းအမှတ်အနေနဲ့ ဒီ Product လေးကို ထုတ်ဖြစ်တာပါ။ ဘာအမှတ်တရလဲ ဆိုတာတော့ သိကြတယ်ဟုတ်” လို့ အိန္ဒြာကျော်ဇင်က ပြောထားပါတယ်။

အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အီတလီနိုင်ငံထုတ် လက်ကိုင်အိတ်များကိုလည်း “The Bridge Myanmar” အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တင်သွင်းလျက် ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading