မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ကိုဗစ် ကာကွယ်ဆေးများ ရောက်ရှိလာတာကြောင့် ကာကွယ်ဆေး ထိုးခွင့်ရတဲ့အတွက် ကျေးဇူးတင်စရာ ကောင်းတယ်လို့ သရုပ်ဆောင် နေထက်လင်းက ပြောပါတယ်။
“ဝမ်းသာစရာပါ။ အားလုံး မျှော်လင့်နေကြတာ ဒါပါပဲ။ အလုပ်တွေ ပြန်လုပ်ရမယ်။ လူတွေ အကုန်လုံးက အားလျော့နေကြတယ်။ စီးပွားရေးတွေကလည်း မပြေလည်၊ အပြင်လည်း သွားလို့မရ၊ မရှိတဲ့သူတွေက ပိုပြီးတော့ ထမင်းငတ်၊ မျိုးစုံတွေ ဖြစ်နေတဲ့အချိန်မှာ ကာကွယ်ဆေး ပေါ်လာတော့ ကျနော်တို့တွေ အပြင်ထွက်လို့လည်း ရပြီ။ သိပ်ပြီးလည်း ကြောက်စရာ မလိုတော့ဘူး”
“အရင်ကဆို ၁၀၀ ရာခိုင်နှုန်းလောက် စိုးရိမ်သောက ဖြစ်နေရတာ။ Mask တွေ အုပ်နေရတာ။ နောက်ပိုင်းကျတော့ လူလူချင်း အလုပ်လုပ်လို့ရတဲ့ အဆင့်ထိ တိုးတက်လာပြီ။ ၈၀ ရာခိုင်နှုန်းလောက်တော့ Safe ဖြစ်မယ့် သဘော ရှိပါတယ်”လို့ သရုပ်ဆောင် နေထက်လင်းက ပြောပါတယ်။
အားသွန်ခွန်စိုက် အလုပ်လုပ်ပေးတဲ့ နိုင်ငံတော်အစိုးရကြောင့် ရရှိခဲ့တာဖြစ်လို့ ဝမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။
“ကျေးဇူးတင်စရာပါ။ အလုပ်လုပ်ပေးတဲ့ နိုင်ငံတော်အစိုးရတွေက အားသွန်ခွန်စိုက် လုပ်ပေးတဲ့အတွက် ကျနော်တို့က ဘယ်နိုင်ငံကပဲရရ တချို့နိုင်ငံတွေဆို တန်းစီရတယ်။ ကျနော်တို့နိုင်ငံဆို တလလောက်ပဲ နောက်ကျတယ်။ တကယ် ဝမ်းသာစရာ ကောင်းပါတယ်။ ကျေးဇူးတင်စရာ ကောင်းပါတယ်” လို့ နေထက်လင်းက ပြောပါတယ်။
COVID-19 ရောဂါဟာ တုပ်ကွေးလို သဘောမျိုးပဲ ဖြစ်ကျန်ခဲ့လိမ့်မယ်ဆိုတဲ့ စကားများလည်း ကြားထားတယ်လို့ ဆိုပါတယ်။
“ကာကွယ်ဆေးကတော့ ၂ လုံး ထိုးရမယ် ကြားတယ်။ ဒီရောဂါက မကြာခင် သက်သာသွားမှာပါ။ လုံးဝတော့ မပျောက်သွားဘူး။ တုပ်ကွေးလို သဘောမျိုးပဲ ကျန်ခဲ့မယ်လို့ ဘုန်းဘုန်းတပါးက ပြောတယ်။ ပြန်ဖြစ်လိုက်၊ ဆေးထိုးလိုက် ပျောက်လိုက်၊ အဲ့လိုပဲ တဖြည်းဖြည်းနဲ့တော့ လျော့သွားမှာပါလို့ ဘုန်းဘုန်းတပါးကတော့ အဲ့လို မိန့်တယ်”လို့ နေထက်လင်းက ပြောပါတယ်။
ဆက်လက်ပြီး “လူကြီးတွေက ပိုပြီးတော့ ထိုးသင့်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ၇၀ ၊ ၈၀ လူကြီးတွေအတွက် အန္တရာယ်ပိုရှိတော့ လူကြီးတွေလည်း ထိုးသင့်တယ်။ ကိုယ်ခံအားကောင်းတာ ၄၀ ၊ ၄၅ လောက်ထိပဲ ကောင်းကြတာဆိုတော့ ထိုးသင့်တယ်။ ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေလည်း ထိုးသင့်တယ်” လို့ ပြောပါတယ်။
သရုပ်ဆောင် နေထက်လင်းကတော့ လက်ရှိမှာ မိသားစုနဲ့အတူ ရခိုင်ရိုးရာ အဝတ်အစားများကို အွန်လိုင်းကနေ Live Sale များ ရောင်းချလျက် ရှိပါတယ်။
You may also like these stories:
ACID အဖွဲ့ရဲ့ “Beyond Y2K” ဖျော်ဖြေပွဲ မကြာခင် ပြုလုပ်မည်
လက်ဝှေ့ပွဲမှာ မပါဝင်ဖြစ်တော့တဲ့ မိုးအောင်ရင်
ပြည့်တန်ဆာခေါင်း ကာရိုက်တာ သရုပ်ဆောင်ထားတဲ့ ညီထွဋ်ခေါင်