Entertainment

ဟယ်ရီပေါ်တာ ရုပ်ရှင်ကို ရုပ်သံစီးရီးအဖြစ် ပြသဖို့ စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားတွဲဖြစ်တဲ့ ဟယ်ရီပေါ်တာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ Live-action ဟယ်ရီပေါ်တာ ရုပ်သံစီးရီးကို HBO Max ကနေ ပြသဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

Streaming ဝန်ဆောင်မှု နောက်ကွယ်က WarnerMedia ရဲ့ အမှုဆောင်အရာရှိတွေဟာ ကမ္ဘာတဝန်းက ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ အဲ့ဒီရုပ်ရှင်အတွဲကို ရုပ်သံစီးရီးအဖြစ် ပုံဖော်ဖို့ ဆွေးနွေးနေတယ်လို့ အဆိုပါ ထုတ်လုပ်ရေး အစီအစဉ်တွေကို သိရှိထားတဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး The Hollywood Reporter မီဒီယာက ဖော်ပြပါတယ်။

Warner Bros. နဲ့ HBO Max မှ ကိုယ်စားလှယ်တွေက ဟယ်ရီပေါ်တာ ရုပ်သံစီးရီးအဖြစ် ဖန်တီးဖို့ စာရေးဆရာ ရှာဖွေရေး အစည်းအဝေးကို လုပ်ဆောင်နေပေမယ့် ဆွေးနွေးမှုတွေဟာ ကနဦးအဆင့်မှာပဲရှိနေပြီး သဘောတူညီချက် တစုံတရာ မရသေးဘူးလို့လည်း သိရပါတယ်။ ကိုယ်စားလှယ်တွေက “စတူဒီယိုနဲ့ Streaming ပလက်ဖောင်းအတွက် ဟယ်ရီပေါ်တာ ရုပ်သံစီးရီးကို ဖန်တီးနေတာမျိုး မရှိပါဘူး” လို့ ပြောဆိုထားပါတယ်။

စာရေးဆရာမ J.K. Rowling ရဲ့ ဟယ်ရီပေါ်တာ စီးရီးတွေဟာ စာအုပ်တွေ၊ ဝင်ငွေကောင်းတဲ့ ရုပ်ရှင် ၁၀ ကား၊ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့မှာရှိတဲ့ Universal Studios တွေမှာ Theme Park အဖြစ် ဖော်ပြခံရတဲ့အထိ အောင်မြင်ထားပါတယ်။ ဒါ့အပြင် Warner Bros. က ပိုင်ဆိုင်တဲ့ပစ္စည်းတွေမှာ ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးဟာ တန်ဖိုးအကြီးမားဆုံး ပစ္စည်းလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ရှုပ်ထွေးမှု တချို့တော့ ရှိနေပါသေးတယ်။ စာရေးဆရာမ Rowling ဟာ အဲ့ဒီရုပ်ရှင်စီးရီးကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ပိုင်ဆိုင်မှု အပါအဝင် အရာခပ်သိမ်းကို ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမဟာ လိင်ပြောင်းထားသူတွေအကြောင်း ပြောဆိုထားတဲ့ မှတ်ချက်တွေကို စိစစ်ခဲ့တာကြောင့် ဟယ်ရီပေါ်တာ ပရိသတ်တွေကတောင် ဝေဖန်ခဲ့ကြပါတယ်။

Warner Bros. ထုတ်လုပ်ရေးဟာ ၂၀၁၆ ခုနှစ်မှာ NBCUniversal နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး နာမည်ကျော် မှော်ကမ္ဘာစီးရီး တခုလုံးကို ထုတ်လွှင့်ပြသခွင့် ပေးအပ်ထားပါတယ်။ အဲ့ဒီသဘောတူညီချက်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေဦးမှာ ဖြစ်ပါတယ်။

စာရေးဆရာမ Rowling ရဲ့ ဟယ်ရီပေါ်တာ စာအုပ် ၇ အုပ်အတွဲကို ရုပ်ရှင် ၈ ကားတွဲအဖြစ် ဖန်တီးခဲ့ပြီး ကမ္ဘာတဝန်းကနေ ဝင်ငွေဒေါ်လာ ၇ ဘီလီယံ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် “Fantastic Beasts” ဆိုတဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းအကြို ရုပ်ရှင်စီးရီးတွေကို ဖြန့်ချိလာပါတယ်။ တတိယမြောက် “Fantastic Beasts” ရုပ်ရှင်ကို လာမယ့်နှစ်မှာ ပြသဖို့ရှိနေပြီး နောက်ထပ် ဇာတ်လမ်း နှစ်ခုလည်း ထပ်ထွက်လာဖို့ ရှိနေပါတယ်။

Ref: cnbc

You may also like these stories:

ဂျပန် ကာတွန်းရုပ်ရှင် “Demon Slayer” ကို အော်စကာဆု ရွေးချယ်ရေးအတွက် တင်သွင်း

ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ လက်မှတ် ထိုးလိုက်တဲ့ Deepika Padukone

ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die” ရုံတင်ရက်ကို ထပ်မံ ရွှေ့ဆိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading