ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ပြည့်တန်ဆာခေါင်း ကာရိုက်တာကို ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
“ဇာတ်လမ်းတွဲ ဘားအံမှာ သွားရိုက်တာ။ ကားနာမည်က “အဆင်သင့် အနမ်း” ပါ။ မဟာ Application အတွက်ပါ။ အဲ့ကားထဲက ကာရိုက်တာက ပြည့်တန်ဆာခေါင်းပါ။ ကောင်မလေးတွေကို ခိုင်းစားတဲ့ ပွဲစား ကာရိုက်တာပါ။ အဲ့ကာရိုက်တာအတွက် အများကြီး ပြင်ဆင်ရပါတယ်။ ကျနော် မသွားခင် တညမှာ သူငယ်ချင်းတွေနဲ့ အတူတူ Live ဈေးရောင်းနေတုန်း ပရိသတ်က ဆံပင်ကေက ပြည့်တန်ဆာခေါင်းကေနဲ့ တူတယ်လို့ ပြောတယ်။ ကာရိုက်တာ ပီပြင်နေတာပေါ့ဗျာ”လို့ ညီထွဋ်ခေါင်က ပြောပါတယ်။
အဆိုပါ ကာရိုက်တာမျိုးကိုတော့ တခါမှ မရိုက်ဖူးဘဲ ကာရိုက်တာအတွက် ပြင်ဆင်ရတဲ့ အပိုင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“အဲ့လို ကာရိုက်တာမျိုးလည်း အရှေ့မှာ မရိုက်ဖူးဘူး။ တခါမှ မလုပ်ဖူးတော့ ပြင်ဆင်ရတာ နည်းနည်းလေး ပြင်ဆင်ရတာ များတာပေါ့။ ခေတ်ကလည်း ၂၀၀၄ လောက်ကဆိုတော့ အဲ့ခေတ်ကို ပြင်ဆင်ရတာပေါ့။ အရင်တုန်းက မြင်ရတဲ့ ဇာတ်ရုပ်က တမျိုး၊ အခုမြင်ရတဲ့ ဇာတ်ရုပ်က ပရိသတ် မမြင်ဖူးတဲ့ ဇာတ်ရုပ်ပေါ့”လို့ ညီထွဋ်ခေါင်က ပြောပါတယ်။
COVID-19 ရောဂါက ဘယ်တော့ပြီးမယ်မှန်း မသိတာကြောင့် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိလေးနဲ့ နေထိုင်သွားလာကြပါလို့ ညီထွဋ်ခေါင်က ဆိုပါတယ်။

“ကိုဗစ်ရောဂါကြီး ဘယ်တော့ပြီးမယ်မှန်း မသိတော့ ကိုဗစ်နဲ့အတူ ယှဉ်တွဲ နေထိုင်ပြီးတော့ ကျန်းမာရေး၊ စီးပွားရေး၊ လှုမှုရေးတွေကို ဖြတ်သန်းနေရတာ ဖြစ်တဲ့အတွက် အကုန်လုံးလည်း အနေအထိုင် အစားအသောက်လည်း ကျန်းမာရေးအသိ ကျန်းမာရေးသတိလေးနဲ့ နေထိုင် သွားလာကြပါ”လို့ ညီထွဋ်ခေါင်က ပြောပါတယ်။
သရုပ်ဆောင် ညီထွဋ်ခေါင်ကိုတော့ မြန်မာ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အခုဆိုရင် ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ ညီထွဋ်ခေါင်က ရုပ်ရှင်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင် နေပါတယ်။
ညီထွဋ်ခေါင်က သရုပ်ဆောင် ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့နဲ့အတူ ပူးပေါင်းပြီးလည်း “N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ” Facebook Page မှာလည်း ဟာသ ဗီဒီယိုများ တင်ဆက်ပေးနေပါတယ်။
You may also like these stories: